Robert Waldinger
22,077,777 views • 12:46

ဘဝကို ဖြတ်သန်းနေရခိုက်မှာ ဘာကများ ကျွန်တော်တို့ကို ပျော်ရွင်၊ ကျန်းမာစေတာလဲ။ သင့်အနာဂတ် အကောင်းဆုံး အကျိုးအတွက် ရင်းနှီး မြှပ်နှံတော့မယ်ဆိုရင် သင့်အချိန်နဲ့ စွမ်းအင်ကို ဘယ်ထဲကို ထည့်လိမ့်မလဲ။

မကြာခင်က စစ်တမ်းတစ်ခုရဲ့ နှစ်ထောင်ပြည့် နှစ်များမှာ လူကြီးဖြစ်လာတဲ့ သူတို့ရဲ့ အရေးကြီးဆုံး ရည်မှန်းချက်တွေကို မေးမြန်းခဲ့ရာ ၈၀% ကျော်က ပြောပြကြတာက အဓိက ဘဝရည်မှန်းချက်က ချမ်းသာဖို့ပါ။ ကျန်တဲ့ ၅၀% ဖြစ်တဲ့ ဒီလူလတ်ပိုင်းကပဲ ပြောတာက နောက်ထပ် အဓိက ဘဝရည်မှန်းချက်က ကျော်ကြားဖို့ပါတဲ့။

(ရယ်သံများ)

ကျွန်တော်တို့တွေဟာ အလုပ်မှာ စိတ်ညွှတ်ဖို့ ပိုကြိုးစားပြီး ပိုအောင်မြင်အောင် ကြိုးစားဖို့ အမြဲမပြတ် ပြောခံရတယ်။ ကောင်းမွန်တဲ့ ဘဝကိုရဖို့ ဒါတွေကို ကြိုးစားဖို့ လိုတယ်လို့ အထင်အမြင်မျိုးကို ပေးခံခဲ့ကြရတယ်။ အလုံးစုံသော ဘဝတွေရဲ့ ပုံရိပ်တွေဟာ လူတွေလုပ်ကြတဲ့ ရွေးချယ်မှုတွေနဲ့ ဒါတွေကို သူတို့အတွက် အလုပ်ဖြစ်အောင်လုပ်ပုံတွေပါ၊ ဒီပုံတွေဟာ ရရှိဖို့ မဖြစ်နိုင်သလောက်ပါ။ ကျွန်တော်တို့ သိရှိထားတဲ့ လူ့ဘဝအကြောင်း အများစုဟာ လူတွေကို အတိတ်အကြောင်း ပြန်သတိရတာကို မေးမြန်းမှုမှ ဖြစ်ပြီး ကျွန်တော်တို့ ပြန်ပြောင်းတွေးမိတာက ၂၀/၂၀ မျှပါပဲ။ ကျွန်တော်တို့ဘဝထဲက အင်မတန်များပြားတဲ့ ဖြစ်ရပ်တွေကို မေ့နေကြပြီး တစ်ခါတစ်လေမှာ သတိရတယ်ဆိုတာက စိတ်ကူးယဉ်မှု သက်သက်ပါပဲ။

အချိန်ကာလအလိုက် ဘဝတစ်ခုလုံးကို ဖြန့်ချလျက် အလုံးစုံကို ကျွန်ုပ်တို့ ကြည့်နိုင်မယ်ဆိုရင်ရော။ ဘာက သူတို့တွေကို ပျော်ရွှင်၊ ကျန်းမာစေတာကို သိဖို့ လူတွေကို သူတို့ ဆယ်ကျော်သက်တွေ ကာလကနေ အိုမင်းသွားတဲ့ကာလ တစ်လျှောက်လုံးထိ လေ့လာနိုင်ရင်ရော။

ဒါကို လုပ်ခဲ့ပါတယ်။ Harvard Study of Adult Devwlopment ဟာ ပြုလုပ်ခဲ့သမျှ လူကြီးဘဝလေ့လာမှုမှာ အရှည်ဆုံး ဖြစ်လောက်ပါတယ်။ ရ၅ နှစ်ကြာ အမျိုးသား ၇၂၄ ယောက်ကို ခြေရာခံပြီး

တစ်နှစ်ပြီးတစ်နှစ် သူတို့ရဲ့အလုပ်၊ မိသားစု ဘဝနဲ့ ကျန်းမာရေးအကြောင်းကို မေးရင်း တကယ်ကတော့ သူတို့ရဲ့ ဘဝဇာတ်လမ်းတွေ ဘယ်လိုဖြစ်သွားမှာကို မသိပဲနဲ့ တောက်လျှောက် မေးနေခဲ့တာပါ။

ဒီလိုမျိုး လေ့လာမှုတွေဟာ အလွန့်အလွန် ရှားပါတယ်။ ဒီလိုမျိုး ပရောဂျက်အားလုံးနီးပါးဟာ ဆယ်စုနှစ်အတွင်းမှာကို ပြိုကွဲတတ်ပါတယ်၊ အကြောင်းက လူအများကြီး လေ့လာမှုကနေ နှုတ်ထွက်တာ ဒါမှမဟုတ် သုသေသနအတွက် ရံပုံငွေကုန်တာ မဟုတ်လည်း သုသေသီတွေ အာရုံပြောင်းတာ သို့မဟုတ် သေတာနဲ့ ဘယ်သူမှ ဒီနယ်ပယ်ကို ရှေ့မဆက်တော့တာ ကြောင့်ပါ။ ဒါပေမဲ့ ကံနဲ့ သုသေသီတွေရဲ့ များစွာသော မျိုးဆက်တွေရဲ့ ဇွဲနပဲ ပေါင်းစပ်မိနိုင်ခဲ့လို့ ဒီသုသေသနဟာ ရှင်သန်ကျန်နေခဲ့တယ်။ မူလ လူ ၇၂၄ ယောက်ထဲက ၆၀ လောက်ဟာ အသက်ရှင်နေတုန်း၊ သုသေသနမှာ ပါဝင်နေကြတုန်းပါ။

အများစုဟာ ၉၀ ကျော်တွေပါ။ အခုတော့ ဒီလူတွေရဲ့ ကလေး ၂၀၀၀ ကျော်ကို ကျွန်တော်တို့ စတင်လေ့လာနေပါတယ်။ ကျွန်တော်က လေ့လာမှုရဲ့ စတုတ္ထမြောက်

ညွှန်ကြားရေးမှူးပါ၊ ၁၉၃၈ ကစပြီး လူအုပ်စု နှစ်စုရဲ့ ဘဝတွေကို ခြေရာခံပါတယ်။ လေ့လာမှုရဲ့ ပထမအစုကို သူတို့တွေ Harvard ကောလိပ်မှာ ဒုတိယနှစ်တက်တော့ စခဲ့တာပါ။ ဒုတိယကမ္ဘာစစ်အတွင်းမှာ သူတို့အားလုံး ကောလိပ်ပြီးခဲ့ပြီး အများစုဟာ စစ်ထဲမှာ စစ်မှုထမ်းပါတယ်။ နောက် ကျွန်တော်တိုလိုက်တဲ့ ဒုတိယအုပ်စုက Boston ရဲ့ အဆင်းရဲဆုံးပတ်ဝန်းကျင်က ကောင်လေးတွေ တစ်စုပါ။ လေ့လာမှုအတွက် ကောင်လေးတွေကို ရွေးချယ်ခဲ့တာကတော့ အထူးသဖြင့် သူတို့တွေဟာ ၁၉၃၀ နှစ်လွန်တွေက

Boston မှာ ဒုက္ခအများဆုံးနဲ့ အချို့ငဲ့ဆုံး မိသားစု တစ်ချို့ကဖြစ်လို့ပါ။

အများစုက အိမ်ငှားနေကြပြီး အများအပြားဟာ ရေပူ၊ ရေအေးမပါပါဘူး။

သူတို့လေ့လာမှုထဲ ဝင်လာတော့

ဒီဆယ်ကျော်သက်တွေ အားလုံးကို တွေ့ဆုံမေးမြန်းခဲ့ပါတယ်။ ဆေးဘက်ဆိုင်ရာ စမ်းသပ်မှုတွေ လုပ်ခဲ့တယ်။ သူတို့အိမ်တွေကိုသွားပြီး မိဘတွေနဲ့ တွေ့ဆုံမေးမြန်းခဲ့ပါတယ်။ နောက်ပြီး ဒီဆယ်ကျော်သက်တွေဟာ ဘဝမျိုးစုံမှာ ကျင်လည်တဲ့ လူကြီးတွေဖြစ်လာတယ်။ သူတို့တွေဟာ စက်ရုံလုပ်သားတွေ၊ ရှေ့နေတွေ၊ ပန်းရံသမားတွေနဲ့ တစ်ယောက်က အမေရိကန် သမ္မတ ဖြစ်လာခဲ့တယ်။ တစ်ချို့က အရက်စွဲကြပြီး အနည်းငယ်ကတော့ စိတ်ကစဉ့်ကလျာ ရောဂါရတယ်။ တစ်ချို့က အောက်ခြေကနေ ထိပ်ပိုင်းထိ တောက်လျှောက် လူမှုရေး လှေကားတက်သွားကြပြီး တစ်ချို့ကတော့ ဆန့်ကျင်ဘက် ခရီးကို နှင်ကြတာပေါ့။

ဒီလေ့လာမှုကို စတင်ခဲ့ကြသူတို့ဟာ သူတို့ရဲ့ အိပ်မက်တွေထဲမှာတောင် ရ၅ နှစ် ကြာသွားတဲ့နောက်မှာ ကျွန်တော် ဟာ ဒီမှာ ရပ်နေကာ လေ့လာမှုကို ဆက်လက် လုပ်ကိုင်နေတာကို

ခင်ဗျားတို့အား ပြောပြမှာကို စိတ်ကူးရဲခဲ့ကြမှာ မဟုတ်လို့ပါ။ နှစ်နှစ်စီတိုင်းမှာ ကျွန်တော်တို့ရဲ့ စိတ်ရှည်ပြီး ဇွဲရှိကြတဲ့ ဝန်ထမ်းတွေက အမျိုးသားတွေကို ဖုန်းခေါ်ပြီး နောက်ထပ်မေးခွန်းတစ်စုံ သူတို့ကို ပို့ပေးလို့ရ မလားလို့ မေးမြန်းကြပါတယ်။

Boston မြို့တွင်းပိုင်းက အမျိုးသားတွေက ကျွန်တော်တို့ကို မေးတာက "ဘာလို့ ကျုပ်ကို ဆက်လေ့လာချင် ရတာလဲ၊ ကျုပ်ဘဝက အဲလောက် စိတ်ဝင်စားစရာမှ မရှိတာ။" Harvard သားတွေကတော့ ဒီမေးခွန်း ဘယ်တော့မှ မမေးဘူး။

(ရယ်သံများ)

သူတို့ဘဝတွေရဲ့ အရှင်းလင်းဆုံး ပုံရိပ်တွေရဖို့ ကျွန်တော့တို့ဟာ စစ်တမ်းမေးခွန်းလွှာတွေကို ပို့ရုံသာမကဘဲ သူတို့ရဲ့ ဧည့်ခန်းတွေမှာလည်း တွေ့ဆုံမေးမြန်းပါတယ်။ သူတို့ရဲ့ ဆရာဝန်တွေဆီက ဆေးမှတ်တမ်းတွေ ယူပါတယ်။ သူတို့ရဲ့ သွေးကိုယူပြီး ဦးနှောက်တွေကို စကင်ဖတ်တယ်၊ သူတို့ကလေးတွေနဲ့ စကားပြောတယ်။ နက်ရှိုင်းတဲ့ ပူပန်မှုတွေအကြောင်း သူတို့ ဇနီးတွေနဲ့ ပြောဆိုတာကို ဗီဒီယိုရိုက်ပါတယ်။ ပြီးတော့ လွန်ခဲ့တဲ့ ဆယ်စုနှစ်က သူတို့ ဇနီးတွေကို နောက်ဆုံးတော့ လေ့လာမှုမှာ အဖွဲ့ဝင်တွေအဖြစ် ပါချင်လားလို့ မေးခဲ့တယ်။ မိန်းမ အများစုက ပြောတာက "သိတယ်မို့လား၊ အချိန်ကိစ္စပဲ"တဲ့

(ရယ်သံများ)

ဒီတော့ ကျွန်တော်တို့ ဘာသိလိုက်လဲ။ ဒီဘဝတွေအကြောင်း ကျွန်တော်တို့ ထုတ်လုပ်လိုက်တဲ့ သောင်းချီတဲ့ သတင်းအချက်အလက် စာမျက်နှာတွေမှ သင်ခန်းစာတွေက ဘာတွေများလဲ။ သင်ခန်းစာတွေက ချမ်းသာမှု၊ ကျော်ကြားမှု၊ အလုပ်ကို ပိုပို ကြိုးစားတာတွေ မဟုတ်ဘူး။ ဒီ ၇၅နှစ်ကြာ လေ့လာမှုကကနေ ကျွန်တော်တို့ရတဲ့ အရှင်းဆုံး အချက်က ကောင်းမွန်တဲ့ ဆက်ဆံရေးဟာ ကျွန်တော်တို့ ကို ပိုပျော် ပိုကျန်းမာစေတယ်တဲ့။ ရပြီပေါ့။

ဆက်ဆံရေးနဲ့ပတ်သက်တဲ့ ဒီ သင်ခန်းစာကြီး သုံးရပ်ကို လေ့လာသင်ယူမိပါတယ်။ ပထမဆုံးက လူမှုရေး ဆက်သွယ်မှုတွေဟာ ကျွန်တော်တို့အတွက် ကောင်းပါတယ်၊ အထီးကျန်မှုက ကျွန်တော်တို့ကို သတ်ပစ်ပါတယ်။ ဖြစ်သွားတာက မိသားစု၊ မိတ်ဆွေတွေ၊ လူစုတွေနဲ့ လူမှုရေးဆက်သွယ်မှု ပိုရှိတဲ့သူတွေဟာ ဆက်သွယ်မှုကောင်းတွေ ပိုနည်းသူတွေထက် ပိုပြီးပျော်ကြပြီး ရုပ်ပိုင်းအရ ပိုကျန်းမာကာ အသက်လည်း ပိုရှည်ကြပါတယ်။ ပြီးတော့ အထီးကျန်မှုရဲ့ အတွေ့အကြုံ ဟာ အဆိပ်ဖြစ်သွားတတ်ပါတယ်။ အခြားသူတွေကနေ ပိုပြီး သီးသန့်နေချင်တဲ့သူတွေဟာ ပျော်ရွှင်မှုပိုနည်းတာကို တွေ့ရတယ်။ သူတို့ရဲ့ ကျန်းမာရေးဟာ ဘဝအလယ်ပိုင်းမှာ စောပြီး ပိုကျဆင်းလာကာ သူတို့ရဲ့ ဦးနှောက်စွမ်းဆောင်ချက်တွေ ဟာ စောစောပဲ ကျဆင်းပြီး သူတို့ဟာ အထီးကျန် မဖြစ်သူတွေထက် အသက်ပိုတိုပါတယ်။ ဝမ်းနည်းစရာက ဘယ်အချိန်ကိုပဲ ယူကြည့်ကြည့် အမေရိကန် ငါးယောက်မှာ တစ်ယောက်မကက အထီးကျန်နေရခြင်းပါပဲ။

ပြီးတော့ သင်ဟာ လူအုပ်ထဲမှာတောင် အထီးကျန်နိူင်တာ၊​ အိမ်ထောင်ကျပြီး အထီးကျန်နိူင်တာ ကျွန်တော်တို့ သိရပါတယ်။ ဒီတော့ ကျွန်တော်တို့ သင်ယူလိုက်တဲ့ ဒုတိယ သင်ခန်းစာက သင့်မှာရှိတဲ့ မိတ်ဆွေ အရေအတွက်တင်မဟုတ်ဘဲ ကိုယ့်ဆီမှာ ရည်စူးထားတဲ့ ဆက်ဆံမှုတွေ ရှိတာ၊မရှိတာ မဟုတ်ပဲ သင့်ဆက်ဆံမှုများရဲ့ ရင်းနှီးမှုကသာ အရေးပါတာပါ။ ဝိရောဓိတွေကြားမှာ နေထိုင်ခြင်းက ကျန်းမာ ရေးကို တကယ့်ကို ဆိုးသွားစေနိုင်ပါတယ်။ ဥပမာ၊ ချစ်ခင်မှု သိပ်မရှိဘဲ ပဍိပက္ခ ပြင်းထန်တဲ့ အိမ်ထောင်တွေဟာ ကွာရှင်းလိုက်တာထက် တောင်မှ ကျန်းမာရေးအတွက် အရမ်းဆိုးနိုင်ပါတယ်။ ကောင်းမွန်၊ နွေးထွေးတဲ့ ဆက်နွယ်မှုအကြား မှာ နေထိုင်ခြင်းက အကာအကွယ်ပေးပါတယ်။

ကျွန်တော်တို့လူတွေရဲ့ ၈၀ လွန်နှစ်တွေ တစ်လျှောက် လိုက်ကြည့်ခဲ့ရာ သူတို့ရဲ့ အသက်တစ်ဝက်ကျိုးချိန်ကို ပြန်ကြည့်ပြီး ဘယ်သူတွေဟာ ပျော်ရွှင်၊ ကျန်းမာတဲ့ ၈၀ ကျော်

ဘဝထဲ ကြီးပြင်းမလဲ၊ ဘယ်သူတော့ ဖြစ်မလာဘူး ဆိုတာကို ဟောကိန်းထုတ်နိုင်မလားလို့ သိချင်ခဲ့တယ်။ ပြီးတော့ အသက် ၅၀ အရွယ် သူတို့ အကြောင်း ကျွန်တော်တို့ သိသမျှတွေကို စုပေါင်းလိုက်တော့ သူတို့တွေ ဘယ်လို အိုမင်းမယ်ဆိုတာကို ဟောနိုင်တာက သူတို့ရဲ့ သက်လတ်ပိုင်း ကိုလက်စထရော အဆင့်တွေ မဟုတ်ပဲ သူတို့ရဲ့ ဆက်ဆံရေးတွေနဲ့ ဘယ်လို စိတ်ကျေနပ်မှု ရှိခဲ့လဲဆိုတာပါ။ အသက် ၅၀ အရွယ် ဆက်ဆံရေးမှာ စိတ်ကျေနပ်မှု အများဆုံးရှိသူတွေဟာ

အသက် ၈၀ မှာ အကျန်းမာဆုံးတွေ ဖြစ်ခဲ့တယ်။ ကောင်းမွန်၊ ရင်းနှီးတဲ့ ဆက်ဆံရေးဟာ အိုမင်းခြင်းရဲ့ တိုက်ခိုက်မှုမှ သက်သာအောင် ကြားခံပေးပုံရပါတယ်။ ကျွန်တော်တို့ရဲ့ အပျော်ရွှင်ဆုံး တွဲဖက် တွေဖြစ်တဲ့ အမျိုးသား အမျိုးသမီးတွေက သူတို့ရဲ့ ၈၀ ကျော်နှစ်တွေမှာ အစီရင်ခံတာက သူတို့တွေ ရုပ်ပိုင်းနာကျင်မှု ပိုခံစားရတဲ့ နေ့တွေမှာတောင် သူတို့ဟာ စိတ်ထဲ ပျော်ရွှင်နေတုန်းပါပဲတဲ့။ ဒါပေမဲ့ ဆက်ဆံရေး စိတ်ညစ်စရာ ဖြစ်ခဲ့သူတွေ အစီရင်ခံကြတာက ရုပ်ပိုင်းအရ ပိုနာကျင်ချိန်မှာ စိတ်ထဲတွင် နာကျင်မှုဒဏ်ကို အဆမတန် ခံစားရတယ်တဲ့။

ဆက်ဆံရေးနဲ့ ကျန်းမာရေးအကြောင်း သင်ယူလိုက်ရတဲ့ တတိယ သင်ခန်းစာက ကောင်းမွန်တဲ့ဆက်ဆံရေးဟာ ကိုယ်ခန္ဓာတွေ ကို ကာကွယ်ပေးရုံမက ဦးနှောက်ကိုပါ ကာကွယ်ပေးပါတယ်။ ၈၀ လွန်နှစ်တွေမှာ အခြားသူတစ်ယောက်နဲ့ ခိုင်မာတဲ့ သံယောဇဉ်ရှိနေခြင်းဟာ အကာအကွယ်ရှိမူဖြစ်စေပြီး သံယောဇဉ်ရှိကြတဲ့ လူတွေဟာ လိုအပ်လာရင် အခြားသူတစ်ယောက်ကို အားကိုးနိုင်တာကို တကယ်ခံစားရပါတယ်။ ဒီလူတွေရဲ့ မှတ်ဉာဏ်တွေဟာ ပိုထက်မြက်၊ ပိုကြာရှည်ပါတယ်။ အားကိုးရမယ့်လူမျိုး မရှိဘူးလို့ ခံစားရတဲ့ ဆက်ဆံရေးမျိုး ရှိတဲ့သူတွေကျတော့ ပိုစ​ောလျှင်စွာ မှတ်ဉာဏ် ကျဆင်းမှုကို ကြုံကြရတဲ့ သူတွေပါ။ ကောင်းမွန်တဲ့ ဆက်ဆံရေးတွေဟာ တစ်ချိန်လုံး ချောမွေ့စရာ မလိုပါဘူး။ ကျွန်တော်တို့ရဲ့ ဂ၀ ကျော် စုံတွဲတွေထဲက တစ်ချို့ ဟာ တစ်ဦးနဲ့တစ်ဦး နေ့တဓူဝ တကျက်ကျက် ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ တစ်ဦးကို တစ်ဦး တကယ့်ကို အားကိုးနိုင်တယ်လို့ ခံစားနေသရွေ့ အခက်အခဲကြုံတော့မယ့် အခါမှာတော့ ဒီ စကားများမှုတွေဟာ သူတို့ရဲ့ မှတ်ဉာဏ် မှာ ဗွေမယူတော့ပါဘူး။

ဒီတော့ အရေးကြီးတဲ့ အချက်က ကောင်းမွန်၊ ရင်းနှီးတဲ့ ဆက်ဆံရေးတွေဟာ ကျန်းမာ ချမ်းသာရေးအတွက် ကောင်းပါတယ်။ ဒါက ရှေးဟောင်း အတွေးအခေါ်လေးပါ။ ဘာဖြစ်လို့ ဒါက နားလည်ဖို့ သိပ်ခက်ပြီး လျစ်လျှူရှုဖို့ သိပ်လွယ်ရတာလဲ။ အင်း ကျွန်တော်တို့က လူသားတွေ၊

ကျွန်တော်တို့ တကယ် ကြိုက်တာက အလွယ်တကူ လုပ်နိုင်မယ့် ဘဝတွေကို ကောင်းမွန်စေပြီး အဲဒီအတိုင်း ထိန်းထားနိုင်မယ့် နည်းလမ်း တစ်ခုခုပါ။ ဆက်ဆံရေးဆိုတာဟာ ခက်ခဲ ရှုပ်ထွေးလှပြီး မိသားစုနဲ့ မိတ်ဆွေတွေကို စောင့်ရှောက် ရတာဟာ ပင်ပန်းတဲ့ အလုပ်ပါ၊ ဒါဟာ ဆွဲဆောင်မှု (သို့) မက်မောစရာ ကောင်းတဲ့ အရာမဟုတ်ပါ။ ဒါက ရာသက်ပန်လည်းဖြစ်တယ်၊ ဘယ်တော့မှ မဆုံးနိုင်ပါ။ ကျွန်တော်တို့ရဲ့ ၇၅ နှစ်တာ လေ့လာမှုအရ အနားယူချိန်မှာ အပျော်ဆုံး သူတွေဟာ သူတို့ရဲ့ လုပ်ဖော်တွေကို ကစားဖော်တွေနဲ့ အစားထိုးဖို့ ကြိုးစားခဲ့ကြတဲ့သူတွေပါ။ အဲဒီ မကြာသေးတဲ့ စစ်တမ်းထဲက နှစ်ထောင်ပြည့် နှစ်များကလူကြီးတွေလို လူလတ်ပိုင်းအဖြစ် စတင်လာနေတဲ့ ကျွန်တော်တို့လူတွေ တော်တော်များများဟာ ကျော်ကြားမှု၊ ချမ်းသာမှုနဲ့ မြင့်မားတဲ့ အောင်မြင်မှုကိုတွေဟာ ကောင်းမွန်တဲ့ ဘဝတစ်ခုရှိဖို့ ကြိုးစားရယူရမယ့် အချက်တွေလို့ တကယ် ယုံကြည်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီ ၇၅ နှစ်တာ လေ့လာမှုမှာ အထပ်ထပ် ပြထားတာက အကောင်းဆုံးတွေကို တွေ့ကြုံရသူတွေဟာ မိသားစုနဲ့အတူ၊ မိတ်ဆွေတွေနဲ့အတူ၊ လူစုတွေနဲအတူ ဆက်ဆံရေးကို ကိုင်းညွှတ်ခဲ့သူတွေ ဆိုတာပါ။

ဒီတော့ ခင်ဗျားတို့ သဘောကရော။ ခင်ဗျားတို့ဟာ ၂၅ နှစ်၊ အသက် ၄၀၊ ၆၀ ဆိုပါတော့ဗျာ။ ဆက်ဆံရေးကို ကိုင်းညွှတ်တာဟာ ဘယ်လိုပုံ ဖြစ်လိမ့်မလဲ။

ကောင်းပြီ၊ ဖြစ်နိုင်ခြေတွေက အဆုံးမရှိ နီးနီးပါ။ တီဗီအချိန်ကို လူတွေတွေ့ချိန်နဲ့ အစားထိုး သလောက် ရိုးရှင်းနိုင်လောက်တယ်၊ ဒါမှမဟုတ် ရိုးအီနေတဲ့ ဆက်ဆံရေးကို အသစ် တစ်ခုခု အတူလုပ်ရင်းနဲ့ အသက်ဝင်တာတို့၊ လမ်းကြာကြာလျှောက်တာ၊ ညတွေမှာ တွေ့ဆုံတာတွေ၊ မဟုတ်လည်း စကားမပြောတာကြာပြီဖြစ်တဲ့ မိသားစုဝင်ဆီ သွားတာပေါ့။ အကြောင်းက ဒါတွေအားလုံးကလည်း အမျက်သိုထားတဲ့ လူတွေအပေါ်မှာ ဘုံမိသားစု ရန်စတွေကို ဆိုးဆိုးဝါးဝါး ဖြစ်ပေါ်စေတယ်လေ။

Mark Twain ရဲ့ အဆိုလေးနဲ့ အဆုံးသတ်လိုက်ချင်ပါတယ်။ လွန်ခဲ့တဲ့ ရာစုကပါ၊ သူရဲ့ ဘဝကို လည်ပြန်ကြည့်လိုက်ရင်း ဒါကို သူရေးသားခဲ့တယ်။ "ဘဝဟာ သိပ်တိုတောင်းတော့ အချင်းများတာ၊ တောင်းပန်တာတွေ၊ ရင်ပူရင်ဆာတာတွေ၊ ရှင်းပြရတာတွေအတွက် အချိန်မရှိနိုင်ပါဘူး၊ ချစ်ခင်ဖို့အတွက်ပဲ အချိန်ဆိုတာ ရှိပါတယ်၊ ပြီးတော့ အဲဒီအချိန်က အခုကို လုပ်ရမယ့် အချိန်ပါပဲ။"

ကောင်းမွန်တဲ့ ဘဝကို ကောင်းမွန်တဲ့ ဆက်ဆံရေးတွေနဲ့သာ တည်ဆောက်နိုင်ပါတယ်။

ကျေးဇူးတင်ပါတယ်။

(လက်ခုပ်သံများ)