သမိုင်းရဲ့ “အဆိုးဆုံး” သီလရှင်။
9,250,086 views |
Theresa A. Yugar |
TED-Ed
• November 2019
Juana Ramírez de Asbaje ဟာ ဂုဏ်သိက္ခာရှိတဲ့ ဘာသာရေး စူစမ်းလေ့လာသူတွေ၊ ဥပဒေပညာရှင်တွေနဲ့ သင်္ချာပညာရှင်တွေရဲ့ ရှေ့မှာ ထိုင်နေတယ်။ သူတို့စုဆောင်းနိုင်သမျှ အခက်ခဲဆုံးမေးခွန်းတွေနဲ့ Juana ရဲ့ အသိပညာကို စမ်းသပ်ဖို့ သူတို့ကို ဖိတ်ကြားထားတာပါ။ ဒါပေမဲ့ သူဟာ ရှုပ်ထွေးတဲ့ ညီမျှခြင်းတွေကနေ အတွေးအခေါ်ဆိုင်ရာ မေးခွန်းတွေအထိ စိန်ခေါ်မှုတိုင်းကို အောင်မြင်စွာ ဖြေဆိုနိုင်ခဲ့ပါတယ်။ ဒီအထင်ကြီးစရာကောင်းတဲ့ အမျိုးသမီးက ဘယ်သူလဲ။ Theresa Yugar ကနေပြီး မက္ကဆီကန်ကဗျာဆရာနဲ့ ပညာရှင်ရဲ့ ဘဝအကြောင်းကို အသေးစိတ်ဖော်ပြထားပါတယ်။ [WOW-HOW Studio မှ ရိုက်ကူးပြီး တေးဂီတကို Christina Greer၊ Stephen LaRosa က ဖန်တီးထားပါတယ်။]