Prumsodun Ok
1,209,320 views • 10:38

"Robam kbach boran" (သို့) ခမာ ဂန္ဓဝင်အကရဲ့ အနုပညာဟာ နှစ် ၁၀၀၀ ကျော် သက်တမ်းရှိပါတယ်။ မိုးနဲ့ မြေဩဇာကောင်းမှု အတွက် လှုပ်ရှားကပြရင်း ဆုတောင်းမှုအဖြစ် ဖွံ့ဖြိုးခဲ့ပါတယ်။ စိုက်ပျိုးရေး လူမှုတန်းစားရဲ့ ကြွယ်ဝမှုအတွက်လို့ ဆိုလိုတာပါ။ အမျိုးသားတွေရော အမျိုးသမီး ကချေသည်တွေကိုရော ဘုရားကျောင်းတွေကို ပေးလှူခဲ့ကြလို့ သူတို့ဟာ ကောင်းကင်နဲ့ မြေကြီးကြား တံတားတွေအဖြစ် အမှုထမ်းကြတယ်။ ကနေတဲ့ ခန္ဓာကိုယ်တွေက လူတွေရဲ့ ဆုတောင်း တွေကို နတ်ဒေဝါတွေဆီ သယ်ဆောင်ကာ နတ်ဘုရားတွေရဲ့ အလိုဆန္ဒဟာ ၎င်းတို့ကနေ လူတွေနဲ့ မြေပြင်ကို ပြန်ပို့ဆောင်ပေးပါတယ်။

ခမာ အကမှာ အကွေးများစွာရှိပါတယ်။ ကျောပြင်တွေကို ခုံးထားတယ်၊ ကျွန်တော်တို့ ဒူးတွေကို ကွေးတယ်၊ ခြေချောင်းတွေကို ခွေထားတယ်၊ တံတောင်ဆစ်တွေကို အလွန်အမင်း ဆန့်ထားပြီး လက်ချောင်းတွေကို နောက်ပြန် ကွေးထားတယ်။ ဒီမျဉ်းကွေးအားလုံးဟာ မြွေနဂါး အသွင်ဖန်တီးပြီး ဒါက အရေးကြီးတဲ့အကြောင်းက အဓိက ဘာသာတရားတွေရဲ့ အစမတိုင်ခင်မှာ ခမာတွေ၊ ပြီးတော့ တစ်ကမ္ဘာလုံးက လူတွေဟာ ရုပ်ဝတ္ထုကိုးကွယ်မှု ပြုခဲ့လို့ပါ။ အထူးသဖြင့် ဒီယုံကြည်မှုစနစ်မှာ မြွေတွေက အရေးပါတဲ့အကြောင်းက ၎င်းတို့ရဲ့ ပြေပြစ်၊ ခွေလိမ်နေတဲ့ လှုပ်ရှားမှုကြောင့်ပါ၊ သူတို့ဟာ ရေအလျဉ်ကို အသွင်ဆောင်တယ်။ ဒီတော့ မြွေနဂါးကို သင့်ရဲ့ ကနေတဲ့ ခန္ဓာကိုယ်ထဲ ပင့်ဖိတ်ဖို့က မြေပြင်အနှံ့ ပိုင်းဖြတ်နေတဲ့ မြစ်တွေရဲ့ ပုံရိပ်ကို ကိုယ်ယောင်ပြဖို့ပါ။ အသက်ကိုပေးတဲ့ ရေစီးဆင်းမှုကို စေ့ဆော်ဖို့ပါ။

သင်တို့ မြင်ရတဲ့အတိုင်း ခမာ ဂန္ဓဝင်အကဟာ သဘာဝရဲ့ ပြောင်းလဲမှုတစ်ခု၊ ကျွန်ပ်တို့ ဝန်းကျင်က ရုပ်လောကနဲ့ ကျွန်ုပ် တို့ အတွင်းဘက် စကြာဝဠာ နှစ်ခုလုံးပါ။ ကျွန်တော်တို့ သုံးတဲ့ အဓိက လက်ဟန် လေးမျိုးရှိပါတယ်။ ဒါတွေ အတူတူ လုပ်နိုင်လား။ ရေး၊ အိုကေ။

ဒါက သစ်ပင်တစ်ပင်ပါ။ အဲဒီသစ်ပင် ကြီးထွားမယ်၊ ဒီနောက်မှာ အရွက်တွေ ရှိလာမယ်၊ အရွက်တွေရှိလာအပြီးမှာ ပန်းတွေ ပွင့်လာမယ်၊ ပန်းတွေ ပွင့်လာပြီးနောက်မှာ အသီး သီးလာမယ်။ အဲဒီအသီး ကြွေကျမယ်၊ အပင်သစ်တစ်ပင် ပေါက်လာမယ်။ ဒီလက်ဟန် လေးခုဟာ ဘဝ သံသရာပါ။

ဒီလက်ဟန်လေးမျိုးကို ကချေသည်တွေ သူတို့ကိုယ်သူတို့ ဖော်ပြတဲ့ ဘာသာစကားတစ်ခုလုံးကို ဖန်တီးဖို့ အသုံးပြုထားပါတယ်။ ဒီတော့ ဥပမာအဖြစ် ကျွန်တော် ပြောနိုင်တာက "ငါ။" "ငါ။" အကထဲမှာ ဖြစ်မှာကတော့ "ငါ။" (သို့) ပြောနိုင်တာက "ဟေ့လူ၊ ဒီကိုလာ၊ ဒီကိုလာ" အကထဲမှာ "ဒီကိုလာ" (သို့) "သွား၊ သွား"

(ရယ်သံများ)

"သွား" အရာတိုင်းဟာ မေတ္တာကနေ ဝမ်းနည်းမှုအထိ အထိ

(ခြေဆောင့်နင်းခြင်း)

ဒေါသကို အကကနေလည်း ဖော်ပြနိုင်တယ်။

ဒီနည်းလမ်းမှာ မှော်ဆန်မှုတစ်ခုက အနုပညာမှာ အကန့်အသတ်မဲ့တဲ့ အလားအလားတွေ ဖန်တီးဖို့ အရာတွေဟာ စိမ့်ထွက်၊ ပြောင်းလဲကာ ပေါင်းစပ်တာပါ။ အနုပညာအတွက် ခမာ စကားလုံးက silapak ပါ။ တကယ်က အရင်းခံက "မှော်"ပါ။ အနုပညာရှင် silapakar (သို့) silapakarani ဆိုရင် မှော်ဆရာထက် တစ်ပြားသားမှ မလျော့ပါဘူး။ မှော်ဆရာ အတန်းရှည်ကြီးနဲ့ ကျွန်တော်ပတ်သက်တာကို ပြောရတာ ဂုဏ်ယူပါတယ်။ ကျွန်တော့ဆရာမ Sophiline Cheam Shapiro ကနေ တော်ဝင်နန်းတော်မှာ အကျော်အမော် တွေဖြစ်တဲ့ သူမရဲ့ ဆရာတွေအထိ၊ Angkor ရဲ့ ကချေသည်တွေ၊ အနုပညာ ပုံစံ မူလအသက်ဝင်ရာ ရှေးဦးရွာသားတွေအထိပါ။

ဒီလို ဆိုတာက ကျွန်တော်တို့ မြတ်နိုးရတဲ့ အမွေအနှစ်ဟာ တစ်ခါက လုံးဝ ဖျက်ဆီးခံရလုလုဖြစ်ခဲ့တာပါ။ သင်ဟာ မျက်မှန်တပ်ထားတယ်ဆိုရင် ကျေးဇူးပြုပြီး ရပ်လိုက်ပါ သင်ဟာ ဘာသာစကား တစ်ခုထက် ​ပိုပြောတယ်ဆိုရင် ကျေးဇူးပြုပြီး ရပ်လိုက်ပါ ဖျော့တော့တဲ့ အရေပြားရှိရင် ကျေးဇူးပြုပြီး ရပ်လိုက်ပါ မျက်မှန်က သင် ကျန်းမာရေး စောင့်ရှောက်မှု အတွက် တတ်နိုင်တယ်ဆိုလိုတယ်။ သင်ပြောတဲ့ ဒုတိယနဲ့ တတိယဘာသာစကားက သင့်ရဲ့ အကောင်းစား ပညာရေးကို ညွှန်ပြပါတယ်။ ဖျော့တော့တဲ့ အသားအရေက နေရောင် အောက်မှာ အလုပ်လုပ်ဖို့မလိုတာဆိုလိုပါတယ်။ ကမ္ဘောဒီးယားကို ၁၉၇၅ ကနေ ၁၉၇၉ ထိ အုပ်စိုးခဲ့တဲ့ ခမာနီတွေလက်အောက်မှာဆို အခု ကျွန်တော်တို့အားလုံး သေကုန်မှာပါ၊ ပစ်မှတ်ထားခံရတာက အတုအယောင် အခွင့်ထူးကြောင့်ပါ။ သိတဲ့အတိုင်း ခမာနီတွေက ကမ္ဘောဒီးယားကို အလေးဂရုပြုပြီး တင်းကြပ်တဲ့ မညီမျှမှုရဲ့ ရာစုနှစ်တွေကို မြင်ခဲ့တယ်။ ဘုရင်နဲ့ သူ့အနားက အထက်တန်းစား အနည်းငယ်ဟာ လောက စည်းစိမ်ခံစားနေချိန်မှာ ပြည်သူအများစုကတော့ ပင်ပန်းတဲ့ အလုပ်နဲ့ ကြမ်းတမ်းတဲ့ ဆင်းရဲမှုကြောင့် ဒုက္ခရောက်နေကြရတယ်။ ဒါအမှန်ဆိုတာ သိမြင်ဖို့ သမိုင်းစာအုပ်တစ်အုပ် မလိုပါဘူး။

"ငါ" "ငါ့ကို" ဆိုတာအတွက် ခမာစကားလုံးက khnhom ပါ။ ဒီစကားလုံးကပဲ "ကျွန်"ဆိုတဲ့ အနက်လည်းပေးတယ်၊ ကချေသည်တွေဟာ တကယ်တမ်းတော့ knhom preah robam လို့သိကြတယ်၊ "အလေးအမြတ်ထားရာ အကရဲ့ ကျွန်တွေပေါ့။ ခမာနီတွေက ကမ္ဘောဒီးယားမှာ ကျွန်စနစ် အဆုံးသတ်ဖို့ ကြိုးပမ်းပေမဲ့ သူတို့ဟာ တစ်နည်းနည်းနဲ့ ဒါလုပ်ဖို့ လူတိုင်းကို ကျွန်တွေအဖြစ်ပြောင်းတာပါ။ အဆုံးသတ်ဖို့ ကြိုးပမ်းတယ်ဆိုပြီး ဖိနှိပ်ချုပ်ချယ်လာတယ်။ မြို့တော်ကို ရှင်းထုတ်ပြီး လူတွေကို ချွေးတပ် စခန်းတွဆီ အတင်းပို့တယ်။ မိသားစုတွေကို ပြိုကွဲအောင်လုပ်ပြီး ကလေးတွေကို သူတို့မိဘတွေကို ဆန့်ကျင်ကာ ဦးနှောက်ကျင်းပစ်တယ်။ နေရာတိုင်းမှာ လူတွေ သေနေတယ်၊ အသတ်ခံရတယ်၊ ရောဂါနဲ့ အလုပ်ပိမှု၊ ကွက်မျက်မှုနဲ့ ငတ်မွတ်မှုကနေ အသက်ဆုံးရှုံးနေတယ်။ ဒီအကျိုးဆက်က ကမ္ဘောဒီးယားရဲ့ လူဦးရေ သုံးပုံတစ်ပုံလုံးဟာ လေးနှစ်လျော့လျော့မှာ ပျောက်ဆုံးခဲ့ပြီး ကိန်းဂဏန်းအရ ခမာ အက အနုပညာရှင် ၉၀% ပါ။ တစ်နည်းဆိုရရင် ရိုးရာနဲ့ အနာဂတ်အတွက် အမြင် ၁၀ ခုမှာ ၉ ခု ပျောက်ခဲ့တာပါ။

ဒါပေမဲ့လည်း ကံကောင်းထောက်မစွာ စစ်ရဲ့ပြာတွေနဲ့ လူမျိုးတုံးသတ်ဖြတ်မှုကနေ အနုပညာ ပုံစံရဲ့ ပြန်လည်ဆန်းသစ်မှုကို ဦးဆောင်ကြမယ့် ကျွန်တော့ဆရာမရဲ့ ဆရာတွေ Chea Samy, Soth Sam On နဲ့ Chheng Phon တို့ပါ။ တစ်ကြိမ်မှာ ကျောင်းသားတစ်ဦး၊ လက်ဟန်တစ်ခု၊ အကတစ်ပုဒ်ပါ။ သူတို့က ကျွန်တော်တို့ မျိုးနွယ်ရဲ့ မေတ္တာတရား၊ မှော်ဆန်မှု အလှတရား၊ သမိုင်းနဲ့ ဒဿနကို နောက်မျိုးဆက်ရဲ့ ခန္ဓာကိုယ်တွေထဲကို ရေးဖွဲ့ပေးခဲ့တယ်။

နှစ် ၄၀ နီးပါးအကြာမှာ ခမာ ဂန္ဓဝင်အကဟာ အထွတ်အထိပ် အသစ်တွေဆီ ပြန်ရှင်သန်ခဲ့တယ်။ တစ်နည်းနည်းတော့ အားနည်းချက်ရှိတဲ့ ဝန်းကျင်တစ်ခုမှာ တည်ရှိနေဆဲပါ။ စစ်ရဲ့ ဆိုးဝါးတဲ့ သက်ရောက်မှုတွေဟာ ခမာလူထုကို ယနေ့တိုင် ခြောက်လှန့်ဆဲပါ။ ဒါက ကျွန်တော်တို့ ကိုယ်တွေထဲမှာ ရေးထားတာပါ PTSD ရဲ့ ဗီဇ လမ်းကြောင်းတစ်ခုထဲမှာ ပေါ်လွင်နေပြီး သံသရာလည်နေတဲ့ ဆင်းရဲမှု ကြီးမားတဲ့ ယဉ်ကျေးမှု ကွာဟမှုနဲ့ ဘာသာစကား အတားအဆီးတွေကို ရင်ဆိုင်နေတဲ့ မိသားစုတွေထဲမှာပါ။

ဒါပေမဲ့ အလှတရားဟာ ဒူပေနာပေ အခံနိုင်ဆုံး အရာတစ်ခုပါ။

အလှအပဟာ အချိန်တိုင်းမှာ မည်သည့်နေရာမှာမဆို

ဖြစ်ထွန်းနိုင်စွမ်းရှိတယ် အလှအပဆိုတာအချိန်နဲ့ နေရာကနေ လူတွေကို ဆက်သွယ်တာပါ။ အလှအပဆိုတာဟာ ဝေဒနာခံစားခြင်းမှ လွတ်မြောက်ခြင်းပါ။ ခမာ အနုပညာရှင်တွေ ယဉ်ကျေးမှုနဲ့ နိုင်ငံကို ပြန်လည်ဆန်းသစ်ဖို့ လုပ်ကြသလို အနာဂတ်ဆီကို လှမ်းချီဖို့ လမ်းကြောင်း များစွာရှိတယ်လို့ မြင်မိပါတယ်။ ကချေသည်တွေရဲ့ အမည်တွေ၊ သူတို့ဘယ်သူဆိုတာ၊ သူတို့ဘဝတွေက ဘယ်လို၊ သူတို့ ဘာကိုခံစားရတာ မကြာခဏ မသိကြတဲ့ အစဉ်အလာတစ်ခုမှာ "khnhom."ကနေ ရိုးသားစွာ၊ ပွင့်လင်းစွာ ရှေ့ကိုလှမ်းချီတယ်လို့ အဆိုပြုပါရစေ။ Khnhom က ကျွန်လိုမဟုတ်ပဲ အသိရှိတဲ့ အမှုတော်ထမ်းမှုပါ။ Khnhom: "ငါ" "ငါ့ကို" "ပန်းပွင့်ခြင်း"

ကျွန်တော့အအမည်က Prumsodun Ok ပါ။ ကျွန်တော်က ခမာဖြစ်ပြီး ကျွန်တော်က အမေရိကန်ပါ။ ကျွန်တော်က ဒုက္ခသည်တွေရဲ့ ကလေး၊ ဖန်ဆင်းရှင်၊ ကုစားသူ၊ တံတားတွေ ဆောက်သူပါ။ ကျွန်တော့ဆရာရဲ့ အများစုက အမျိုးသမီးလို့ နားလည်တဲ့ အစဉ်အလာတစ်ခုက ပထမဆုံး အမျိုးသားကျောင်းသားဖြစ်ပြီး ကမ္ဘောဒီးယားရဲ့ ပထမဆုံး လိင်တူ အက ကုမ္ပဏီတည်ထောင်သူပါ။ ကျွန်တော်ဟာ ကျွန်တော့ အရင်က လာခဲ့သူတွေရဲ့အလှ၊ အိပ်မက်များနဲ့ စွမ်းအားရဲ့ စံနမူနာပါ။ အတိတ်၊ ပစ္စုပ္ပန်နဲ့ အနာဂတ်တို့နဲ့ တဦးချင်းနဲ့ အစုအပေါင်းတို့ရဲ့ ပေါင်းဆုံမှုပါ။

အနုပညာရှင်ရဲ့ ရှေးဟောင်း ထာဝရ ကဏ္ဍကို တမန်တစ်ဦးအဖြစ် Chheng Phon ရဲ့ စကားလုံးတွေကို မျှဝေရင်းသရုပ်ဆောင်ခွင့်ပြုပါ။ "ပန်းတစ်မျိုးတည်းရှိတဲ့ ဥယျာဉ်တစ်ခု (သို့) တစ်ရောင်တည်းသာရှိတဲ့ ပန်းတွေဟာ ဘာမှ အသုံးမကျဘူး။" ဒါက ကျွန်တော်တို့ရဲ့ ခွန်အား၊ ကြီးထွားမှု၊ ရှင်ကျန်မှုနဲ့ တည်ရှိမှုသက်သက်ဟာ စုံလင်မှုထဲမှာ တည်နေတာရဲ့ သတိပေးချက်တစ်ခုပါ။ ဒါပေမဲ့လည်း သတ္တိရဲ့ မှာကြားချက်လည်းဖြစ်ပါတယ်။ အကြောင်းက ပန်းတစ်ပွင့်က ပွင့်လန်းဖို့ အခြားသူရဲ့ ခွင့်ပြုချက် မတောင်းခံလို့ပါ ၎င်းကိုယ်တိုင် လောကကြီးကို အပ်နှင်းဖို့ မွေးဖွားလာတယ်။ အကြောက်တရားကင်းတာက ၎င်းရဲ့ သဘာဝပါ။

ကျေးဇူးတင်ပါတယ်။

(လက်ခုပ်သံများ)