Tracy Chevalier
1,272,923 views • 14:21

ကျွန်မခံစားရတဲ့ ဝေဒနာတစ်ခု အကြောင်း ပြောပြမလို့ပါ။ အဲဒါကြောင့် ရှင်တို့ထဲက တစ်ချို့လည်း ခံစားကြရတယ်လို့ ရယ်စရာ ခံစားချက် ကျွန်မမှာ ရှိပါတယ်။

အခန်းတိုင်း ပန်းချီကားတွေနဲ့ ပြည့်နေတဲ့ ပန်းချီပြခန်းတစ်ခု အနား လျှောက်နေတုန်း ၁၅ မိနစ် မိနစ် ၂၀ လောက်ကြာတော့ ကိုယ် တွေးနေတာက ပန်းချီကားအကြောင်း မဟုတ်တာ သိလိုက်တယ်။ ကျွန်မ ဒါတွေကို မဆက်သွယ်ပါဘူး။ ဒီအစား ကျွန်မကို အသည်းအသန် နိုးဖို့ လိုတဲ့ ကော်ဖီခွက်အကြောင်းကို တွေးနေတာလေ။ ပန်းချီပြခန်း ဒဏ်ခံစားနေရပါတယ်။

ရှင်တို့ ဘယ်နှစ်ယောက် အဲဒီလို ခံစားရ... ဟုတ် ဟား ဟား ဟား။ ကဲ တစ်ခါတစ်လေ မိနစ် ၂၀ ထက် ပိုကြာနိုင်တယ် ဒါမှမဟုတ် ပို တိုနိုင်တာပေါ့ ဒါပေမဲ့ အားလုံး ခံစားရတယ်ထင်တယ်။ စိတ်ထဲ လိပ်ပြာမလုံတာမျိုးရော ဖြစ်လား။ ကျွန်မအတွက်တော့ နံရံပေါ်က ပန်းချီကားတွေကို ကြည့်ပြီး ဒါတွေဟာ နံရံမှာ ထားရလောက်အောင် ကောင်းတယ်လို့ တစ်ယောက်ယောင်က ထင်မိလို့ ထားဖို့ ဆုံးဖြတ်လိုက်တာလို့ ထင်တယ်။ ဒါပေမဲ့ အမြဲတမ်းတော့ မထင်ဘူး တကယ်က အချိန်အများစုမှာ မထင်မိဘူး။

တကယ့်ကို စိတ်ညစ်မိတဲ့ ခံစားချက်ကျန်ရစ်တယ်။

ပန်းချီကားဟာ တစ်ခုခု မှားနေတယ်လို့ တွေးမိတာထက် ကိုယ့်ကိုယ်ကို မလုံမလဲနဲ့ စိတ်ညစ်သလို ခံစားရတယ်။ ကိုယ် တစ်ခုခုမှားတာပဲ ထင်တယ်။ အဲဒီလိုခံစားချက်မျိုးနဲ့ ပြခန်းထဲမှ ထွက်လာတာ မကောင်းဘူးလေ။

(ရယ်သံများ)

ကိစ္စက ကိုယ့်ကိုယ်ကို အနားပေးသင့် တယ်လို့ ထင်တယ်။ စားသောက်ဆိုင်ထဲကို ဝင်မယ်လို့စဉ်းစားရင် ဟင်းလျာစာရင်းကို ကြည့်တော့ စာရင်းမှာပါတာတိုင်းကို မှာဖို့ မျှော်လင့်ထားသလား။ မဟုတ်ဘူး။ ရွေးမှာတာပါ။ ရှပ်အင်္ကျီတစ်ထည်ဝယ်ဖို့ ကုန်တိုက်ကိုဝင်ရင် ရှပ် အင်္ကျီတိုင်းကို စမ်းဝတ်မှာလား။ အထည်တိုင်းကို လိုချင်လား။ မဟုတ်ဘူး၊ ကိုယ်က ရွေးနိုင်ရပါမယ်။ ဒါ မျှော်လင့်ထားတာလေ။ ဒါဆို ပန်းချီပြခန်းသွာတော့ ရွေးချယ်စရာ မရှိနိုင်ဘူးလို့ ဘယ်လိုလုပ် ယူဆကြတာတုန်း။ ဘာ​ကြောင့် ပန်းချီကားတိုင်းနဲ့ ဆက်စပ်မှု ရှိသင့်ရတာလဲ။

မတူတဲ့ နည်းလမ်းနဲ့ ချဉ်းကပ်ဖို့ ကျွန်မ ကြိုးစားနေပါတယ်။ လုပ်စရာ နှစ်ခုရှိပါတယ်၊ ပြခန်းတစ်ခုကို သွားရင် ပထမဆုံးက မြန်မြန်လေး သွားလိုက်တယ်။ အကုန်လုံးကိုကြည့်ပြီး တစ်နည်းနည်းဖြင့် ကိုယ့်ကို နှေးလာစေတဲ့ဟာတွေကို စေ့စေ့စပ်စပ် ဖေါ်ထုတ်လိုက်တယ်။ ဘာဖြစ်လို့ ကိုယ့်ကို နှေးသွားစေတာလဲ ဆိုတာတောင်မသိပေမဲ့ တစ်ခုခုက ကျွန်မကို သံလိုက်လို ဆွဲထားပါတယ်။ နောက်ပြီး ကျန်တာတွေကို လျစ်လျှူရှုကာ ဒီကားဆီပဲသွားတယ်။ ဒီတော့ ပထမဆုံး လုပ်တာက ကိုယ်ပိုင်ရွေးချယ်ခြင်းပါ။ ပန်းချီကား တစ်ချပ်ကိုရွေးတယ်။ ၅၀ ထဲက တစ်ကား ဖြစ်ချင်ဖြစ်မယ်။ နောက် ဒုတိယလုပ်တာက ပန်းချီးကားရှေ့မှာ ရပ်လိုက်ပြီး ဒီအကြောင်း ပုံပြင် တစ်ပုဒ် ကိုယ့်ဘာသာ ပြောတာပါ။

ဘာလို့ ပုံပြင် တစ်ပုဒ်လဲ။ ကျွန်မတို့ဟာ ထူးဆန်းတယ်လို့ ထင်တယ်။ ကျွန်မတို့ရဲ့ DNA က ကျွန်မတို့ကို ပုံတွေ ပြောပြတယ်။ အရာတိုင်းရဲ့ပုံတွေ တစ်ချိန်လုံး ကျွန်မတို့ပြောကာ ကမ္ဘာကြီးဟာ ရူးကြောင်ပြီး ပရမ်းပတာနေရာ တစ်ခုလိုနေဖြစ်လို့ ပြောတာလို့ ထင်တယ်။ တစ်ခါတစ်လေ ပုံပြင်တွေက ကျွန်မတို့ ကမ္ဘာကြီးကို နည်းနည်း သဘောပေါက်ဖို့ အစီအစဉ်ချပေးဖို့ ကြိုးစားနေတာပါ။ ဒါကို ပန်းချီကားတွေကြည့်တာမှာ သုံးရအောင်လေ။ ကဲ စားသောက်ဆိုင်က ဟင်းလျာစာရင်းလို ပြခန်းတွေကို လည်ပတ်ရေး စာရင်းရှိတယ်။

ရှင်တို့ကို ပြမယ့် ကျွန်မရဲ့ လမ်းကြောင်းတွေမှာ ကျွန်မကို ရပ်တန့်သွားစေခဲ့တဲ့ ပန်းချီကား သုံးကားရှိပါတယ်။ သူတို့ရဲ့ ဇာတ်လမ်းတွေကို ပြောပြချင်ပါတယ်။ ပထမဆုံး တစ်ချပ်က နည်းနည်း မိတ်ဆက်ဖို့လိုပါတယ်။ ၁၇ ရာစု ဒတ်ခ်ျ ပန်းချီဆရာ Johannes Vermeer ရဲ့ "ပုလဲနားကပ်နဲ့ ကောင်မလေး" ပါ။ ဒါဟာ အခမ်းနားဆုံး ပန်းချီကားပါ။ ကျွန်မ ၁၉ နှစ်မှာ ပထမဆုံးမြင်ခဲ့ပြီး ချက်ချင်းပဲ နံရံကပ်ပိုစတာ သွားဝယ်လိုက်တယ်။ ဒီ ပိုစတာ အခုထိရှိတုန်းပါ၊ နှစ် ၃၀ ကြာသွားတာတောင် အိမ်မှာ ချိတ်ဆွဲထားတုန်းပါ။ ကျွန်မ ဘယ်သွားသွား အဖေါ်ပြုပေးပါတယ်။ သူမကြည့်ရတာ ကျွန်မ ဘယ်တော့မှ စိတ်မကုန်နိုင်ဘူး။

ကျွန်မရဲ့ ရှာဖွေမှုထဲတွင် သူမ အနားမှာ ရပ်တန့်မှုကို အစပြုလိုက်တာက ပန်းချီဆရာ သုံးတဲ့ အရောင်တွေနဲ့ သူမရဲ့ မျက်နှာပေါ်က အလင်းကျပုံပါ။ ဒါပေမဲ့ ကျွန်မကို တစ်နှစ်ပြီးတစ်နှစ် ဆက်၊ ဆက် လာနေစေတာက အခြားအကြောင်းတစ်ခုလို့ ထင်ပါတယ်။ ဒါကတော့ သူမရဲ့ မျက်နှာပေါ်က အကြည့်၊ မျက်နှာပေါ်က ဝိရောဓိဖြစ်နေတဲ့ အကြည့်ပါ။ သူမပျော်လား၊ ဝမ်းနည်းလား ကျွန်မ မပြောနိုင်ပဲ ကျွန်မစိတ်က တစ်ချိန်လုံး ပြောင်းလဲနေပါတယ်။ ဒီတော့ ဒါက ကျွန်မကို ဆက်၊ ဆက်လာနေစေတာပေါ့။

တစ်နေ့ ဒီပုံကို နံရံမှာထားပြီး ၁၆ နှစ်အကြာမှာ အိပ်ရာထက်လှဲပြီး သူမကိုကြည့်လိုက်တယ်၊ ရုတ်တရက် တွေးမိတာက ပန်းချီဆရာက သူမကို ဒီလိုအကြည့်ဖြစ်အောင် လုပ်ခဲ့သလားပေါ့။ သူမရဲ့ မျက်နှာပေးဟာ ပန်းချီဆရာနဲ့ ပတ်သက်ပြီး သူမရဲ့ခံစားချက်ကိုတကယ်ပဲ ရောင်ပြန်ဟပ်နေတယ်ဆိုတာကို ပထမဆုံးတွေးမိဖူးတဲ့ အတွေးပါပဲ။ မိန်းကလေးတစ်ယောက်ရဲ့ ပုံတူအဖြစ် အရင်က တွေးမိခဲ့တဲ့အတိုင်းပါ။ အခုတော့ ဒါကို သံယောဇဉ်တစ်ခုရဲ့ ပုံတူတစ်ခုလို့ စတွေးမိပါတယ်။ တွေးမိတာက အင်း၊ ဒီသံယောဇဉ်က ဘာလဲပေါ့။

ဒီတော့ ရှာဖွေချင်လာတယ်။ လေ့လာမှုလုပ်ပြီး တွေ့ရှိရတာက သူမဟာ ဘယ်သူလဲဆိုတာ ကျွန်မတို့ မသိရတာပါ။ တကယ်တော့ Vermeer ရဲ့ ပန်းချီကားတွေထဲက ကိုယ်ဟန်မယ်တွေဟာ ဘယ်သူဆိုတာ ကျွန်မတို့ မသိတာပါ။ Vermeer ရဲ့အကြောင်းတောင် မသိသလောက်ပါ။

ဒါက ကျွန်မကို "ဟေး" လို့အော်ဖြစ်သွားတယ်။ ကိုယ်လုပ်ချင်တာလုပ်မယ်၊ ကိုယ်ဖြစ်ချင် တဲ့ဇာတ်လမ်းဘာဖြစ်ဖြစ် စိတ်ကူးလို့ရတယ်။

ဒီတော့ ဒီဇာတ်လမ်းရလာပုံပါ။ ပထမဆုံး တွေးမိတာကတော့ သူမကို အိမ်ပေါ်ရောက်အောင်လုပ်ရမယ်။ Vermeer သူမကို ဘယ်လိုလုပ်ပြီး သိခဲ့တာလဲ။ အင်း အကြံပြုချက်တွေ ရှိထားတာက သူမဟာ ၁၂ နှစ်သမီးလေး၊ သူပန်းချီစဆွဲတော့ သမီးလေးဟာ ၁၂ နှစ် သမီးပါ။ ဒီတော့ တွေးမိတာက "မဟုတ်ဘူး၊ အကြည့်က အရမ်း ရင်းနှီးနေတယ်၊ သမီးက အဖေ့ကိုကြည့်တဲ့အကြည့် မဟုတ်ဘူး။ တစ်ခုရှိတာက ဒတ်ခ်ျ ပန်းချီဆွဲချိန်မှာ မိန်းမတစ်ယောက်ဟာ ပါးစပ်ဟနေရင်၊ ဒါဟာ လိင်ပိုင်းဆိုင်ရာ ရနိုင်တာကို ပြတယ်။ သူ့သမီးကို ဒီလို ပန်းချီဆွဲဖို့တော့ Vermeer အတွက် မသင့်တော်ဘူးလေ။

ဒီတော့ သမီးမဟုတ်ရင်၊ သူနဲ့ ရင်းနှီးသူ တစ်ယောက်ယောက်ပေါ့၊ ကာယကံမြောက် ရင်းနှီးသူပေါ့။ ကဲ၊ ဒီအိမ်ထဲ ဘယ်သူကများ လာရှိနိုင်မလဲ။ အစေခံတစ်ယောက်၊ လှပတဲ့ အစေခံတစ်ယောက်ပေါ့။ ဒါကြောင့် သူမက အိမ်ထဲမှာရှိတာလေ။ သူမကို ပန်းချီခန်းထဲ ဘယ်လိုခေါ်မလဲ။ Vermeer အကြောင်း အများကြီး မသိပေမဲ့ နည်းနည်းလေး သိထားတာတစ်ခုက သူဟာ ကတ်သလစ် အမျိုးသမီးနဲ့ လက်ထပ်ပြီး သူမရဲ့ အမေနဲ့အတူ သူ့ကိုယ်ပိုင် အခန်းရှိတဲ့ အိမ်တစ်လုံးမှာနေတယ်။ ဒါက သူ့ပန်းချီခန်းပါ။ သူ့မှာ ကလေး ၁၁ ယောက်လည်းရှိတယ်။ ဗြောင်းဆန် ဆူညံနေတဲ့ အိမ်ထောင်စု ဖြစ်လိမ့်မယ်။ အရင်က Vermeer ရဲ့ ပန်းချီကားတွေသာ တွေ့မိခဲ့ရင် ဒါတွေဟာ မယုံနိုင်အောင်ကို အေးချမ်း တိတ်ဆိတ်တယ်ဆိုတာ သိကြပါတယ်။

ပန်းချီဆရာဟာ ကလေး ၁၁ ယောက် နဲ့ ဒီလိုအေးချမ်းတဲ့ကားတွေ ဘယ်လိုလုပ်ဆွဲလဲ။ အင်း၊ သူက သူ့ဘဝကို အကန့်ခွဲလိုက်တယ်။ သူ့ပန်းချီခန်းထဲဝင်ရင် သူက " ဒီကို ဘယ်သူမှမလာနဲ့။" လို့ပြောတယ်။ မိန်းမ​ရော၊ ကလေးတွေပါ။ ကောင်းပြီ၊ အိမ်ဖော်ကတော့ လာပြီး ရှင်းတယ်ပေါ့။ သူမက ပန်းချီခန်းမှာ။ သူကလာခိုင်းပြီး သူတို့ အတူတူပေါ့။ ပြီး သူမကို ပုံဆွဲဖို့ ဆုံးဖြတ်တယ်ပေါ့။

သူမကို ရိုးရိုးအဝတ်တွေ ဝတ်ခိုင်းတယ်။ ကဲ Vermeer ရဲ့ အခြားပုံတွေထဲမှာ အကုန်လုံး သို့မဟုတ် မိန်းမအများစုဟာ ပိုးသား၊ သားမွှေး အပြတ်သားနားတဲ့ ပစ္စည်းတွေ ဝတ်ကြတယ်။ ဒီပုံကတော့ အရမ်းရိုးပါတယ်။ မရိုးတာဆိုလို့ သူမရဲ့ ပုလဲနားကပ်ပါ။ ကဲ သူမဟာ အစေခံဆိုရင် ပုလဲနားကပ်တစ်ရံဖိုး မတတ်နိုင်လောက်ပါဘူး။ ဒါဆို ဒါတွေဟာ သူမရဲ့ ပုလဲနားကပ်တွေ မဟုတ်ဘူးပေါ့။ ဘယ်သူ့ဟာတွေလဲ။ သိရတာက Catharina ၊ ဇနီးသည်ရဲ့ အဝတ်အစား စာရင်းရှိတယ်။ ဒီအထဲက သားမွှေးဖြူနဲ့ ကုတ်အဝါတစ်ထည်၊ အဝါနဲ့ အနက် ဘော်လီတစ်ထည်၊ အခြားပုံတွေမှာ ဒီအဝတ်အစားတွေ တွေ့ရပါတယ်၊ ပုံတွေထဲက မိန်းမ အမျိုးမျိုးမှာ၊ Vermeer ရဲ့ပုံတွေမှာလေ။ ဒီတော့ ရှင်းနေတာက သူမရဲ့ အဝတ်တွေဟာ မိန်းမအမျိုးမျိုးဆီက ငှားထားတာပေါ့။ ဒါနဲ့ပဲ ပုလဲနားကပ်ဟာ သူ့မိန်းမပိုင်ပါတယ်လို့ ကောက်ယုံလိုက်လို့တော့ မရပါဘူး။

ဒီတော့ ဇာတ်လမ်းအတွက် အစိတ်အပိုင်းတွေ အားလုံး ရပြီပေါ့။ သူမဟာ သူနဲ့ ပန်းချီခန်းထဲမှာ အကြာကြီး ရှိခဲ့တယ်။ ဒီပုံတွေဆွဲဖို့က အချိန်တော်တော် ယူရတယ်လေ။ အဲဒီတစ်ချိန်လုံး သူတို့နှစ်ယောက်တည်း ကုန်ဆုံးခဲ့တာ။ သူ့ဇနီးရဲ့ ပုလဲနားကပ်ကို သူမဝတ်ထားတယ်။ လှနေတာပေါ့။ သူ့ကိုချစ်နေတာ အရှင်းကြီး ဝိရောဓိ ဖြစ်တာပေါ့။ ဇနီးရော သိလား။ သိချင်မှသိမှာပေါ့။ သူမ မသိဘူးဆိုရင် ...အင်း... ဒါက ဇာတ်လမ်းပါ။

(ရယ်သံများ)

ကျွန်မ ပြောပြမယ့် နောက်ပန်းချီကားက "Boy Building a House of Cards" ဆိုတဲ့ Chadin ရဲ့ကားပါ။ သူက သက်ငြိမ် ပန်ချီကားတွေနဲ့ ကျော်ကြားတဲ့ ၁၈ ရာစု ပြင်သစ် ပန်းချီဆရာပါ။ တစ်ခါတစ်လေတော့ လူပုံတွေဆွဲတတ်ပါတယ်။ တကယ်တော့ ဒီပုံကို မူကွဲ လေးမျိုးနဲ့ ဆွဲခဲ့တာပါ။ စက္ကူအိမ်ဆောက်နေတဲ့ ကောင်လေးပုံ အမျိုးမျိုး၊ အာရုံစိုက်ထားတဲ့ ပုံတွေပါ။ ဒီမူကွဲကို အကြိုက်ဆုံးဖြစ်တာက တစ်ချို့ကောင်လေးတွေက ပိုအသက်ကြီးပြီး တစ်ချို့က ပိုငယ်ကာ ဒီပုံကျတော့ ကျွန်မအတွက် Goldilocks ရဲ့ ယာဂုလိုပဲလေ။ အတော်ပဲပေါ့။

သူက သိပ်လည်း ကလေး မဟုတ်၊ လူကြီးလည်း မဟုတ်ဘူးလေ။ သူဟာ အပြစ်ကင်းစင်မှုနဲ့ ရင့်ကျက်မှုကြားမှာ လုံးဝ ဟန်ချက်ညီတယ်။ ဒါက လမ်းကြောင်းထဲမှာ ကျွန်မကို ဒီကားရှေ့မှာ ရပ်တန့်သွားတာပါ။ သူ့မျက်နှာကိုကြည့်တော့ Vermeer ရဲ့ ကားနဲ့ နည်းနည်းဆင်တယ်။ အလင်းက ဘယ်ဘက်ကလာကာ သူ့မျက်နှာဟာ ဒီတောက်ပတဲ့ အလင်းမှာ ရွှန်းစိုနေပါတယ်။ ပုံရဲ့ အလယ်ခေါင်မှာဖြစ်ပြီး ကြည့်လိုက်ပါ ဒါကိုကြည့်ရင်း သိလိုက်တာ၊ မတ်တပ်ရပ်ရင်း ပြောမိနေတာက "ငါ့ကို ကြည့်ပါဦး၊ ကြည့်ပါဦးကွယ်။"လို့ပါ။ သူကတော့ မကြည့်ပါဘူး။ သူ့ကဒ်ပြားတွေကိုပဲ ကြည့်နေတာပါ။ ဒါဟာ ပန်းချီကားရဲ့ စွဲဆောင်တဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပြီး ကျွန်မတို့ကို မကြည့်ပဲ သူလုပ်နေတာကိုသာ အာရုံ စိုက်တာကိုပါ။ ဒါက ကျွန်မအတွက်တော့ ပြတ်သားခြင်း ကင်းတဲ့ ပန်းချီကားက အပြောင်မြောက်ဆုံး လက်ရာရဲ့ သင်္ကေတပါ။ သူ ဘယ်တော့မှ ကြည့်မှာ မဟုတ်ဘူး။

ဒီတော့ ဘယ်က ဇာတ်လမ်းဆိုတာ တွေးမိတယ်

ကိုယ်သာ ဒီနေရာမှာဆို ဘယ်သူက သူ့ကို ကြည့်နေလိမ့်မလဲ။

ပန်းချီဆရာ မဟုတ်ဘူး ပန်းချီဆရာကို မတွေးချင်ဘူး တွေးနေတာကက သူ့ကိုယ်တိုင်ရဲ့ အသက်ပိုကြီးတဲ့ မူကွဲပါ။ သူက ယောက်ျား၊ အစေခံ၊ ပိုကြီးတဲ့ အစေခံက ပိုငယ်တဲ့ အစေခံကို ကြည့်နေတာ။ ပြောနေတာက " ငါ့ကိုကြည့်၊ မင်းဘာဖြစ်တော့မယ် ဆိုတာ သတိပေးမလို့၊ ငါ့ကိုကြည့်စမ်းပါ။" သူကတော့ ဘယ်တော့မှ မကြည့်ဘူး။

ပြတ်သားခြင်းကင်းမဲ့တဲ့ "Girl with a Pearl Earring " ပန်းချီကား.. သူမ ပျော်လား၊ ဝမ်းနည်းလား မသိပါ။ သူမအကြောင်း ဝတ္ထုတစ်အုပ်လုံးရေးတယ် သူမ ပျော်လား၊ ဝမ်းနည်းလား ဆိုတာ မသိသေးဘူး။ အဖြေကိုရှာဖို့၊ ဟာကွက်ကို ဖြည့်ဖို့ ပန်းချီကားဆီ အထပ်ထပ် လာခဲ့တယ်။ ဇာတ်လမ်းဖွဲ့ပြီး ကိုယ့်ကိုယ်ကို ခဏလောက် စိတ်ကျေနပ်အောင် လုပ်လို့ရနိုင်ပေမဲ့ တကယ် မဟုတ်ဘူး၊ ထပ်ထပ် လာတာပဲလေ။

နောက်ဆုံးပြောပြမယ့် ပန်းချီကားကတော့ "အမည်မသိ" ဆိုတဲ့ အမည်မသိ တစ်ယောက်ရဲ့ ကားပါ။ (ရယ်သံများ)

ဒါက National Portrait Gallery ကဝယ်ထားတဲ့ Tudor ပုံတူတစ်ကားပါ။ Sir Thomas Overbury ဆိုတဲ့ လူတစ်ယောက် လို့ ထင်ခဲ့ကြပြီး သူမဟုတ်မှန်း နောက်မှာ ဖော်ထုတ်ခဲ့ကြတယ်။ ဘယ်သူမှန်း မသိကြပါဘူး။

ကဲ National Portrait Gallery မှာ ပန်းချီကားရဲ့ ကိုယ်ရေးရာဇဝင် မသိရင် ကိုယ့်အတွက် အသုံးမကျသလိုပါ။ ဘယ်သူမှန်း မသိတဲ့အတွက် ဒါကို နံရံမှာ ချိတ်မရဘူး။ ဒါနဲ့ ကံဆိုးချင်တော့ ဒီမိဘမဲ့ဟာ အခြားမိဘမဲ့ အများကြီးနဲ့ အချိန်အများစုကို သိုလှောင်ခန်းမှာ ကုန်ဆုံးတာပေါ့။ တစ်ချို့ကတော့ လှပတဲ့ ပနိးချီကားတွေပါ။

ဒီကားက လမ်းကြောင်းမှာ ကျွန်မကို ရပ်တန့်စေတဲ့ အကြောင်း သုံးချက်ရှိတယ်။ တစ်ချက်က ပြုံးနေတဲ့ သူ့ပါးစပ်နဲ့ ကြေကွဲနေတဲ့ မျက်လုံးတွေကြားက အဆက်အစပ်မရှိခြင်းပါ။ သူမပျော်ပါဘူး၊ ဘာလို့ သူမပျော်တာလဲ။ ဒုတိယ အချက် ကျွန်မကိုဆွဲဆောင်တဲ့ အရာက သူ့ရဲ့ နီမြန်းတဲ့ ပါးပြင်တွေပါ။ သူက ရှက်နေတယ်။ သူ့ပုံတူအတွက် ဟန်ပြလုပ်ရတာကို ရှက်နေတယ်။ ဒီလူက တစ်ချိန်လုံး ရှက်နေသူပဲ ဖြစ်ရမယ်။ သူ့ကိုရှက်စေနေတဲ့ အကြောင်းက ဘာများပါလိမ့်။ လမ်းကြောင်းထဲမှာ ကျွန်မကို ရပ်သွားစေတဲ့ တတိယ တစ်ခုက သူ့ရဲ့ အပြတ်သားနားတဲ့ နှစ်ထပ်ကုတ်အင်္ကျီပါ။ ပိုးသား၊ မီးခိုးရောင် လှပတဲ့ကြယ်သီးတွေပါ။ သိတဲ့အတိုင်း ကျွန်မကိုတွေးမိစေတာက နွေးထွေးပြီး ခပ်ပွပွနဲ့ အိပ်ရာပေါ် ဂွမ်းကပ် ဖြန့်ထားသလိုနဲ့လေ။

အိပ်ရာတွေနဲ့ နီမြန်းတဲ့ပါးပြင်တွေကို ဆက်တွေးနေမိပြီး တကယ်တော့ သူ့ကိုကြည့်လိုက်တော့ လိင်ကိစ္စကို ဆက်တွေးမိပြီး သူတွေးနေတာ ဒါပဲလို့ ထင်မိတယ်။ တွေးမိတာက သူ့အကြောင်း ဝတ္ထုဖန်တီးမယ်ဆိုရင် န​ောက်ဆုံးထည့်ရမှာက ဘာများလဲပေါ့။ အင်း Tudor လူကြီးလူကောင်းက ဘာများနဲ့များ ဖိစီးနေမလဲပေါ့။ ထင်တာက အင်း တတိယ ဟန်နရီ၊ ဟုတ်ပြီ။ သူ့ရဲ့ အမွေ၊ အမွေခံနဲ့ စိတ်ဖိစီးနေမှာပဲပေါ့။ သူ့ရဲ့ အမည်နဲ့ စည်းစိမ်ကို ဘယ်သူဆက်ခံမလဲ။ ဒါတွေကို စုလိုက်ရင် ကိုယ့်ကို ပြန်ပြန်လာစေတဲ့ ဟာကွက်ကို

ဖြည့်ပေးတဲ့ ဇာတ်လမ်းကို ရပြီပေါ့။ ကဲ ဒီမှာ က ဇာတ်လမ်းပါ။ တိုတိုလေးပါ။

" ရိုစီ"

Caroline ငါ့ကိုပေးထားတဲ့ ဘရိုကိတ် နှစ်ထပ်ကုတ်ကို ဝတ်ထားတုန်းပါ။ ကော်လာအမြင့် ဗြောင်၊ လက်အရှင် ပိုးသားချည်ကျစ် အနုစိတ် ကြယ်သီးတွေကို နွေးထွေး ချပ်ရပ်ဖို့ နီးနီးလေး တပ်ထားတယ်။ နှစ်ထပ်ကုတ်က ကျယ်ပြန့်တဲ့ အိပ်ရာပေါ်က အိပ်ရာဖုံးကို တွေးမိသွားစေတယ်။ ဒါက ရည်ရွယ်ရင်း ဖြစ်နိုင်တယ်။ ပထမဆုံးဝတ်ခဲ့တာက သူမ မိဘတွေက ကျုပ်တို့ကို ဂုဏ်ပြု တည်ခင်းတဲ့ ညစာစားပွဲမှာ။ ထပြီး စကားမပြောခင်ကတင် ကျုပ်ပါးတွေဟာ ပူနေတယ်ဆိုတာ သိခဲ့တယ်။ ကျုပ်ဟာ ကာယအားထုတ်မှုကနေ၊ ဝိုင်ကနေ၊ စိတ်ခံစားမှု မြင့်မားတာကနေ အလွယ်လေး မျက်နှာရဲတတ်သူပါ။

ငယ်ငယ်တုန်းက အမတွေနဲ့ ကျောင်းသားတွေ စတာ ခံခဲ့ရတယ်။ George တော့မဟုတ်ဘူး။ Gorge ပဲ ကျုပ်ကို ရိုစီလို့ခေါ်တာ။ အခြား ဘယ်သူကိုမှ ခေါ်ခွင့်မပေးဘူး။ သူဟာ စကားလုံးကို နူးညံ့အောင်လုပ်လိုက်တာပါ။ ကျုပ် ကြေညာချက်ထုတ်လိုက်တော့ George ဟာ ပန်းရောင်သန်းသွားပြီး ကျုပ်ရဲ့ နှစ်ထပ်ကုတ်လို ဖြူရော်သွားတယ်။ သူ တအံ့တအား ဖြစ်မနေခဲ့သင့်ဘူး။ တစ်နေ့မှာ ကျုပ်ဟာ သူ့ဝမ်းကွဲကို လက်ထပ်မယ်ဆိုတာက လူတိုင်းမှန်းလို့ ရတာပဲလေ။။ ဒါပေမဲ့ စကားလုံးတွေကို နားနဲ့ ဆတ်ဆတ်ကြားဖို့ တော့ ခက်တာ သိပါတယ်၊ ပြောရုံလေးပြောတာပါ။

​ဒီနောက်မှာ ဟင်းရွက်ခင်း အပေါ်စီးမှာရှိတဲ့ လှေကားထစ်မှာ George ကိုတွေ့တယ်။ တစ်နေ့ခင်းလုံး မရပ်မနား သောက်နေပေမဲ့ လည်း သူဟာ ဖြူရော်နေတုန်းပါ။ အတူထိုင်ပြီး အိမ်ဖော်တွေ ဆလတ်ရွက် လှီးတာ ကြည့်ကြတယ်။ "ကျုပ်ရဲ့ ကုတ်ကို ဘယ်လိုထင်လဲ " လို့မေးလိုက်တယ်။

သူက တစ်ချက်ကြည့်လိုက်ပြီး " ကော်လံက မင်းလည်ပင်းကို ညှစ်နေသလိုပဲနော်။"တဲ့

ကျုပ်က "အချင်းချင်း မြင်ရပါ​သေးတယ်" "အမဲလိုက်၊ဖဲရိုက်၊ ရုံးတက်လို့ရပါသေးတယ်။ ဘာမှပြောင်းဖို့ မလိုပါဘူး။ George က စကားမပြောဘူး။ "ကျုပ်က ၂၃ နှစ်။ လက်ထပ်ဖို့ အချိန်ရောက်ပြီလေ။" ပြီးတော့ အမွေခံသူ မွေးဖွား၊။ သူတို့က ကျုပ်ကို မျှော်လင့်နေကြတာ။

George က နောက် ဝိုင်အနီတစ်ခွက် မော့ချလိုက်ပြီး ကျုပ်ဘက်လှည့်ကာ "မင်းရဲ့ လာမယ့် မင်္ဂလာပွဲအတွက် ဝမ်းသာတယ်၊ James ရေ။ မင်းတို့တွေ ပျော်ကြမှာ ကျိန်းသေပါကွာ။ သူ နာမည်ပြောင် ဘယ်တော့မှ မသုံးတော့ဘူး။

ကျေးဇူးတင်ပါတယ်။

(လက်ခုပ်သံများ)

ကျေးဇူးတင်ပါတယ်။

(လက်ခုပ်သံများ)