2,088,626 views | Jeanne Pinder • TED Residency
အမေရိကန်က ဆေးဖိုးဝါးခတွေ ပွင့်လင်းမြင်သာလာရင် ဘာဖြစ်မလဲ။
အမေရိကန်ပြည်ထောင်စုမှာ၊ ဆေးခန်းတစ်ခုမှာ ၁၉ ဒေါ်လာသာကျတဲ့ သာမန်သွေးစစ်တာလေးကို မလှမ်းမကမ်းက ဆေးခန်းတစ်ခုမှ ၅၂၂ ဒေါ်လာပေးနေရတယ်။ စျေးကွာနေတာကို နောက်တစ်ပါတ် ဘေလ်မရောက်မချင်း ဘယ်သူမှ မသိဘူး။ Jeanne Pinder ဆိုတဲ့ သတင်းသမားကတော့ ဒီနည်းလမ်းဟာ မဟုတ်သေးဘူး လို့ပြောတယ်။ သူမဟာ ဆေးဖိုးဝါးခတွေကို စစ်တမ်းလိုက်ကောက်၊ လူထုကို ချပြပြီး ဆေးဖိုးဝါးခတွေရဲ့ လှို့ဝှက်ချက်ကို ဖေါ်ထုတ်ခဲ့ပါတယ်။ ဆေးဖိုးဝါးခတွေကို ကြိုသိထားခြင်းဖြင့် ပိုပြီးငွေစုနိုင်သလို ပိုပြီးကျန်းမာစေပြီး ကျန်းမာရေးစနစ်ကြီးကိုပါ ဘယ်လိုပြုပြင်နိုင်မယ် ဆိုတာ လေ့လာကြည့်ပါ။