အနာဂတ်ကို အကောင်းမြင်သမားတွေက ပုံသွင်းပေးမှာပါ။
2,248,486 views |
Kevin Kelly |
TEDMonterey
• August 2021
အကောင်းမြင်တတ်ဖို့ လူတွေမှာ ကိုယ်ကျင့်ဆိုင်ရာ တာဝန် တစ်ခုရှိတယ်လို့ ယုံကြည်တဲ့ စာတည်းနဲ့ စာရေးဆရာ Kevin Kelly က "ကြီးကျယ် ၊ခက်ခဲတဲ့ အရာတိုင်းဟာ အကောင်းမြင်ဝါဒရဲ့ ပြင်းထန်တဲ့ သဘောထားတစ်ခု လိုအပ်တယ်" လို့ ဆိုပါတယ်။ သမိုင်းတစ်လျှောက် လူ့လောကရဲ့ တိုးတက်မှုကို ခြေရာခံရင်း၊ အပြုသဘောဆောင်တဲ့ အမြင်တစ်ခုက ပြဿနာတွေကို ဖြေရှင်းဖို့ လူတွေကို ကူညီပေးပြီး လမ်းကြောင်းအတိုင်း ရှေ့ဆက်တိုးဖို့ လူတွေကို စွမ်းအားပေးတာကို သူ သတိပြုမိခဲ့တယ်။ ဒီအသိအမြင်ပေးတဲ့ ဟောပြောချက်မှာ စိန်ခေါ်နေတဲ့ ကာလတွေအတွင်း အကောင်းမြင်ဝါဒအတွက် အကြောင်းရင်း သုံးခုကို သူ မျှဝေထားတာပါ၊ ဒါက လူတွေကို ပိုကောင်းမွန်တဲ့ ဘိုးဘေးတွေ ဖြစ်လာစေဖို့နဲ့ ကိုယ်တိုင်နဲ့ အနာဂတ် မျိုး ဆက်တွေအတွက် ကျွန်ုတော်တို့ မြင်လိုတဲ့ ကမ္ဘာကို ဖန်တီးနိုင်ပုံကို ရှင်းပြလိုက်တာပါ။