1,622,854 views | Sophia Kianni • Countdown Summit
ဘာသာစကားက ရာသီဥတုဆိုင်ရာ လုပ်ဆောင်ချက်အတွက် အတားအဆီးတစ်ခု မဖြစ်သင့်ပါ။
သိပ္ပံဆိုင်ရာ စာပေ အများစုကို အင်္ဂလိပ်လိုသာ ရေးသားကြတာက ဒီဘာသာစကားကို မပြောကြသူ ကမ္ဘာ့ ၇၅ ရာခိုင်နှုန်းအတွက် စိုးရိမ်ဖွယ်ရာ အသိသုတ ကွာဟချက်တ်ခုကို ဖန်တီးပေးလိုက်ခြင်းပါ။ ဒါက ရာသီဥတု ပြောင်းလဲမှုအတွက် ပြဿနာကြီးတစ်ခုပါ။ ဘာလို့လဲဆိုတော့ သင် နားမလည်တာတစ်ခုကို အရေးယူဆောင်ရွက်ဖို့ ခက်ခဲတာကြောင့်ပါ။ ရာသီဥတုဆိုင်ရာ လှုပ်ရှားမှုကို ပိုနားလည်လွယ်စေဖို့ လုပ်ဆောင်နေတဲ့ နိုင်ငံတကာ လူငယ်ဦးဆောင်တဲ့ အကျိုးအမြတ်မယူတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Climate Cardinals နဲ့အတူ တက်ကြွလှုပ်ရှားသူနဲ့ လူမှုရေးဆိုင်ရာ စီးပွားရေး စွမ်းဆောင်ရှင် Sophia Kianni ကနေပြီး အရေးပါတဲ့ ရာသီဥတုဆိုင်ရာ မှီငြမ်းစရာတွေကို ဘာသာစကားပေါင်း ၁၀၀ ကျော်သို့ ဘာသာပြန်ရင်း
အထောက်အထားရှာခြင်းအားဖြင့် ကမ္ဘာလုံးဆိုင်ရာ အသိသုတလွှဲပြောင်းပေးမှုကို ထောက်ပံ့ပေးနေပါတယ်။ ကျွန်တော်တို့ ကမ္ဘာဂြိုဟ်ရဲ့ အနာဂတ်ကို ကာကွယ်ဖို့ လိုအပ်မယ် စုပေါင်း အားထုတ်ကြိုးပမ်းမှုနဲ့ပတ်သက်တဲ့ အတားအဆီး ဖြတ်ကျော်ရေး ဟောပြောချက်တစ်ခုပါ။