Kare Anderson
2,331,547 views • 9:46

ကျွန်မဟာ သေမလောက်ကို ရှက်တတ်တဲ့စိတ်စွဲကပ်ပြီး ကြီးပြင်းခဲ့တာပါ။ ဒီလောက်ကြီးတဲ့ အခန်းတစ်ခုမှာ အနည်းဆုံး အခြားလူ၂၀ လောက်ရှိတာမျိုးဆို ထစ်ထစ်ငေါ့ငေါ့ဖြစ်သူပါ။ ရှင်တို့ လက်ကို ထောင်ရဲလား။

ပြီး ဒါကကျွန်မတို့ဆီမှာ ကပ်နေတာပါ။ တကယ်ကြီးကို ကပ်နေတာပါ။ အကြောင်းက ကျွန်မတို့ဟာ ဒီအတိုင်းဆက်ဆံခံရတဲ့အခါ တစ်ခါတစ်ခါ ကိုယ်ပျောက်တာမျိုး ခံစားရတယ် ဒါကိုလျှောက်ပြီး ပြောကြတာပေါ့။ လူတွေကို စပြီးကြည့်လိုက်တဲ့အခါ၊ ကျွန်မ အမျာစုလုပ်ခဲ့တာပါ၊ သတိထားမိတာက တစ်ချို့လူတွေက တကယ်ကို လူတွေဂရုစိုက်တာ၊ အသိအမှတ်ပြုတာ လိုချင်ကြတယ် သိထားရမှာက အဲဒီတုန်းကငယ်ခဲ့တာကိုး။ ဒီတော့ သူတို့ဘာလုပ်ကြလဲ။ ကျွန်မတို့တွေ ခဏခဏကို လုပ်ကြတာပဲပေါ့။ ကိုယ့်ကိုကိုယ် စကားပြောကြတာပဲလေ။ ဒါပေမဲ့ကျွန်မလေ့လာမိတဲ့ အခြားလူတွေ ရှိသေးတယ်၊ ကျွန်မအခေါ် ရင့်ကျက်တဲ့စိတ်နေ သဘောထားရှိသူတွေပေါ့။ အခြေအနေတစ်ခုစီမှာ 'ငါတို့" ဆိုတဲ့အကြောင်းကိုပြောဖို့ သူတတို့တွေ့မိပြီး 'ငါတို့"ဆိုတဲ့ စိတ်ကူးကိုဖန်တီးလိုက်ကြတယ်။ ဒီတော့ လောကကို အမြင်သစ်နဲ့ပြန်ကြည့်ဖို့

ကျွန်မစိတ်ကူးက ကျွန်မတို့ အားလုံးဒါကို အခြားသူတွေနဲ့၊ အခြားသူတွေ အတွက် ပိုပြီးကြီးကျယ်တဲ့ အခွင့်အလမ်းဖန်တီးသူတွေ ဖြစ်လာတဲ့ နေရာတစ်ခုကို ရှုမြင်ဖို့ပါ။ ပိုကြီးကျယ်တဲ့ ကောင်းမွန်ခြင်းအတွက် ကောင်းဆုံးအရည်အသွေးတွေကို ခါတိုင်းထက် အတူတကွပိုသုံးတဲ့ အခွင့်အရေးဖန်တီးသူဖြစ်လာဖို့နဲ့ ကျွန်မတို့ကိုယ်တိုင် လုပ်ဆောင်နိုင်ခဲ့ခြင်းမရှိတဲ့ အရာတွေကို အောင်မြင်ပြီးမြောက်ဖို့ ကျွန်မတို့အတွက် အခုထက် ပိုကြီးကိယ်တဲ့အခွင့်အလမ်း (သို့) အရေးယူဆောင်ရွက်ဖို့ လိုအပ်ချက်ဆိုတာ မရှိပါဘူး။ ဒါကို ကျွန်မပြောပြချင်တာပါ။ အကြောင်းက ပေးလိုက်ခြင်းထက်တောင်ပိုတဲ့၊ ပေးလိုက်ခြင်းထက်တောင်ပိုတာက ကျွန်မတို့ကို မြှင့်တင်ပေးတာနဲ့ မြင့်တက်နိုင်တာ နှစ်ခုလုံးအတွက် ပိုကြီးကျယ်တဲ့ တစ်စုံတစ်ရာကို ပိုပြီးကျွမ်းကျွမ်းကျင်နဲ့ အတူတကွ လုပ်နိုင်စွမ်းဖြစ်လို့ပါ။ ဒါကြောင့် ဒီမှာ ကျွန်မထိုင်နေတာပါ။ ဒါပေမယ့် တစ်ခြားဟာကိုလည်း ထောက်ပြချင်ပါသေးတယ်။ သင်တို့ တစ်ယောက်ချင်းစီမှာ ဒိပြင်လူတစ်ယောက်ယောက်ထက် တစ်ခုခုမှာပိုတော်ကြပါတယ်။ ဒါက သင်ဟာဒီအခန်းထဲမှာ အတော်ဆုံးဆိုရင် သင်အခန်းမှားနေတာပါ ဆိုတဲ့ အများယူဆနေကြတာကို မှားယွင်းကြောင်းသက်သေ ထူလိုက်တာပါ။ (ရယ်သံများ)

ဒီတော့ လွန်ခဲ့တဲ့ ၁နှစ်၊ ၂နှစ်လောက်က သွားခဲ့တဲ့ Hollywood ပါတီပွဲအကြောင်း ကျွန်မကိုပြောခွင့်ပြုပါ။ ဒီအလားအလာရှိတဲ့ မင်းသမီးနဲ့ဆုံတွေ့ခဲ့တယ်။ လူထုအနုပညာနဲ့ပတ်သက်ပြီး ကျွန်မတို့နှစ်ယောက်လုံး အသည်းအသန်ခံစားကြတဲ့ အကြေင်း ပြောနေခဲ့တာပေါ့။ သူမထက်သန်လွန်းတဲ့ ယုံကြည်မှုက Los Angeles က အဆောက်အဦသစ်တိုင်းမှာ လူထုအနုပညာ ထည့်သွင်းသင့်တယ်တဲ့ ဒီအတွက် စည်းမျဉ်းတစ်ခုကို သူမလိုချင်ပြီး ထက်ထက်သန်သန်နဲ့ စတင်လိုက်ပါတယ်။ ရှီကာဂိုကနေ ဒီကိုရောက်နေတာ ဘယ်သူလဲ။ အဲဒီ Millennium Park မှာရှိတဲ့ ပဲသီးပုံ ရောင်ပြန်ပန်းပုရုပ်တွေ အကြောင်းကို အားကောင်းမောင်းသန် ပြောတော့တာပဲ။ လူတွေဟာ အဲဒီကိုလျှောက်သွားပြီး၊ ပုံရိပ်ထဲကို ပြုံးကြည့်ကြ၊ ကိုယ်ဟန်ပြကာ ဟန်ရေးထုတ်ပြီး သူတို့ကိုယ်သူတို့ ဓာတ်ပုံရိုက်ကြ၊ ရယ်ကြမောကြနဲ့ပေါ့။ သူမပြောနေတုန်း အတွေးတစ်ခု ကျွန်မခေါင်းထဲဝင်လာပြီး ပြောလိုက်တာက "မင်းတွေ့သင့်တဲ့သူ တစ်ယောက်တော့ ငါသိတာယ်။ သူကလာမယ့် ၁ပတ်၂ပတ်အတွင်း San Quentin ကနေထွက်သွားတော့မှာ။" (ရယ်သံများ)

"ပြီးတော့ မင်းရဲ့ထက်သန်တဲ့ ဆန္ဒအနုပညာဟာ လူတွေကိုဆက်သွယ်ဖို့အတွက် ချိတ်ဆက်ပေးပြီး အထောက်အကူပေးသင့်တယ် ဆိုတာမှာ တူညီတယ်။" သူကတစ်ကိုယ်တည်း ၅နှစ်အချိန်ကုန်ဆုံးခဲ့တယ်။ ကျွန်မသူ့နဲ့ဆုံလိုက်ရတာက San Quentin မှာ ဟောပြောပွဲ တစ်ခုလုပ်ခဲ့လို့ပါ။ သူက ပီပီသသရွတ်ဆိုနိုင်ပြီး မျက်စီပသာဒလည်း ဖြစ်စရာဖြစ်တာက သူဟာနှံ့စပ်သူတစ်ယောက် ဖြစ်တာကိုး။ နေ့တိုင်းလုပ်တဲ့ ကာယလေ့ကျင့်ခန်း အစီအစဉ် သူ့မှာရှိတယ်။ (ရယ်သံများ) သူမဟာ ဒီအထိကျွန်မကို လိုက်နားထောင်နေတယ်လို့ ထင်တယ်။ ကျွန်မပြောလိုက်တာက "သူဟာ မျှော်လင့်မထားတဲ့ မိတ်ဖက်ပါ။" ဒါတင်မဟုတ်ပါဘူး။ James ဆိုတာရှိတယ်။ သူက ဗိသုကာတစ်ယောက်ဖြစ်ပြီး ပါမောက္ခတစ်ယောက်ပါ။ နေရာဖန်တီးခြင်းကို နှစ်သက်ပြီး နေရာဖန်တီးခြင်းဆိုတာ အဲဒီရင်ပြင်ငယ်လေးတွေ၊ မြို့ပြစင်္ကြတွေ ရှိတဲ့အခါ ၊အဲဒီနေရာတွေမှာ အနုပညာနဲ့ပုံဖော်ထားပြီး၊ တစ်ခါတစ်ခါလူတွေက ပုံတွေဆွဲ၊လာပြီး စကားပြောဆိုတဲ့ နေရာပါ။ ကျွန်မအထင် သူတို့ မိတ်ဖက်ကောင်းတွေ ဖွဲ့လိမ့်မှာပေါ့။ တကယ်လည်း မိတ်ဖက်ကောင်းတွေပါ။ အတူတူတွေ့ကြတယ်။ ပြင်ဆင်ကြတယ်။ လော့စ်အင်ဂျလိစ်မြို့တော် ကောင်စီရှေ့မှာ ပြောဆိုကြတယ်။ ကောင်စီဝင်တွေက စည်းမျဉ်းတွေ ချမှတ်ပေးရုံမက နောက်ပိုင်း သူတို့ထဲက တစ်ဝက်လောက်က ဆင်းလာကြပြီး သူတိုနဲ့ ဟန်ပြဖို့ မေတ္တာရပ်ကြတယ်။ သူတို့တွေဟာ လက်ဖျားခါလောက်တယ်၊ လှုံ့ဆော်နိူင်တယ်၊ စိတ်ချရလောက်ပါတယ်။ ဒါက ဝယ်လို့မှမရတဲ့ဥစ္စာ။

ဆင်ခြင်ကြည့်ဖို့ ကျွန်မမေးနေတာက ကျွန်မတို့တွေဟာ ဘယ်လိုအခွင့်အလမ်း ဖန်တီးသူတွေဖြစ်လာနိုင်မလဲ။ ကြွယ်ဝမှုတွေ၊ မျက်စိကျစရာ ဂုဏ်ပုဒ်တွေ၊ အဆက်အသွယ်တွေထက်ကို တစ်ဦးချင်းစီရဲ့ ပိုကောင်းတဲ့ဖက်ကို ဆက်သွယ်ပြီး၊ရုပ်လုံးပေါ်လာအောင် လုပ်ဖို့ဆိုတာက ကျွန်မတို့ရဲ့ စွမ်းဆောင်နိုင်မှုပါ။ ဒါဟာလွယ်လွယ်လေးလို့ ကျွန်မပြောနေတာမဟုတ်ဘူးနော်။ ဒီထဲကတော်တော်များများလည်း ဘယ်သူ့ကိုဆက်သွယ်ရမယ် ဆိုတာနဲ့ပတ်သက်ပြီး မှားဖူးကြမယ်ဆိုတာ သေချာပါတယ်။ ဒါပေမဲ့ ကျွန်မအကြံပြုချင်တာက ဒါဟာအခွင့်အလမ်းတစ်ခုပါ။ Wall Street Journal သတင်းထောက်ဘဝကို ပြန်စဉ်းစားမိသွားတယ်။ ဥရောပမှာရောက်နေပြီး စီးပွားရေးလား၊ နိုင်ငံရေးလား၊ ဘဝနေထိုင်မှုလား ဆိုတဲ့ သတ်မှတ်ချက်တွေကို ဖုံးလွှမ်းနေခဲ့တဲ့ အရာတွေကို ရေးဖို့ပါ။ ဒီတော့ ကျွန်မနဲ့ အရမ်းကိုခြားနားတဲ့ လောကအမျိုးမျိုးနဲ့ ဆက်သွယ်ခဲ့ရတာပေါ့။ အဲဒီလိုမှမဟုတ်ရင် ဦးတည်ချက်တွေကို တွေ့နိုင်မှာ မဟုတ်ဘူးလေ။ တတိယအနေနဲ့ စာဖတ်သူရဲ့ နေရာကနေဝင်ပြီး ဝတ္ထုကိုရေးရတာပေါ့။ ဒီတော့မှ ဒီဦးတည်ချက်တွေဟာ သူတို့ရဲ့ဘဝတွေကို ဘယ်လိုသက်ရောက်မှုရှိနိုင်တယ် ဆိုတာသိနိုင်တော့မပေါ့။ ဒါက အခွင့်အရေးဖန်တီးသူတွေ လုပ်တတ်တဲ့ဟာပဲလေ။

ဒီမှာက ထူးဆန်းတဲ့ကိစ္စတစ်ခုပါ။ တိုးကာတိုးကာလာနေတဲ့ အမေရိကန်တွေ ကျွန်မတို့ဟာ ပိုပြီးတင်းကျပ်ကာ၊ အစွန်းရောက်လာကြလို့ပါ၊ သူတို့လိုပဲတစ်ထပ်တည်းကို စဉ်းစားပုံတူတဲ့လူတွေနဲ့ အလုပ်လုပ်လိုက်၊နေထိုင်လိုက်၊ ပျော်ပွဲဖွဲ့လိုက်နေသူတွေနဲ့မတူပဲ၊ အခွင့်အရေးဖန်တီးသူတွေဟာ သူတို့နဲ့တခြားစီဖြစ်တဲ့ လူတွေနဲ့အတူ အခြေအနေတွေကို တက်တက်ကြွကြွနဲ့ ရှာဖွေနေကြပါတယ်။ ဆက်ဆံရေးတွေ တည်ဆောက်နေပါတယ်။ ဒါကိုလုပ်တဲ့အတွက် မှန်ကန်တဲ့အသင်းကိုပါဝင်နိုင်ပြီး၊ ပြဿနာတစ်ခုကို ပိုကောင်း၊ ပိုမြန်တဲ့ နည်းနဲ့ဖြေရှင်းဖို့စည်းရုံး နိုင်တဲ့အခွင့်အလမ်းတွေ ပိုပြီးဖမ်းဆုပ်နိုင်တဲ့နေရာမှာ

ဆက်ဆံရေးတွေကို ယုံကြည်ထားတာပေါ့။ သူတို့တွေဟာ ခြားနားချက်တွေကြောင့် အောင့်သက်သက်ဖြစ်မနေပဲ ဒါတွေကို စိတ်ဝင်စားနေကြတယ်။ ဒါဟာ သူတို့ရဲ့သဘောထားမှာ ကြီးမားတဲ့ ပြောင်းလဲမှုတစ်ခုပါ။ ဒါကိုခံစားမိပြီဆိုတာနဲ့ အများကြီး ပိုဖြစ်လာချင်တော့တာပဲလေ။ ဒီကမ္ဘာကြီးက ကျွန်မတို့အတွက် စုပေါင်းစိတ်သဘောထား တစ်ခုကို ဆင့်ခေါ်နေတယ်လေ။ ဒီလိုလုပ်တာကို ကျွန်မယုံကြည်တယ်။ ဒါဟာ အခုအခါမှာ အထူးကို အရေးကြီးပါတယ်။ ဘာကြောင့် အခုအရေးကြီးရတာလဲ။ အကြောင်းက မောင်သူမဲ့ လေယာဉ်တွေ၊ မူယစ်ဆေးဝါးတွေနဲ့ အချက်အလက် စုစောင်းမှုတွေလိုပဲ ကိစ္စရပ်တွေက ဖန်တီးနိုင်လို့ပါ။ ဒါတွေကို လူများများ၊ တန်ဖိုနည်းနည်းနည်းတွေနဲ့ အကျိုးပြုတဲ့ ရည်ရွယ်ချက်တွေအတွက် ဖန်တီးနိုင်လို့ပါ။ ပြီးတော့ သတင်းတွေကနေ နေ့စဉ်သိနေသလိုပဲ အန္တရာယ်ရှိတဲ့ ကိစ္စတွေအတွက်လည်း သုံးလို့ရသေးတာကိုး။ ဒါက ကျွန်မတို့ကို၊ ကျွန်မတို့တစ်ဦးချင်းစီကို ပန်ကြားနေတာက ပိုပြီးမြင့်မားတဲ့ ဘဝပေးတာဝန်တစ်ခုဆီကိုပါ။

ဒါပေမဲ့ ဒါက ကအချိုပေါ် သကာလောင်းခြင်းပါ။ သင့်ရဲ့အကြီးကျယ်ဆုံး ဖြစ်နိုင်လောက်တဲ့ တခြားသူတစ်ယောက်နဲ့ ပြုလုပ်လိုက်တဲ့ ပထမဆုံး အခွင့်အလမ်းပဲ မဟုတ်ပါဘူး။ အဖွဲ့အစည်းတစ်ခု၊ဒါမှမဟုတ် တစ်ဦးချင်းအဖြစ်နဲ့ပေါ့။ ဒီအတွေ့အကြုံကိုရပြီး တစ်ဦးကိုတစ်ဦး ယုံကြည်ပြီးနောက်မှပါ။ သင်ဘယ်လိုမှ မခန့်မှန်းနိုင်တဲ့ သင်နောက်ပိုင်းမှာ သင်ဖန်တီးလိုက်တဲ့ မျှော်လင့်မထားတဲ့ ကိစ္စရပ်တွေပါ။ ဥပမာ မာတီဟာ ကျွန်မပြောခဲ့တဲ့ မင်းသမီးရဲ့ ခင်ပွန်းပါ။ သူတို့တွေလေ့ကျင့် နေချိန်မှာ သူကစောင့်ကြည့်ပြီး မကြာခင်မှာပဲ ကျွန်မမိတ်ဆွေ၊ ထောင်ထွက် တစ်ယောက်ဖြစ်တဲ့ ဝေလီနဲ့ ကာယလေ့ကျင့်ခန်း စနစ်အကြောင်းပြောနေခဲ့တယ်။ သူစဉ်းစားမိတာက ငါ့မှာ ရက်ကက် ဘောလုံးတစ်စုံရှိတယ်၊ သူငါ့ကို သင်ပေးနိုင်လောက်တယ်။ အဲဒီမှာအလုပ်လုပ်တဲ့ သူတော်တော်များများဟာ ငါ့ကွင်းတွေမှာ အသင်းဝင်တွေပါ။ မကြာမကြာ ခရီးထွက်သူတွေပါ။ ဘာပစ္စည်းမှ ပေးမထားတဲ့သူတို့ ဟိုတယ်အခန်းမှာ လေ့ကျင်နိုင်လောက်တယ်။ ဒီနည်းနဲ့ ဝေလီ အလုပ်ခန့်ခံရတာပေါ့။ ဒါတင်မကပဲ၊ သူက ရက်ကက်ဘောကို သင်ပေးနေခဲ့တယ်။ နောက်နှစ်တွေမှာ ရက်ကက်ဘောလုံး ဆရာတွေကိုလည်း သူသင်ပေးနေခဲ့တာပေါ့။ ကျွန်မအကြံပေးနေတာက သင့်အနားက ဝါသနာ၊ လုပ်ဆောင်မှုတူတဲ့ လူတွေကိုဆက်သွယ်မိတဲ့အခါ အနာဂါတ်မှာ မုတ်ဆိတ်ပျားစွဲဆိုတဲ့ အကြောင်းအရာတွေ ဖြစ်ပေါ်လာတာတွေနဲ့ ကျင့်သားရသွားတယ်။ ကျွန်မတို့ကြည့်နေတာ ဒါပဲလို့ထင်တယ်။ ဒီအခွင့်အရေးတွေကို ကိုယ့်ဘာသာ လမ်းပွင့်အောင် လုပ်လိုက်တာပေါ့။ ဒီအခန်းထဲမှာ အဓိကကျသူတွေနဲ့ နည်းပညာပါ။ ဒါကိုလုပ်ဆောင်ဖို့ တမူထူးခြားပြီး နေရာကျနေတဲ့ အဓိကကျသူတွေပါ။ စနစ်တွေ၊ စီမံချက်တွေကို အချိုးကျဖို့ပေါ့။

ဒီတော့ အားလုံကို လုပ်ဆောင်ဖို့ ကျွန်မတောင်းဆိုနေတာပါ။ အခွင့်အရေးဖန်တီးသူတွေရဲ့ လက္ခဏာ ၃ရပ်ကို သတိရကြပါ။ အခွင့်အရေးဖန်တီးသူတွေဟာ သူတို့ရဲ့ အမြင့်ဆုံးစွမ်းပကားကို သွေးနေကြပြီး စံနမူနာရှာဖွေသူတွေ ဖြစ်လာကြပါတယ်။ သူတို့လောကထက် မတူညီတဲ့လောကတွေ မှာပါဝင်ကြပါတယ်။ ဒါကြောင့် သူတို့တွေဟာ ယုံကြည်မှုခံရပြီး ဒီအဆင်တွေကို တွေ့နိုင်တာပေါ့။ တူညီတဲ့ ဝါသနာတွေရဲ့ ချိုမြိန်တဲ့အပိုင်းမှာ တွေ့ထိဖို့ဆက်သွယ်ကြတာပေါ့။

ဒီတော့ ကျွန်မမေးနေတာက ကမ္ဘာကြီးက ဆာလောင်နေပါတယ်။ ကျွန်မတကယ့်ကိုယုံကြည်နေတာက ကိုယ်တိုင်အတွေ့အကြုံအရ ကမ္ဘာကြီးက ဆာလောင်နေတာက ကျွန်မတို့တွေဟာ အခွင့်အလမ်းဖန်တီးသူတွေအဖြစ် စုစည်းကြဖို့၊သင်တို့ထဲက တော်တော်များလုပ်ဖူးတဲ အဲဒီအမူအကျင့်တွေကို အတုယူဖို့ဆိုတာပါ။ ဒါကို ကျွန်မကိုယ်တွေ့သိတာပါ။ ကျွန်မတို့ တစ်ကိုယ်တော် လုပ်တာထက် ပိုကြီးကျယ်တဲ့အရာတွေကို ပြီးမြောက်အောင်မြင်ဖို့ မကြာခဏဆိုသလို ကျွန်မတို့ရဲ့ ပင်ကိုယ်အစွမ်းတွေကို အတူတကွအသုံးပြုတဲ့ ကမ္ဘာတစ်ခုကို ပြန်လည်စိတ်ကူးကည့်ဖို့ပါ။ Dave Liniger တစ်ခါကပြောခဲ့တာကို သတိရကြည့်လိုက်ပါ။ "ခက်ရင်းတစ်ခုတည်းနဲ့တော့ ဟင်းစုံစားပွဲကို လာလို့မရနိုင်ဘူးလေ။" (ရယ်သံများ)

ကျေးဇူးအများကြီးတင်ပါတယ်၊ ကျေးဇူးပါ။(လက်ခုပ်သံများ)