3,112,670 views • 17:52

[ပုပ်ရဟန်းမင်း Francis) (Vatican City တွင် ရိုက်ကူး TED2017 တွင် ပထမဆုံးပြသည်]

မင်္ဂလာ ညနေခင်းပါ၊ (သို့) မနက်ခင်းပါ။ ခင်ဗျားတို့ရဲ့ အချိန်ကို မသိနိုင်ဘူးလေ။ နာရီကို ပဓာနမထားပဲ သင်တို့ရဲ့ အစည်းဝေးကြီးမှာ ပါဝင်ဖို့ ကြည်နူးမိပါတယ်။ "အနာဂတ် သင်"ဆိုတဲ့ ခေါင်းစဉ်ကို အင်မတန် နှစ်ခြိုက်မိပါတယ်။ အကြောင်းက မနက်ဖြန်ကို ကြည့်ရင်း ဒီနေ့ ဆွေးနွေးချက်တစ်ခု ဖွင့်ဖို့၊ သင်တို့ကနေ အနာဂတ်ကို ကြည့်ဖို့ သင်တို့ကို ဖိတ်ခေါ်နေလို့ပါ။ "အနာဂတ် သင်" အနာဂတ်ဟာ သင်တို့နဲ့ ဖန်တီးတာပါ၊ ဆုံဆည်းခြင်းတွေနဲ့ ဖန်တီးတာပါ။ ဘဝဟာ သူများနဲ့ ကျွန်ုပ်တို့ ဆက်ဆံရေးတွေကနေ စီးဆင်းနေလို့ပါ။ ဘဝရဲ့ နှစ်အနည်းငယ်က တစ်ဦးချင်း၊စီရဲ့ တည်ရှိမှုဟာ အခြားသူရဲ့ တည်ရှိမှုကို နက်ရှိုင်းစွာ ချည်နှောင်တယ်လို့ ကျွန်ုပ်ရဲ့ ယုံကြည်ချက်ကို အားဖြည့်တယ်။ ဘဝဆိုတာဟာ ဖြတ်သန်းနေတဲ့ အချိန်သက်သက် မဟုတ်၊ ဘဝဆိုတာက တုံ့ပြန်ဆက်သွယ်မှုတွေပါ။

မမာမကျန်းဖြစ်နေသူတွေ၊ ပိုတောက်ပတဲ့ အနာဂတ်ကိုရှာရင်း ဆိုးဝါးတဲ့ အခက်အခဲတွေ ရင်ဆိုင်ရတဲ့ ပြောင်းရွေ့နေထိုင်သူတွေ၊ သူတို့ နှလုံးသားတွေရဲ့ အတွင်းမှာ နာကျင်မှု ငရဲကို သယ်ထားရတဲ့ ထောင်အကျဉ်းသားတွေနဲ့ အလုပ်ရှာမတွေ့နိုင်တဲ့ လူငယ်များစွာကို တွေ့ဆုံတာ (သို့) နားထောင်ခိုက်မှာ မိမိဘာသာ မကြာခဏ တွေးဖြစ်သွာတာက ဘာလို့ ငါမဖြစ်ပဲ သူတို့ဖြစ်ရတာလဲ။" ကျွန်တော်ကိုယ်တိုင် ရွှေ့ပြောင်း မိသားစုတစ်ခုမှာ မွေးဖွားခဲ့တာပါ။ ကျွန်တော့အဖေ၊ ကျွန်တော့အဖိုးအဖွားတွေဟာ အခြားမိသားစုတွေလိုပဲ အာဂျင်တီးနားကို ထွက်ခဲ့ပြီး ဘာမှ မကျန်တော့တဲ့ သူတွေရဲ့ ကံကြမ္မာနဲ့ ဆုံခဲ့တာပါ။ ကျွန်တော် ယနေ့ခေတ်ရဲ့ အစွန့်ပစ်ခံ လူတွေ ကြားမှာ အဆုံးသတ်သွားနိုင်ခ့ဲလောက်ပါတယ်။ ဒါကြောင့် နက်ရှိုင်းတဲ့ နှလုံးသားထဲက ကိုယ့်ဘာသာ အမြဲမေးတယ်၊ "ဘာလို့ ငါမဖြစ်ပဲ သူတို့ဖြစ်ရတာလဲ"

ဦးဆုံးအနေနဲ့ ဒီအစည်းအဝေးက အားလုံးဟာ တစ်ဦးကိုကိုတစ်ဦးလိုအပ်ပြီး ဘယ်သူမှ ကိုယ်ပိုင်၊ လွပ်လပ်တဲ့ အခြားသူတွေကနေ ကင်းကွာတဲ့ သီးခြား "ငါ"ဆိုတဲ့ ကျွန်းတစ်ကျွန်းမဟုတ်တာ၊ လူတိုင်းပါဝင်ကာ အတူတူ ရပ်တည်ရင်းကပဲ အနာဂတ်ကို တည်ဆောက်နိုင်တာ ကျွန်တော်တို့ကို သတိရဖို့ ထောက်ကူရင် နှစ်သက်မိမှာပါ။ ဒါကို ကျွန်တော်တို့ မကြာခဏ မတွေးကြပေမဲ့ လူတိုင်းဟာ ဆက်နွယ်နေပြီး ကျွန်တော်တို့ ဆက်နွယ်မှုကို ကောင်းမွန်တဲ့ အခြေအနေသို့ ပြန်ဖေါ်ထုတ်ဖို့လိုတယ် နှလုံးသားမှာ ကျွန်တော့ အကို၊ အမတွေကို ပြင်းထန်တဲ့ စီရင်ချက် သိုထားတာတောင် ဘယ်တော့မှ မပျောက်ဘဲ့ဒဏ်ရာပေါက်၊ ဘယ်တော့မှ ခွင့်မလွှတ်တဲ့ ကျူးလွန်မှု၊ ကိုယ့်ကိုပဲ နာကျင်စေမယ့် အမျက်သိုခြင်းတွေဟာ ကျွန်တော် လွယ်ထားတဲ့ တိုက်ခိုက်မှုတစ်ခုရဲ့ သာဓကတွေ အားလုံးဖြစ်ကာ ပြာပဲကျန်ရစ်မယ့် မီးလျှံတွေအဖြစ် တက်မသွားခင် ငြိမ်းသတ်ဖို့လိုတဲ့ နှလုံးသားထဲက မီးစပါ။

ဒီခေတ်မှာ ကျွန်တော်တို့ အတော်များများဟာ ပျော်ရွှင်တဲ့ အနာဂတ်ဆိုတာ ရယူဖို့ မဖြစ်နိုင်ဘူးလို့ ယုံကြည်နေပုံရတယ်။ ဒီလိုပူပန်မှုတွေကို အလေးအနက် မှတ်ယူကြမှာဖြစ်ပေမဲ့ မကျော်လွန်နိုင်တာတော့ မဟုတ်ပါဘူး။ ကျွန်တော်တို့ ပြင်ပကမ္ဘာ တံခါးကို သော့ မခတ်တဲ့အခါ ဒါတွေကို ကျော်လွှားနိုင်တယ်။ တစ်ခုလုံးနဲ့ တစ်ခုချင်း အစိတ်အပိုင်းကြားက သဟဇာတရဲ့ လက်ဆောင်အဖြစ် ပျော်ရွှင်မှုကို ရှာဖွေနိုင်တာပါပဲ။ သိပ္ပံပညာကတောင်၊ ခင်ဗျားတို့က ကျွန်တော့ထက်ပိုသိပါတယ်၊ ဒြပ်စင်တိုင်း ဆက်သွယ်ပြီး ဒိပြင်အရာတိုင်းနဲ့ တုံ့ပြန်ဆက်သွယ်တဲ့ နေရာတစ်ခုအဖြစ်နဲ့ အရှိတရားရဲ့ နားလည်မှုတစ်ခုကို ထောက်ပြပါတယ်။

ဒါက ကျွန်တော့ရဲ့ ဒုတိယ သတင်းစကားဆီ ကျွန်တော့ကို ဆောင်ကြဉ်းပေးတယ်။ သိပ္ပံနဲ့ နည်းပညာပိုင်း ဆန်းသစ်မှုရဲ့ တိုးတက်မှုဟာ ပိုညီမျှမှုနဲ့ လူမှုရေးပါဝင်မှုတွေနဲ့ ရောက်လာမယ်ဆိုရင် ဘယ်လောက်များ အံ့ဩစရာဖြစ်လိမ့်မလဲ။ အဝေးက ဂြိုဟ်တွေကိုရှာတွေ့စဉ် ကျွန်တော်တို့ကို လှည့်ပတ်နေတဲ့ အကိုတွေ၊ အမတွေရဲ့ လိုအပ်ချက်တွေကိုများ ပြန်ရှာတွေ့ ဖို့ဆို ဘယ်လောက်များ အံ့ဩစရာဖြစ်လိမ့်မလဲ။ ဒါက လှပေမဲ့ တစ်ခါတစ်လေတော့ အဆင်မပြေတဲ့စကားလုံး ညီညွတ်မှုဆိုတာဟာ လူမှုရေးလုပ်ငန်းသက်သက်ပဲ သတ္ထုချတာမဟုတ်ပဲ ဒီအစား နိုင်ငံရေး၊ စီးပွားရေးနဲ့ သိပ္ပံရေးရာ ရွေးချယ်မှုတွေမှာလို တစ်ဦးချင်းတွေ၊ လူမျိုးတွေ၊ နိုင်ငံတွေအကြားက ဆက်ဆံရေးတွေမှာရော မူလ သဘောထားဖြစ်လာခဲ့ရင် ဘယ်လောက်များ အံ့ဩစရာဖြစ်လိမ့်မလဲ။ စစ်မှန်တဲ့ ညီညွတ်မှုဆီ လူတွေကို ပညာပေးခြင်းကသာ "ဖြန်းတီးရေး ယဉ်ကျေးမှုကို ကျော်လွှားနိုင်ပါလိမ့်မယ်။ အစားအသောက်နဲ့ ကုန်ပစ္စည်းတွေသာ ဆိုင်တာမဟုတ်ပဲ ပထမဦးဆုံး ကျွန်ုပ်တို့ရဲ့ နည်းပညာ စီးပွားရေးရဲ့ အဖယ်ခံရတာကို သိတောင် မသိကြတဲ့လူတွေဟာ အခုဆို လူတွေအစား သူတို့ရဲ့ အချက်အချာမှာ ထုတ်ကုန်တွေ ထားနေတာပါ။

ညီညွတ်မှုဆိုတာဟာ အများက အဘိဓာန်ကနေ ဖျက်ပစ်ချင်တဲ့ ဝေါဟာရပါ။ ဒါပေမဲ့ ညီညွတ်မှုဟာ အလိုလျောက် စက်ယန္တရား မဟုတ်ဘူး။ ဒါကအစီအစဉ်ချလို့၊ ထိန်းချုပ်လို့ မရနိုင်ဘူး။ ဒါက လူတစ်ဦးချင်းရဲ့ နှလုံးသားက ပေါက်ဖွားတဲ့ လွတ်လပ်တဲ့ တုံ့ပြန်မှုပါ။ ဟုတ်တယ်၊ လွတ်လပ်တဲ့ တုံ့ပြန်မှုပါ။ သိပ်ကို များပြားလှတဲ့ ဝိရောဓိတွေရဲ့ အလယ်မှာတောင်မှ ဘဝဆိုတာ လက်ဆောင်တစ်ခု၊ မေတ္တာဟာ အရင်းအမြစ်ဖြစ်ပြီး ဘဝရဲ့ အဓိပ္ပါယ်လို့ သဘောပေါက်တဲ့အခါ နောက်တစ်ဦးကို ကောင်းမွန်စေဖို့ သူတို့ရဲ့ ပြင်းပြတဲ့ဆန္ဒကို ဘယ်လိုထိန်းထားနိုင်လဲ။

ကောင်းမှုလုပ်ဖို့ ကျွန်တော်တို့ဟာ မှတ်မိဖို့လိုတယ်၊ သတ္တိလိုတယ်၊ ဆန်းသစ် တီထွင်မှုလိုပါတယ်။ TED ဟာ များစွာသော ထွင်ဉာဏ်ရှိတဲ့ ပညာရှင်တွေ စုစည်းထာတာ သိပါတယ်။ ဟုတ်ကဲ့၊ မေတ္တာဟာ ဆန်းသစ်တဲ့၊ အထည်ဒြပ်ရှိတဲ့၊ ထွင်တတ်တဲ့ သဘောထားပါ။ ကောင်းမွန်တဲ့ စေတနာနဲ့ သမားရိုးကျ ပုံသေနည်းတွေဟာ ကျွန်တော်တို့ရဲ့ အသိစိတ်ကို မကြာခဏ ချွေးသိပ်လွန်းတော့ မလုံလောက်တော့ဘူးလေ။ အချင်းချင်း ကူညီကြပါစို့၊ အားလုံး အတူစုပြီး အခြား'ဆိုတာဟာ စာရင်း(သို့) ကိန်းတစ်ခု မဟုတ်တာ အမှတ်ရဖို့ပါ။ အခြားသူမှာ မျက်နှာတစ်ခု ရှိတယ်။ "သင်"ဆိုတာက အမြဲတမ်း တကယ့် တည်ရှိမှု၊ ဂရုစိုက်ရမယ့် လူတစ်ဦးပါ။

ဂရုမစိုက်သူတွေနဲ့ သူတစ်ပါးကို ဂရူစိုက်သူတွေကြားက ခြားနားချက်ကို ကျွန်တော်တို့ နားလည်အောင် ကူပေးတဲ့ ယေရှုရဲ့ ပုံဆောင်ဝတ္ထု တစ်ခုရှိတယ်။ သင်တို့ အရင်က ကြားဖူးပြီးသားဆိုတာ သေချာပါတယ်။ Good Samaritan ရဲ့ ပုံဝတ္ထုပါ။ "ကျွန်ုပ်ရဲ့ အိမ်နီးနားချင်းက ဘယ်သူလဲ"လို့ ယေရှုကိုမေးတော့ အတိအကျဆိုရင် "ကျွန်ုပ်ဘယ်သူ့ကို စောင့်ရှောက်သင့်လဲ" ပေါ့၊ သူက ဒီဇာတ်လမ်းကို ပြောပြတယ်။ စော်ကားခံ၊ လုယက်ခံ၊ အရိုက်ခံကာ ညစ်ပတ်တဲ့ လမ်းဘေးမှာ ပစ်ခံရတဲ့ လူရဲ့ ဇာတ်လမ်းပါ။ သူ့ကိုမြင်တော့ အဲဒီအချိန်က အရမ်း သြဇာရှိ သူနှစ်ဦး ဘုန်းကြီးနဲ့ တပည့်ဘုန်းကြီးဟာ၊ ကူညီဖို့ မရပ်ပဲ သူ့ကိုကျော်သွားကြတယ်။ ခဏကြာတော့ အဲဒီအချိန်က စက်ဆုပ်ခံရတဲ့ လူမျိုး Samaritan တစ်ယောက် လျှောက်လာတယ်။ ဒဏ်ရာရနေသူကို မြင်တော့ မြေပြင်ပေါ်လှဲလိုက်ပြီး သူအဲဒီမှာ မရှိတဲ့ဟန်နဲ့ သူ့ကို လျစ်လျှူမရှုခဲ့ဘူး။ ဒီအစား ဒီလူအတွက် ကရုဏာစိတ်က အရမ်း ခိုင်လုံတဲ့ အမူအကျင့်တစ်ခုမှာ လုပ်ဆောင်ဖို့ သူကို လှုံဆော်ခဲ့တယ်။ သူက ဆီနဲ့ ဝိုင်ကို အကူမဲ့နေတဲ့လူရဲ့ ဒဏ်ရာတွေပေါ် လောင်းချပေးတယ်၊ သူ့ကို တည်းခိုဆောင်တစ်ခုကို ခေါ်သွားပြီး သူ့ကို ကူညီဖို့ အိပ်ကပ်ထဲက ထုတ်ရှင်းတယ်။

Good Samaritan ပုံပြင်ဟာ ယနေ့ခေတ်ရဲ့ ပုံပြင် လူသားဆန်မှုပါ။ လူတွေရဲ့ လမ်းကြောင်းတွေဟာ လူတွေအစား အရာတိုင်းကို ငွေနဲ့ ပစ္စည်းတွေကို ဗဟိုပြုထားတာကြောင့် ဆင်းရဲခြင်းနဲ့ ပွထနေပါတယ်။ မကြာခဏပဲ သူတို့ကိုယ်သူတို့ "ဂုဏ်သရေရှိသူ တွေ"လို့ သမုတ်ကြတဲ့ သူတွေကြောင့် အခြားသူတွေကို မစောင့်ရှောက်တဲ့ အကျင့်ရှိနေတယ်။ ဒီလိုနဲ့ ထောင်ချီတဲ့ လူသားတွေ (သို့) လူစုတစ်ခုလုံးကို လမ်းဘေးမှာ နောက်ချန်ထားနေတယ်။ ကံကောင်းချင်တော့ သူတို့ အိတ်ကပ်တွေထဲက စိုက်ပြီတောင် သူတစ်ပါးကို စောင့်ရှောက်ကာ ကမ္ဘာသစ်တစ်ခု ဖန်တီးနေသူတွေလည်း ရှိနေတယ်။ Mother Teresa ပြောခဲ့တာက "သူတို့ ကိုယ်ပိုင် အကုန်ကျခံတာမဟုတ်ရင် ချစ်လို့မရဘူး"တဲ့။

ကျွန်တော်တို့ ဒီလောက်ကို လုပ်ဖို့ရှိပြီး ဒါကို အတူတူ လုပ်ကြရမှာပါ။ ဒါပေမဲ့ ကျွန်တော်တို့ နေစဉ် ရှူတဲ့ မကောင်း ဆိုးဝါးအားလုံးနဲ့ ဘယ်လို လုပ်နိုင်လဲ ဘုရာသခင်ကို ကျေးဇူးတင်ပါ။ မကောင်းမှုကို တို့ပြန်ဖို့ ကောင်းမှု၊ ကရုဏာနဲ့ အစွမ်းအစ လမ်းပွင့်ဖို့ ကျွန်တော်တို့ ဆန္ဒကို ဘယ်စနစ်ကမှ မပျက်ပြားစေနိုင်ပါ၊ ဒါအာလုံးဟာ ကျွန်တော်တို့ နှလုံးသားတွေက အရင်းခံတာပါ။ ကဲ ကျွန်တော့ကို ပြောလောက်တာက "အသေအချာပဲ၊ ဒီစကားလုံးတွေက လှပတယ်။ ဒါပေမဲ့ ကျွန်တော်က Good Samaritan မဟုတ်၊ Calcutta ရဲ့ Mother Teresa လည်းမဟုတ်ဘူး" ဆန့််ကျင်ဘက်က ကျွန်တော်တို့ဟာ တန်ဖိုးရှိ တယ်၊ ကျွန်တော်တို့ တစ်ယောက်စီတိုင်းပါ။ ကျွန်တော်တို့ တစ်ယောက်စီတိုင်းဟာ ဘုရားသခင်ရဲ့ အမြင်မှာ အစားထိုးမရတာတွေပါ။ ဒီနေ့ ပဋိပက္ခတွေရဲ့ မှောင်မိုက်မှုကနေ ကျွန်တော်တို့ တစ်ယောက်ချင်းဟာ တောက်ပတဲ့ ဖယောင်းတိုင်တစ်တိုင် ဖြစ်လာနိုင်ပါတယ်၊ အလင်းဟာ အမှောင်ကို ကျော်လွှားပြီး ဘယ်တော့မှ အခြားဖက်လှည့်မှာ မဟုတ်ဆိုတဲ့ သတိပေးချက်တစ်ခုပါ။

ခရစ်ယာန်တွေ အနာဂတ်မှာ အမည်ရှိတယ်။ ၎င်းရဲ့ အမည်က မျှော်လင့်ချက်ပါ။ မျှော်လင့်ချက်ရှိတယ်လို့ ခံစားရခြင်းဟာ အကောင်းမြင်သက်သက် နုံအပြီး လူ့လောက ရင်ဆိုင်နေရတဲ့ အဖြစ်ဆိုးကို လျစ်လျှူရှုတာကို မဆိုလိုပါ၊ မျှော်လင့်ချက်က နှလုံးသားရဲ့ မွန်မြတ်မှုပါ မျှော်လင့်ချက်ဟာ ၎င်းကိုယ်၌ အမှောင်ကို မကြည့် အတိတ်မှာလည်း မမှီတွယ်၊ ပစ္စုပ္ပန်မှာ မဖူလုံပေမဲ့ မနက်ဖြန်ကို မြင်နိုင်တဲ့ နှလုံးသားရဲ့ မွန်မြတ်မှုပါ။ မျှော်လင့်ချက်ဟာ အနာဂတ်ဆီ ဖွင့်ပေးတဲ့ တံခါးပါ။ မျှော်လင့်ချက်ဟာ အချိန်နဲ့အတူ သစ်ပင်ကြီးအဖြစ် ဖွံဖြိုးလာမယ့် ဘဝရဲ့ ပလွှားမှုမရှိတဲ့ အစေ့ပုန်း တစ်စေ့ပါ။ ဒါက ဂျုံမုန့်ညက်တစ်ခုလုံးကို ကြီးထွားစေတဲ့ မမြင်နိုင်တဲ့ တစေးလို ဘဝရဲ့ ရှုထောင့်အားလုံးဆီ အနံ့အရသာ ယူဆောင်လာတယ် ပြီးတော့ ဒါက အများကြီး တတ်နိုင်ပါတယ်၊ အကြောင်းက မျှော်လင့်ချက်ကို မီးထိုးပေးတဲ့ သေးငယ်တဲ့ မှိတ်တုတ် မှိတ်တုတ်အလင်းဟာ အမှောင်ရဲ့ ဒိုင်းကို အစိတ်စိတ်ခွဲဖို့ လုံလောက်ပါတယ်။ မျှော်လင့်ချက်တည်ရှိဖို့ တစ်ဦးချင်းစီဟာ လုံလောက်မှုရှိပြီး တစ်ဦးချင်းဆိုတာက သင်ဖြစ်နိုင်ပါတယ်။ နောက်ပြီး နောက်ထပ်၊ နောက်ထပ် "သင်"တွေ ရှိလာမှာဖြစ်ပြီး ဒါက "ကျွန်ုပ်တို့" အဖြစ် ပြောင်းပါတယ်။ ဒီလိုနဲ့ ကျွန်တော်တို့မှာ "ကျွန်ုပ်တို့" ဆိုတဲ့အခါ မျှော်လင့်ချက် လား။ မစဘူး။ မျှော်လင့်ချက်က "သင်"တစ်ခုနဲ့ စတယ် "ကျွန်ုပ်တို့ကို"ဆိုတာရှိတဲ့အခါ အဲဒီမှာ တော်လှန်ရေး စပါတယ်။

ဒီနေ့ ကျွန်တော် မျှဝေချင်တဲ့ တတိယ သတင်းစကားက တကယ်တော့ တော်လှန်ရေးအကြောင်းပါ၊ သိမ်မွေ့မှုရဲ့ တော်လှန်ရေးပါ။ သိမ်မွေ့မှုဆိုတာက ဘာလဲ။ ဒါက ရင်းနှီးလာပြီး တကယ်ဖြစ်လာတဲ့ မေတ္တာတရားပါ။ နှလုံးသားက စတသ်တဲ့ လှုပ်ရှားမှုဖြစ်ပြီး မျက်လုံးတွေ၊ နားတွေ၊ လက်တွေဆီရောက်ပါတယ်။ သိမ်မွေ့မှုဆိုတာက အခြားသူကို မြင်ဖို့ ကျွန်တော်တို့ရဲ့ မျက်လုံးတွေကို သုံးဖို့၊ အနာဂတ်ကို စိုးရွံ့ကြတဲ့ ကလေးတွေ၊ သူဆင်းရဲတွေကို နားတွေကို သုံးဖို့ပါ။ ကျွန်တော်တို့ ဘုံအိမ်၊ ကျွန်တော်တို့ရဲ့ ဖျားနာပြီး ညစ်ညမ်းနေတဲ့ ကမ္ဘာမြေရဲ့ တိတ်ဆိတ်တဲ့ ငိုသံကိုလည်း နားတောင်ဖို့ပါ။ သိမ်မွေ့မှုဆိုတာက ကျွန်တော်တို့ရဲ့ လက်တွေနဲ့ နှလုံးသားကို သူတစ်ပါးကို နှစ်သိမ့်ရာမှာ သုံးဖို့၊ လိုအပ်နေသူတွေကို စောင့်ရှောက်ဖို့ပါ။

သိမ်မွေ့မှုဆိုတာဟာ ကလေးငယ်တွေရဲ့ အခြားသူကို လိုအပ်သူတွေရဲ့ ဘာသာစကားပါ။ သူတို့ရဲ့ ထိတွေ့မှု၊ သူတို့အကြည့်၊ သူတို့အသံ၊ သူတို့ရဲ့ သိမ်မွေ့မှုကနေ ကြီး လာတဲ့ မိခင်နဲ့ ဖခင်အတွက် ကလေးရဲ့ မေတ္တာပါ။ မိဘတွေက သူတို့ရဲ့ ကလေးငယ်တွေကို ကလေးလေးအဖြစ်ကို လိုက်ဖက်အောင် ပြင်ဆင်ရင်း တစ်ပြေးညီ ဆက်ဆံရေး မျှဝေရင်း ပြောဆိုတာ ကြားရတော့ နှစ်သက်မိတယ်။ ဒါက အခြားသူလိုပဲ တစ်ပြေးညီ အဆင့်မှာရှိနေတဲ့ သိမ်မွေ့မှုပါ။ ဘုရားသခင်ကိုယ်တိုင်က ကျွန်တော်တို့နဲ့ တစ်ပြေးညီဖြစ်ဖို့ ယေရှုဆီ ဆင်းသက်ခဲ့တယ်။ ဒါက Good Samaritan သွားခဲ့တဲ့ လမ်းနဲ့ အတူတူပါ။ ယေရှုကိုယ်တိုင် သွားခဲ့တဲ့ လမ်းပါပဲ။ သူ့ကိုယ်သူ နှိမ်ချတယ်၊ လူသားဖြစ်တည်မှု တစ်ခုလုံးကို စစ်မှန်၊ ခိုင်လုံတဲ့ ချစ်ခြင်းရဲ့ ဘာသာစကားကို ကျင့်သုံးနေထိုင်ခဲ့တယ်။

ဟုတ်ကဲ့ ၊သိမ်မွေ့မှုဟာ 
အားအကောင်းဆုံး၊ အရဲရင့်ဆုံး အမျိုးသား၊ အမျိုးသမီးတွေအတွက် ရွေးချယ်မှု လမ်းကြောင်းပါ။ သိမ်မွေ့မှုဆိုတာ အားနည်းချက်မဟုတ်ဘူး။ ခံနိုင်ရည်ပါ။ ဒါက ညီညွတ်မှုရဲ့ လမ်းကြောင်း၊ လူသားဆန်မှုရဲ့ လမ်းကြောင်းပါ။ ကျေးဇူးပြုပြီး ကျယ်ကျယ် ရှင်းရှင်း ပြောပါရစေ သင်ဟာ ပိုစွမ်းအားရှိလေလေ၊ သင့်လုပ်ဆောင်မှုတွေက လူတွေအပေါ် သက်ရောက်မှုရှိလေလေ၊ သင်ဟာ ကျိုးနွံစွာ လုပ်ဆောင်ဖို့ တာဝန်ရှိလေလေပါ။ မဟုတ်ရင်တော့ သင့်ရဲ့အစွမ်းက သင့်ကိုဖျက်စီး ပြီး သင်က သူတစ်ပါးကို ပျက်စီးစေလိမ့်မယ်။ အာဂျင်တီးနားမှာ ဆိုရိုးတစ်ခုရှိတယ်။ 'စွမ်းအား ဆိုတာ ဝမ်းဗိုက်ဟောင်းလောင်းနဲ့ ဂျင်သောက်သလိုပဲ"တဲ့။ သင် မူးဝေတယ်၊ အရက်မူးတယ်၊ ဟန်ချက်ပျက်တယ်၊ အာဏာကို နှိမ်ချမှု၊ သိမ်မွေ့မှုနဲ့ မဆက်သွယ်ရင်သင်ကိုယ်တိုင်နဲ့ သင့်ဝန်းကျင်က လူတွေကို နာကျင်စေတာနဲ့ အဆုံးသတ်တယ်။ အြခားတစ်ဖက်မှာတော့ နှိမ်ချမှုနဲ့ ခိုင်လုံတဲ့ ချစ်မေတ္တာကနေ စွမ်းအား "အမြင့်ဆုံး၊ အခိုင်မာဆုံးတစ်ခု'ဟာ အကူအညီ၊ ကောင်းဖို့အတွက် အင်အားဖြစ်လာတယ်။

လူသားမျိုးနွယ်ရဲ့ အနာဂတ်က နိုင်ငံရေးသမား တွေ၊ ကုမ္ပဏီတွေရဲ့ ခေါင်းဆောင်ကြီးတွေရဲ့ လက်တေွထဲမှာ သီသန့်ရှိမနေဘူး။ ဟုတ်ပါတယ် သူတို့ဟာ ဧရာမ တာဝန်ကြီးတစ်ခု ယူထားပါတယ်။ ဒါပေမဲ့ အနာဂတ်ဟာ အများစုကတော့ အခြားသူကို "သင်"လို အသိမှတ်ပြုပြီး

သူတို့ကိုယ်တိုင် "ကျွန်ုပ်တို့"ရဲ့ အစိတ်အပိုင်းအဖြစ် ပါဝင်တဲ့
လူတွေရဲ့ ကက်တွေထဲမှာပါ။

ကျွန်တော်တို့အားလုံးဟာ တစ်ဦးကိုတစ်ဦး လိုအပ်တယ်။ ဒီတော့ အခြားသူ ကောင်းဖို့၊ လူတိုင်းနဲ့ သင်တို့၊ ကျွန်တော်တို့ အားလုံးအတွက် ကျွန်တော့ကို ပေးထားတဲ့ တာဝန်ကို ဖြည့်ဆည်းပေးနိုင်အောင် ကျေးဇူးပြုပြီး ကျွန်တော့ကိုပါ သိမ်မွေ့မှုနဲ့အတူ စဉ်းစားပေးပါ၊ ကျေးဇူးတင်ပါတယ်။