Linda Liukas
1,815,750 views • 11:03

ကုဒ်စနစ်ဟာ လူတိုင်းသိလာမယ့် နောင် ဘာသာစကားပါ။ ခုနှစ်ဆယ်နှစ်တွေက punk ဂီတဟာ မျိုးဆက်တစ်ခုလုံးကို မောင်းနှင်ခဲ့တယ်။ ရှစ်ဆယ်ခုတွေမှာ ပိုက်ဆံဖြစ်လောက်ပါတယ်။ ဒါပေမဲ့ ကျွန်မမျိုးဆက် လူတွေကျတော့ ဆော့ဖ်ဝဲ့ဟာ ကျွန်မတို့ စိတ်ကူးနဲ့ ကျွန်မ တို့ကမ္ဘာကို ပေါင်းကူးပေးလိုက်တာပါ။ အဓိပ္ပါယ်က ဒီထုတ်ကုန်တွေ ဆောက်ဖို့ အင်မတန့် အင်မတန် စုံလင်လှတဲ့ လူတွေ လိုအပ်တယ်လို့ ဆိုလိုတာပါ။ ကျွန်ပြူတာတွေကို စက်ဆန်တယ်၊ အထီးကျန်ပြီး မှော်ဆန်တယ်လို့ မမြင်ပဲ ၎င်းတို့ကို ကလိနိုင်၊ လှည့်လည်နိုင်၊ လိမ်ပတ်နိုင်တဲ့ စတဲ့အရာတွေအဖြစ် မြင်ဖို့ပါ။

ပရိုဂရမ်ရေးခြင်းနဲ့ နည်းပညာ လောကထဲမှာ ကျွန်မ ကိုယ်တွေ့

ခရီးရှည်က နုနယ်တဲ့ အသက် ၁၄ နှစ်မှာ စတင်ခဲ့ပါတယ်။ အသက်ပိုကြီးသူကို စွဲလန်းတဲ့ ဆယ်ကျော်သက် အရူးထမှု ရှိခဲ့ပြီး ခုနကပြောတဲ့လူကြီးဟာ အမေရိကန်ပြည်ထောင်စုရဲ့ အဲဒီတုန်းက ဒုတိယ သမ္မတ Mr. Al Gore ဖြစ်နေခဲ့တယ်လေ။ ဆယ်ကျော်သက် မိန်းကလေးတိုင်း လုပ်ချင်ခဲ့တာ ကျွန်မလုပ်ခဲ့တယ်။ ဒီအချစ်တွေကို တစ်နည်းနည်းနဲ့ ဖော်ပြချင်တော့ သူ့အတွက် ဝက်ဆိုက်တစ်ခု ဆောက်လိုက်တယ်၊ ဒီမှာပါ။ ၂၀၀၁ မှာ Tumblr မရှိခဲ့ဘူး၊ Facebook မရှိခဲ့ဘူး။ Pinterest မရှိခဲ့ဘူး။ ဒီတော့ ဒီတောင့်တမှုနဲ့ ချစ်ခြင်းကို ဖော်ပြဖို့ ကုဒ်စနစ်ကို သင်ဖို့ လိုခဲ့တာပေါ့။

ဒီလိုနဲ့ ပရိုဂရမ်ရေးသားခြင်းကို ကျွန်မစခဲ့တာပါ။

မိမိကိုယ်ကို ဖော်ပြတဲ့နည်းနဲ့ စတင်ခဲ့တာပါ။ ငယ်ငယ်တုန်းကဆို ရောင်စုံခဲတံတွေ၊ ပလပ်စတစ်တုံးတွေ သုံးခဲ့တာမျိုးပေါ့။ ကြီးလာတော့ ဂစ်တာသင်ခန်းစာတွေ၊ ပြဇာတ်တွေ သုံးဖြစ်ခဲ့တယ်။ ဒါပေမဲ့ ဒီတုန်းက အခြားစိတ်လှုပ်ရှားစရာတွေ ​ရှိခဲ့သေးတယ်၊ ကဗျာစာပေနဲ့ ခြေအိတ်ထိုးတာတို့၊ ပုံမှန်မဟုတ်တဲ့ ပြင်သစ် ကြိယာတွေပြောင်းတာတို့၊ စိတ်ကူးယဉ် ကမ္ဘာဆောက်တာတို့၊ Bertrand Russell နဲ့ သူ့ရဲ့ ဒဿနတို့ပေါ့။

ကျွန်ပြူတာတွေဟာ ပျင်းစရာ၊ နည်းပညာဆန်ပြီး အထီးကျန်တယ်လို့ ခံစားမိသူတွေထဲက တစ်ယောက်ပေါ့။

ဒီနေ့ ကျွန်မတွေးမြင်တာက ဒီလိုပါ။ ကောင်မလေးတွေဟာ ကွန်ပြူတာတွေကို ကြိုက်ရမှန်း မသိကြဘူး။ ကောင်မလေးတွေဟာ အံ့ဩစရာပါ။

ကိစ္စရပ်တွေမှာ တကယ်ကို စူးစိုက်မှုအားကောင်းကြပြီး တိကျကြတယ်၊ အံ့စရာကောင်းတဲ့ ဒီလိုမေးခွန်းတွေကို မေးတတ်ကြတယ်၊ "ဘာလဲ" "ဘာလို့လဲ" "ဘယ်လိုလဲ" "ဘယ်လိုဖြစ်မလဲ" ပေါ့။

ကွန်ပြူတာတွေကို ကြိုက်ရကောင်းမှန်း သူတို့ မသိကြဘူး။

သိတာက မိဘတွေပါ။ ကွန်ပြူတာသိပ္ပံဟာ ပညာရပ်ဆန်ပြီး ဘယ်လိုမှန်းမသိတဲ့၊ လူထူး လူဆန်းတွေနဲ့သာဆိုင်တဲ့ သိပ္ပံ ဘာသာရပ်လို့ ခံစားမိတာက ကျွန်မတို့ မိဘတွေပါ။ ဒါက နေ့စဉ်ဘဝကနေ ပြောရင် အဏုမြူ ရူပဗေဒ နီးပါးလောက်ကို ဖယ်ရှားခံရတာပါ။

တစ်စိတ်တစ်ပိုင်းတော့ သူတို့တွေ မှန်ပါတယ်။ ပရိုဂရမ်ရေးရာမှာ များပြားလှတဲ့ ဝါကျဖွဲ့ထုံးတွေ၊ ထိန်းချုပ်မှုတွေ၊ ဒေတာတည်ဆောက်မှုတွေ၊ အယ်လ်ဂိုရစ်သမ်တွေ၊ ထုံးစံတွေ၊ ကျင့်ဝတ်တွေ၊ နမူနာတွေ ရှိပါတယ်။ လူမှုအဖွဲ့အစည်း တစ်ရပ်အနေနဲ့ ကွန်ပြူတာကို သေးသထက်သေးအောင် လုပ်ခဲ့တယ်။ လူနဲ့ စက်ကြားက တစ်ခုချင်းစီရဲ့ အပေါ်မှာ ကွန်ပြူတာတွေ ဘယ်လိုလုပ်ဆောင်တယ်၊ ဘယ်လို ညွှန်ကြားတယ် ဆိုတာကို မသိရတော့လောက်တဲ့ အထိ စိတ်ကူးအလွာတွေကို အထပ်ထပ် တည်ဆောက်ထားတယ်။ ကလေးတွေကို လူ့ကိုယ်ခန္ဓာ လုပ်ဆောင်ပုံတွေ သင်ပေးတယ်။ အင်ဂျင် လည်ပတ်ပုံတွေကို သင်ပေးပြီး အာကာသယာဉ်မှုး တစ်ယောက်ဖြစ်ချင်ရင် ဖြစ်လာနိုင်တယ်ဆိုတာတောင် ပြောပြကြတယ်လေ။ ဒါပေမဲ့ ကလေးတွေ လာမေးတဲ့အခါ " ပလုံစီတဲ့ အယ်လ်ဂိုရစ်သမ် ဆိုတာဘာလဲ"

"'Play' ဆိုတဲ့ ခလုတ်ကို နှိပ်တဲ့အခါ ဖြစ်တာကိုကွန်ပြူတာက ဘယ်လိုသိလဲ၊ ဘယ်ဗီဒီယိုပြဖို့ဆိုတာ ဘယ်လိုသိလဲ။"

ဒါမှမဟုတ် "Linda အင်တာနက်က နေရာတစ်ခုလား။" လို့ဆိုတော့ ကျွန်မတို့ လူကြီးတွေဟာ ကြောင်ကြောင်ကြီး နှုတ်ဆိတ်နေလို့။ တစ်ချို့က "ဒါက မှော်ကွ" တဲ့။ တစ်ခြားသူတွေက" ရှုပ်ထွေးလွန်းပါတယ်" တဲ့။

အင်း အဲဒါ တစ်ခုမှမဟုတ်ဘူး။ မှော်လည်းမဟုတ်၊ ရှုပ်ထွေးတာလည်း မဟုတ်ဘူး။ ဒါက အရမ်း၊ အရမ်းကို မြန်မြန် ဖြစ်ပျက်တာပါ။ ကွန်ပြူတာပညာရှင်တွေဟာ ဒီအံ့ဖွယ်၊ လှပတဲ့ စက်တွေကို ဆောက်ပေမဲ့ ကျွန်မတို့နဲ့ မဆိုင်ရလောက်အောင်ကို ဖန်တီးခဲ့ပြီး ကျွန်ပြူတာတွေကို ပြောတဲ့ ဘာသာစကားကိုရောဆိုတော့ ထူးဆန်းတဲ့ အသုံးပြုသူ ကြားခံစနစ်မပါရင် ကျွန်ပြူတာတွေကို ဘယ်လိုပြောရမှန်း မသိတော့ဘူးပေါ့။

ဒါကြောင့်ပဲ ဘယ်သူမှ မမှတ်မိတာက ပြင်သစ်ဘာသာ ပုံမှန်မဟုတ်တဲ့ ကြိယာတွေကို ပြောင်းနေစဉ်က ကျွန်မရဲ့မှတ်မိခြင်းစွမ်းရည် ပုံစံကို လေ့ကျင့်နေတယ်ဆိုတာပါ။ သိုးမွှေးထိုးတာနဲ့ စိတ်လှုပ်ရှားမိတုန်းက အပြန်ပြန် ထပ်ကျော့တာတွေပါတဲ့ သင်္ကေတဆိုင်ရာ ညွှန်ကြားခြင်း အစီအစဉ်ကို လိုက်နာနေတာပါ။ အင်္ဂလိပ်ဘာသာနဲ့သင်္ချာပညာကြား တိကျတဲ့ ဘာသာစကား တွေ့ဖို့ Bertrand Russell ရဲ့တစ်သက်တာ ရှာဖွေခြင်းဟာ ကွန်ပြူတာရဲ့ အတွင်းမှာ ၎င်းရဲ့ အိမ်ကိုတွေ့တယ်ဆိုတာပါ။ ကျွန်မဟာ ပရိုဂရမ်ရေးသူဆိုတာ ဘယ်သူမှမသိကြဘူး။

ဒီနေ့ကလေးတွေ ကမ္ဘာကြီးပေါ်မှာ သူတို့နည်း သူတို့ဟန်နဲ့ ခေါက်တယ်၊ ဆွဲယူတယ်၊ညှပ်ယူတယ်။ ဒါပေမဲ့ ကွန်ပြူတာတွေနဲ့ဆောက်ဖို့ ကိရိယာတွေ သူတို့ကို မပေးဘူးဆိုရင် ကျွန်မတို့ဟာ ဖန်တီးသူတွေအစား စားသုံးသူတွေကိုသာ မြှင့်တင်နေတာပါ။

ဒီရှာဖွေမှုက ကျွန်မကို ဒီကလေးမဆီ ခေါ်သွားတယ်၊ သူမရဲ့ အမည်က Ruby၊ အသက်က ခြောက်နှစ်ပါ။ သူမဟာ လုံးဝကို အကြောက်အရွံ့မဲ့ စိတ်ကူး ကောင်းပြီး နည်းနည်း ဆရာကျတယ်ပေါ့။ ပရိုဂရမ်ရေးခြင်းကို ကိုယ့်ကိုယ်ကိုသင်ဖို့ ကြိုးစားလို့ ပြဿနာနဲ့ တိုးတဲ့အခါတိုင်း ဥပမာ၊ "လက်တွေ့ဦးစားပေး ဒီဇိုင်းကဘာလဲ (သို့) အမှိုက်သိမ်းခြင်းဟာ ဘာလဲ"ပေါ့၊ ပြဿနာကို ခြောက်နှစ်အရွယ် ကလေးမ ရှင်းပြမယ့်ပုံကို ကြိုးစား စိတ်ကူးကြည့်တယ်

သူမအကြောင်း စာအုပ်ရေးပြီး သရုပ်ဖော်တယ်၊ Ruby ကျွန်မကို သင်ပေးခဲ့တာတွေက ဒီလိုမျိုးပါ Ruby က အိပ်ရာအောက်က ကြမ်းပိုးတွေကို မကြောက်သင့်ဘူးလို့ သင်တယ်။ အကြီးဆုံး ပြဿနာကြီးတွေဆိုတာတောင်မှ ပြဿနာ အသေးအဖွဲလေးတွေစုပြီး ညပ်နေတဲ့ အစုတစ်ခုပါပဲ။ Ruby က သူမရဲ့ မိတ်ဆွေတွေနဲ့လည်း မိတ်ဆက်ပေးတယ်။ အင်တာနက် ယဉ်ကျေးမှုရဲ့ ရောင်စုံတဲ့ အခြမ်းပေါ့။ သူမမှာ Snow Leopard လို လှပပေမဲ့ အခြားကလေးတွေနဲ့ တွဲမကစားချင်တဲ့ မိတ်ဆွေတွေလည်း ရှိတယ်။ ပြီးတော့ အရမ်းဖော်ရွေပေမဲ့ အသေ ရှုပ်ပွတဲ့ စက်ရုပ်စိမ်းလို မိတ်ဆွေတွေလည်း ရှိတယ်။ သူမမှာ Linux ပင်ဂွင်းလို အသေ ကျွမ်းကျင်ပြီး နည်းနည်းတော့ နားလည်ဖို့ ခက်တဲ့ မိတ်ဆွေတွေက ရှိသေးတယ်။ ပြီးတော့ အတွေးအမြင်သမား မြေခွေးတွေ၊ ဘာတွေပေါ့။

Ruby ရဲ့ကမ္ဘာမှာ နည်းပညာကို ကစားရင်းနေ သင်တာပါ။ ဥပမာ ကွန်ပြူတာတွေဟာ ထပ်ကျော့တဲ့ အရာတွေမှာ အရမ်းကို တော်တာဆိုတော့ Ruby သင်ပေးမယ့်နည်းက ဒီလို ထပ်ကျော့တာတွေပေါ့။ ဒါက Ruby ရဲ့ အကြိုက်ဆုံး ကကွက်၊ ဒီလိုလေ၊ " (ဖြောင်း) ၂ (ဒုန်း) ၂၊ (ဖြောင်း) ၂ ခုန်လိုက်။" ဒါကို လေးခေါက်ထပ်လုပ်ရင်း တန်ပြန် ထပ်ကျော့တွေ သင်ယူတာပေါ့။ ကျွန်မ ခြေတစ်ဘက်တည်းနဲ့ ရပ်နေရင်း ဒီအစဉ်ကို ထပ်လုပ်ရင်း ထပ်ကျော့တွေ သင်ယူတာပါ။ ဒီအစဉ်ကို ထပ်လုပ်ရင်း အဖန်ဖန် ကျော့တဲ့အထိ သင်ယူတယ်၊ အမေ စိတ်မဆိုးခင်အထိပေါ့လေ။ (ရယ်သံများ) အများစုကတော့ အဖြေတွေဟာ အဆင်သင့် မရှိဘူးဆိုတာကို သင်ယူတာပါ။

Ruby ရဲ့ကမ္ဘာအတွက် သင်ရိုးညွှန်းတမ်းနဲ့ ကြုံလာတော့ ကလေးတွေကို ကမ္ဘာကြီးကို ဘယ်လိုမြင်လဲ၊ ဘယ်လိုမေးခွန်းတွေ ရှိလဲဆိုတာ မေးဖို့လိုအပ်လာပြီး စမ်းသပ်စစ်ဆေး ကစားတာတွေ စီစဉ်ပြီး ကလေးတွေကို ဒီပုံလေးပုံနဲ့ပြပြီး စလိုက်တယ်။ ကားပုံ၊ ကုန်စုံဆိုင်ပုံ၊ ခွေးပုံနဲ့ ရေအိမ်ပုံတစ်ပုံ ပြလိုက်ချင်ပါတယ်။ ပြီးတော့ မေးမှာက " ဒီထဲက ဘယ်ပုံဟာ ကွန်ပြူတာလို့ ထင်ကြလဲ" လို့လေ။ ကလေးတွေကတော့ အရမ်း ရှေးရိုးဆန်ပြီး ဖြေကြမှာက "တစ်ခုမှ ကွန်ပြူတာ မဟုတ်ဘူး၊ ကွန်ပြူတာ ဘာဆိုတာ ကျွန်တော်သိတယ်၊ ဒါက မေမေ (သို့) ဖေဖေတို့ အဲဒီအရှေ့မှာ အချိန်တွေ အတော်ကုန် ကြတဲ့ တောက်ပနေတဲ့ တီဗွီပါ"တဲ့။ ဒါပေမဲ့ ကျွန်မတို့ ဆွေးနွေးပြီး

တွေ့ရှိမှာက ကားဟာ ကွှန်ပြူတာတစ်လုံး၊ အထဲမှာ လမ်းကြောင်းပြစနစ်တစ်ခု ရှိတယ်ဆိုတာပါ။

ခွေးကတော့ ခွေးက ကွန်ပြူတာ မဖြစ်လောက်ဘူး၊

ဒါပေမဲ့ လည်ပတ် ပါနေတော့ လည်ပတ်ထဲမှာ ကွန်ပြူတာ ရှိလောက်တယ်ပေါ့။ ကုန်စုံဆိုင်တွေ၊ ကွန်ပြူတာမျိုးစုံရှိတယ်၊ ငွေကိုင်စနစ်တို့၊ သူခိုးလှန့်တဲ့ ခေါင်းလောင်းတို့လိုပေါ့။ ကလေးတွေ ဘာဆိုတာသိကြလား၊ ဂျပန်မှာ ရေအိမ်တွေဟာ ကွန်ပြူတာတွေပဲ၊ ဝင်ကြည့်တဲ့ ဟက်ကာတွေတောင်ရှိတယ်။ (ရယ်သံများ)

ဒိထက်တိုးပြီး သူတို့ကို အဖွင့်၊ အပိတ် ခလုတ်ပါတဲ့ စတစ်ကာတွေ ပေးလိုက်တယ်။ ပြီးတော့ ကလေးတွေကို "ဒီနေ့ ဒီအခန်းထဲက အရာတိုင်းကို ကွန်ပြူတာအဖြစ် ဖန်တီးဖို့ မှော်အစွမ်း မင်းတို့မှာရှိတယ်" လို့ပြောလိုက်တယ်။ ပြီးတော့ ကလေးတွေ ထပ်ပြောတာက "ကြားရတာ တကယ်ခက်ပုံပဲ၊ ဒီအတွက် အဖြေမှန်ကို မသိဘူး"တဲ့။ ဒါပေမဲ့ ကျွန်မက "မပူပါနဲ့၊ မင်းတို့မိဘတွေလည်း အဖြေမှန်မသိဘူး၊ "အရာတွေရဲ့ အင်တာနက်"လို့ခေါ်တာကို သူတို့ စကြားလိုက်ရတာပါ" လို့ပြောလိုက်တယ်။ ဒါပေမဲ့ ကလေးတို့၊ မင်းတို့ဟာ အရာတိုင်းဟာ ကွန်ပြူတာဖြစ်တယ်ဆိုတဲ့ ကမ္ဘာထဲမှာ နေထိုင်ရတော့မယ့်သူတွေ ဖြစ်တော့မှာနော်။"

ဒီနောက်မှာ ကျွန်မဆီလာတဲ့ ကလေးမလေးတစ်ယောက် စက်ဘီးမီးလုံးကိုယူပြီး ပြောတာက " ဒီစက်ဘီးမီးလုံးဟာ ကျွန်ပြူတာသာဆိုရင် အရောင်တွေ ပြောင်းမှာပေါ့နော်" တဲ့။ ကျွန်မက "ဒီစိတ်ကူး အရမ်းကောင်းတယ်၊ ဒီ့ပြင် ဘာလုပ်လို့ရသေးလဲ" သူမဟာ စဉ်းစား၊ စဉ်းစားနေပြီး

ပြောတာက "ဒီစက်ဘီးမီးလုံးဟာ ကွန်ပြူတာသာဆိုရင် ကျွန်မအဖေနဲ့ စက်ဘီးစီးခရီးထွက်ပြီး ရွက်ဖျင်တဲမှာ အိပ်လို့ရတယ်၊ ပြီးတော့ စက်ဘီးစီးမီးလုံးဟာ ရုပ်ရှင်ပြစက် ဖြစ်နိုင်တာပေါ့" တဲ့။ ဒါဟာ ကျွန်မ ရှာဖွေနေတဲ့ အခိုက်အတန့်ပါ၊

ကမ္ဘာကြီးဟာ တကယ့်ကို အဆင်သင့် မဖြစ်သေးတာကို ကလေးတွေ သိနားလည်သွားတဲ့ ကာလပါ။ နည်းပညာတည်ဆောက်ခြင်းနဲ့ ကမ္ဘာ ကြီးကို ပိုပြီးအဆင်သင့်ဖြစ်အောင် ဖန်တီးခြင်းရဲ့ တကယ့် အံ့ဖွယ် နည်းလမ်းပါ။ တစ်ဦးစီဟာ ဒီပြောင်းလဲခြင်းရဲ့ အပိုင်းတစ်ခုဖြစ်နိုင်တာပါ။

နောက်ဆုံးဇာတ်လမ်း၊ ကျွန်မတို့လည်း ကွန်ပြူတာတစ်လုံး ဆောက်ခဲ့တယ်။ ဆရာကျတဲ့ CPU နဲ့ အရာတွေကို မှတ်မိဖို့ ဒါကို ထောက်ကူတဲ့ အကူရတဲ့ RAM နဲ့ ROM ကို သိလာခဲ့တယ်။ ကျွန်မတို့ရဲ့ ကွန်ပြူတာကို တပ်ဆင်ပြီးတဲ့နောက်မှာ ဒီအတွက် လုပ်ဆောင်ချက်တစ်ခုကိုလည်း ပုံစံထုတ်ခဲ့တယ်။ ကျွန်မ အကြိုက်ဆုံးက ဒီ ခြောက်နှစ်သား ကောင်လေးရဲ့ ဇာတ်လမ်းပါ၊ ကမ္ဘာမှာ သူအကြိုက်ဆုံးက အာကာသယာဉ်မှူး ဖြစ်ဖို့တဲ့။ ဒီကောင်လေးက ဒီနားကြပ်ကြီးတွေတပ်ပြီး သူ့ရဲ့ စက္ကူ ကွန်ပြူတာလေးထဲမှာ စိတ်က နစ်မြုပ်နေတယ်၊ အကြောင်းက သိတဲ့အတိုင်း သူ့ကိုယ်ပိုင် စကြာဝဠာအချင်းချင်း ဂြိုဟ်သွားလာဖို့ကို တည်ဆောက်ထားလို့လေ။ သူ့အဖေ အင်္ဂါဂြိုဟ်ပတ်လမ်းက ထီးတည်း အာကာသယာဉ်မှူးဟာ အခန်းရဲ့ အခြားဘက်ခြမ်းမှာဖြစ်ပြီး ကောင်လေးရဲ့ အရေးကြီး အထူးတာဝန်က ဖခင်ကို ကမ္ဘာမြေဆီ ဘေးကင်းစွာ ပြန်ခေါ်လာဖို့ပါ။ ဒီကလေးတွေဟာ ကမ္ဘာကြီးရဲ့နက်ရှိုင်းစွာ မတူညီတဲ့အမြင်နဲ့ ဒါကို နည်းပညာနဲ့ တည်ဆောက်တဲ့နည်းလမ်းကို ရရှိတော့မှာပါ။

နောက်ဆုံး ပိုပြီးချဉ်းကပ်နိုင်လေ၊ ပိုပါဝင်လေဖြစ်ပြီး နည်းပညာ ကမ္ဘာကို ပိုပြီး စုံလင်အောင် ဖန်တီးလေ၊ ကမ္ဘာကြီးဟာ ပိုပြီး အရောင်စုံ၊ ပိုပြီး ကောင်းမွန်တဲ့ပုံ ပေါက်လာမှာပါ။ ဒီတော့ ခဏလောက် ကျွန်မနဲ့ မြင်ယောင်ကြည့်လိုက်ပါ၊ အရာဝတ္ထုတွေ ဘယ်လိုဖန်တီးတယ် ဆိုတဲ့အကြောင်း ဇာတ်လမ်းတွေကို ကျွန်မတို့ ပြောတဲ့ ကမ္ဘာတစ်ခုပါ၊ Silicon Valley က အသက်နှစ်ဆယ် ကောင်လေးတွေတင်မက Kenyan က ကျောင်းသူလေးနဲ့ Norwegian စာကြည့်တိုက်မှူးတွေ အပါအဝင်ပေါ့။ တစ်နဲ့သုညတို့ ရဲ့ နိစ္စဓူဝ ဖြစ်ရပ်မှာ နေထိုင်တဲ့ မနက်ဖြန်ရဲ့ Ada Lovelaces လေးတွေရှိတဲ့ ကမ္ဘာတစ်ခုကို မြင်ယောင်ကြည့်ပါ။ နည်းပညာနဲ့ပတ်သက်ပြီး အကောင်းမြင်ကာ ရဲရင့်တဲ့သူတွေအဖြစ် ကြီးပြင်းလာတယ်။ ကမ္ဘာကြီးရဲ့ စွမ်းအားတွေ၊ အခွင့်အလမ်းတွေနဲ့ ကန့်သတ်ချက်တွေ ကို ထွေးပွေ့ထားကြတယ်။ အံ့ဖွယ်ကောင်း၊ တစ်မျိုး နှစ်လိုဖွယ် ကောင်းပြီး နည်းနည်း သဘာဝမကျတဲ့ နည်းပညာ ကမ္ဘာတစ်ခုပါ။

ကျွန်မ ငယ်ငယ်လေးတုန်းက ပုံပြောသူတစ်ယောက် ဖြစ်ချင်ခဲ့တယ်။ စိတ်ကူးယဉ် ဖန်တီးတဲ့ ကမ္ဘာတွေကို နှစ်သက်ခဲ့ပြီး အလုပ်ချင်ဆုံးက Moominvalley က မနက်ခင်းတွေမှာ နိုးထပြီး နေ့လည်ခင်းတွေမှာ Tatooines တစ်ဝိုက်မှာ သဝေထိုးချင်ခဲ့တာပေါ့။ ညနေခင်းတွေမှာ Narnia မှာ သွားအိပ်မယ်လေ။ ပရိုဂရမ်ရေးခြင်းဟာ ကျွန်မအတွက် ပြီးပြည့်စုံတဲ့ အလုပ် ဖြစ်ခဲ့တယ်။ ကမ္ဘာတွေကို ဖန်တီးနေဆဲပါ။ ဇာတ်လမ်းတွေအစား ကုဒ်တွေနဲ့ ဖန်တီးပါတယ်။

ပရိုဂရမ်ရေးသားခြင်းဟာ ကျွန်မရဲ စကြာဝဠာလေး တစ်ခုလုံးကို ၎င်းကိုယ်ပိုင် စည်းမျဉ်းတွေ၊ စံတွေ၊ အလေ့အထတွေ တည်ဆောက်ဖို့ အံ့ဖွယ် စွမ်းအားတွေ ပေးပါတယ်။ တွေးခေါ်မှု စွမ်းအားစစ်စစ်နဲ့ ဘာမှ မရှိတာကနေ တစ်ခုခုကို ဖန်တီးတာပါ။

ကျေးဇူးတင်ပါတယ်။

(လက်ခုပ်သံများ)