Harald Haas
2,568,391 views • 12:51

ခင်ဗျားတို့ သိကြလား ကျွန်တော်တို့မှာ ဆဲလ်လူလာ ရေဒီယို ဆက်သွယ်ရေး ကွန်ယက်တိုင်ပေါင်း ၁.၄ သန်းကို ကမ္ဘာတဝှမ်းလုံးမှာ တပ်ဆင်ထားတယ်ဆိုတာ။ ဒါတွေအားလုံးက အခြေစိုက် ဆက်သွယ်ရေးစခန်း ပမာဏပါ။ နောက် ကျွန်တော်တို့ဆီမှာ သန်းပေါင်း ၅ ထောင်ထက်ပိုတဲ့ ဒီဆဲလ်လူလာ ဆက်သွယ်ရေးစက်တွေ သုံးနေပါတယ်။ ဒါတွေဟာ ဆဲလ်လူလာ မိုဘ်ိုင်းလ်ဖုန်းတွေ ပါပဲ။ ဒီ မိုဘ်ိုင်းလ်ဖုန်းတွေ ကို သုံးပြီးတော့ ကျွန်တော်တို့ဟာ ပမာဏ သန်းပေါင်း သိ်န်း ၆၀ ထက်ပိုတဲ့ အချက်အလက်တွေကို လတိုင်း ပို့လွှတ်ဆက်သွယ်နေကြပါတယ်။ ၆ ရဲ့ နောက်က သုည ၁၄ လုံး ပမာဏပါ။ တကယ့်ကို ကြီးမားတဲ့ ကိန်းဂဏန်းပါ။ ဒါကြောင့် ကြိုးမဲ့ ဆက်သွယ်ရေးဟာ နေ့စဉ် အသုံးချစရာ ကိစ္စတစ်ခု ဖြစ်လာပါပြီ။ လျှပ်စစ်မီးနဲ့ ရေတို့လိုပေါ့။ ကြိုးမဲ့ ဆက်သွယ်ရေးကို ကျွန်တော်တို့ နေ့တိုင်းသုံးပါတယ်။ ဒါကို ကျွန်တော်တို့ရဲ့ နေ့စဉ်ဘ၀ဖြစ်တဲ့ ကျွန်တော်တို့ရဲ့ က်ိုယ်ပိုင် ပုဂ္ဂိုလ်ရေးဘ၀တွေမှာ၊ စီးပွားရေးကိစ္စတွေမှာ သုံးစွဲနေကြပါတယ်။ တခါတရံ အခုလိုပွဲြတွေမှာဆိုရင် ကျေးဇူးပြုပြီး လူကြီးမင်းတို့ရဲ့ မိုဘိုင်းလ်ဖုန်းများကို ပိတ်ထားပေးပါဆိုပြီး မေတ္တာရပ်ခံရတာဟာ ထင်ရှားတဲ့ ဥပမာ တခုပါပဲ။ ဒီလို အရေးပါလာတဲ့ အတွက်ကြောင့် ဒီနည်းပညာနဲ့ဆိုင်တဲ့ အကြောင်းအရာတွေကို စူးစမ်းဖြေရှင်းဖို့ ကျွန်တော် ဆုံးဖြတ်ရတာပါ။ ဒီကိစ္စဟာ ကျွန်တော်တို့ နေ့စဉ်ဘဝမှာ အခြေခံကျလွန်းလို့ပါပဲ။ ပထမဆုံး ပြဿနာကတော့ အချက်အလက်တွေ သယ်နိုင်တဲ့ ပမာဏပါ။ ကြိုးမဲ့နည်းပညာနဲ့ သတင်းအချက်အလက် ပို့တဲ့နေရာမှာ လျှပ်စစ်သံလ်ိုက်လှိုင်းတွေကို သုံးပါတယ် အထူးသဖြင့်တော့ ရေဒီယိုလှိုင်းတွေပါ။ ဒီ ရေဒီယိုလှိုင်းတွေမှာ ကန့်သတ်ချက်တွေရှိပါတယ်။ သူတို့ဟာ ရှားပါးပြီး ကုန်ကျစရိတ်ကြီးမားပါတယ်။ သုံးစွဲနိုင်တဲ့ လိုင်းပမာဏ ကန့်သတ်ချက်ရှိပါတယ်။ ဒီကန့်သတ်ချက်တွေ ကြောင့်ပဲ တောင်းဆိုလာတဲ့ ကြိုးမဲ့ အချက်အလက် ဆက်သွယ်ရေးလိုအပ်ချက်နဲ့ လတိုင်းပို့နေရတဲ့ သတင်းနဲ့အချက်အလက် ပို့လွှတ်ဖို့ ပမာဏ လိုအပ်ချက်ကို နိုင်နိုင်နင်းနင်း ကိုင်တွယ် မဖြေရှင်းနိုင်ပါဘူး။ သုံးစွဲနိုင်တဲ့ လှိုင်းပမာဏ တဖြည်းဖြည်းနဲ့ကုန်လာပါပြီ။ နောက်ထပ် ပြဿနာ တစ်ခုလဲ ရှိပါသေးတယ်။ အဲဒါကတော့ ထိရောက်ကောင်းမွန်မှုပါ။ ဒီ ၁.၄ သန်း ရှိတဲ့ ရေဒီယို စခန်းတွေဟာ လျှပ်စစ် ပမာဏ အမြောက်အများကိုလည်း သုံးစွဲပါတယ်။ ခင်ဗျားတို့ သိဖို့က ဒီလျှပ်စစ်စွမ်းအားအများစုကို ရေဒီယိုလှိုင်းတွေ ထုတ်လွှင့်ဖို့သုံးတာ မဟုတ်ပါဘူး ဒီအခြေစိုက်စခန်း နဲ့ဆက်စပ် ပစ္စည်းတွေကို အအေးခံဖို့ သုံးရတာပါ။ ဒီအခြစိုက်စခန်းတစ်ခုရဲ့ ထုတ်လွှင့်ဖို့ သုံးစွဲမှုက ၅ % လောက်ပဲရှိပါတယ်။ ဒါက ပြဿနာကြီး တစ်ခု ဖြစ်လာစေပါတယ်။ နောက်ပြီး ခင်ဗျာတို့အားလုံး သတိထားမိတဲ့ ပြဿနာ တစ်ခုလည်း ရှိပါသေးတယ်။ ခင်ဗျာတို့ရဲ့ မိုဘိုင်းလ်ဖုန်းတွေကို လေယာဉ်ပျံသန်းချိန်မှာ ပိတ်ပေးထားရပါတယ်။ ဆေးရုံတွေမှာဆိုရင်တော့ လုံခြုံရေး ပြဿနာကြောင့် ဖုန်းပိတ်ထားရပါတယ်။ လုံခြုံရေး ဆိုတာကတော့ နောက်ထပ် ပြဿနာတစ်ခုပါ။ ဒီ ရေဒီယို လှိုင်းတွေဟာ နံရံကို ထိုးဖောက်နိုင်ပါတယ်။ ဒီလှိုင်းတွေကို ကြားဖြတ်ဆွဲသုံးလို့ရပါတယ် တစ်ယောက်ယောက်က ခင်ဗျားရဲ့ ဆက်သွယ်ရေး ကွန်ယက်ကို မကောင်းတဲ့ ရည်ရွယ်ချက်တွေနဲ့ အသုံးချနိုင်ပါတယ်။ ဒါတွေကတော့ အဓိက ပြဿနာကြီး ၄ ရပ်ပါ။ ဒါပေမယ့် တခြားတဖက်မှာကျတော့ ဒီလိုမျိုး သန်းပေါင်း ၁၄၀၀၀ လောက်ရှိတဲ့ မီးသီးနဲ့ အလင်းတွေကို ကျွန်တော်တို့ သုံးနေပါတယ်။ အလင်းကလည်း လျှပ်စစ်သံလိုက် ရောင်စဉ်ရဲ့ အစိတ်အပိုင်း ပါ။ ဒါကို လျှပ်စစ်သံလိုက် ရောင်စဉ် တစ်ခုလုံးနဲ့ အခြေခံထားပြီး ကြည့်ရမယ်ဆိုရင် Gamma ရောင်ခြည်တွေ ရှိမယ်။ ဒီ Gamma (ဂမ်မါ) ရောင်ခြည်တွေကို အနားတောင်ကပ်ချင်မှာ မဟုတ်ဘူး၊ အန္တရာယ်ရှိနိုင်တယ်။ X-rays(အိတ်စရေး ရောင်ခြည်) က ဆေးရုံတွေမှာ အသုံးဝင်တယ်။ ဒါပြီးတော့ ခရမ်းလွန်ရောင်ခြည် လာမယ်။ ဒါက နေပူဆာလှုံလို့တော့ ကောင်းတယ်။ ဒါပေမယ့် တခြားတဖက်မှာတော့ လူခန္ဓာကိုယ်အရေပြားအတွက် အန္တရာယ်ရှိပါတယ်။ ဒါပြီး အနီအောက်ရောင်ခြည်လာမယ်။ မျက်စိ အန္တရာယ်မဖြစ်ရေး စည်းကမ်းသတ်မှတ်ချက်တွေကြောင့် ကျွန်တော်တို့ စွမ်းအားနိမ့်ဟာပဲ သုံးလို့ရတယ်။ ဒါပြီးရင် ရေဒီယို လှိုင်းတွေ လာမယ်။ ခုနက ကျွန်တော်ပြောထားတဲ့ ပြဿနာတွေ ရှိနေတယ်။ ဒီအုပ်စုရဲ့ အလယ်မှာ မြင်နိုင်တဲ့ အလင်းရောင်စဉ် ရှိပါတယ်။ အဲဒါကတော့ အလင်း ပါပဲ။ နောက် ဒီအလင်းက နှစ်ပေါင်း သန်းချီ ရှိနေပြီးသားပါ။ အမှန်တော့ အလင်းက ကျွန်တော်တို့ကို ဖန်တီးတယ်။ အသက်ကို ဖန်တီးတယ်။ လူ့ပတ်ဝန်းကျင်က အရာတွေ ကို ဖန်တီးတယ်။ ဒါကြောင့် ဒါက ဗီဇအမွေအရ သုံးဖို့စိတ်ချရပါတယ်။ အလင်းကို ကြိုးမဲ့ ဆက်သွယ်ရေးမှာ သုံးမယ်ဆိုရင် မကောင်းဘူးလား။ ဒါတင်မကပါဘူး အလင်းကို ကျွန်တော် ရောင်စဉ်အုပ်စုကြီး တစ်ခုလုံးနဲ့ နှိုင်းယှဉ်တယ်။ ကျွန်တော် ရေဒီယိုလှိုင်း အုပ်စုနဲ့ နှိုင်းယှဉ်တယ်။ သူရဲ့ လှိုင်းပမာဏနဲ့ မြင်နိုင်တဲ့ အလင်းရဲ့ လှိုင်းပမာဏ ဘယ်လို ဖြစ်မယ်ထင်လဲ။ အလင်းမှာ ရေဒီယိုလှိုင်းထက် ရောင်စဉ်ပေါင်း အဆ ၁ သောင်းကျော် ပိုများပါတယ်။ အဲဒါကို ကျွန်တော်တို့ အသုံးချလို့ရပါတယ်။ ဒါ့အပြင် ကျွန်တော်တို့မှာ ဒီများပြားလှတဲ့ ရောင်စဉ် ပမာဏတွေ ရှိရုံတင် မဟုတ်ပါဘူး။ ကျွန်တော် ခုနလေးက ပြောခဲ့တဲ့ ကိန်းဂဏန်းတစ်ခုနဲ့ ပြန်နှိုင်းယှဉ်ကြည့်ရင် ကျွန်တော်တို့မှာ ၁.၄ သန်းသော လုပ်ဆောင်မှုအား မလုံလောက်တဲ့ ရေဒီယို ဆဲလ်လူလာ အခြေစိုက်စခန်းတွေကို စရိတ်ကြီးမားစွာ တပ်ဆင်ထားပါတယ်။ ဒါကို ၁ သောင်း နဲ့ မြှောက်ရင် သန်းထောင်ပေါင်း ၁၄ သန်း ကို ရမယ်။ ဒီ သန်း ထောင်ပေါင်း ၁၄ သန်း ဟာ ကျွန်တော်တို့ တပ်ဆင်ပြီးသားဖြစ်နေတဲ့ လျှပ်စစ်မီးလုံး ပမာဏပါ။ ဒါကြောင့် အခြေခံ အဆောက်အအုံ က ရှိနေပြီးသားပါ။ မျက်နှာကြက်ကို ကြည့်လိုက်ရင် ဒီလျှပ်စစ်မီးလုံးတွေကို တွေ့ရမှာပါ။ ခန်းမဆောင် သွားရင်လည်း ဒီမီးလုံးတွေကို တွေ့မှာပါ။ ကျွန်တော်တို့ ဒါတွေကို ဆက်သွယ်ရေးမှာ သုံးလို့ရမလား။ သုံးနိုင်ပါတယ်။ ဒါဆို ကျွန်တော်တို့ ဘာလုပ်ဖို့လ်ိုမလဲ။ ကျွန်တော်တို့လုပ်ဖို့ လိုအပ်တာ တစ်ခုကတော့ ကျွန်တော်တို့ဒီ စွမ်းရည်မလုံလောက်တဲ့ အလင်းဖြာနေတဲ့ မီးလုံးတွေနဲ့ ဖလော်ရတ်ဆန့်မီးတွေကို ဒီ LED နည်းပညာသစ်သုံးထားတဲ့ LED မီးလုံးတွေနဲ့ အစားထိုးလိုက်ဖို့ပါပဲ။ LED က တပိုင်းလျှပ်ကူးပစ္စည်းပါ။ လျှပ်စစ်ပစ္စည်းတစ်ခုပါ။ သူ့မှာ တိကျတဲ့ စွဲမက်ဖွယ် ဂုဏ်သတ္တိရှိပါတယ်။ သူ့ရဲ့ပြင်းအားကို အလွန်မြန်တဲ့နှုန်းနဲ့ အတိုးအလျှော့လုပ်လို့ရပါတယ်။ နောက် အလွန်မြန်တဲ့နှုန်းနဲ့ ပိတ်လိုက်လို့ ရပါတယ်။ ဒါကတော့ LED ရဲ့ အခြေခံကျတဲ့ ဂုဏ်သတ္တိပါ။ ကျွန်တော်တို့ နည်းပညာနဲ့ ကျွန်တော်တို့ ရှာဖွေဖော်ထုတ်ထားတာပါ။ ကျွန်တာ် တို့ဘယ်လို လုပ်ခဲ့တယ်ဆိုတာ ပြပါမယ်။ မြင်နိုင်တဲ့ အလင်းရောင်စဉ်ရဲ့ အနီးဆုံးက ရောင်ခြည်ကို သွားကြည့်ရင် အဝေးထိန်းခလုတ်တွေကို ကြည့်ရမှာပါ။ ဒီ အဝေးထိန်းခလုတ်တွေမှာ အနီအောက် LED ကိုသုံးထားတယ်ဆိုတာ အားလုံးပဲ သိကြပါတယ်။ အခြေခံက ဒီ LED ကို ဖွင့်ထားမယ်၊ တစ်ခုခု ကို ပိတ်ချင်ရင် LED ကို ပိတ်လိုက်မယ်။ အဲဒီလိုလုပ်လိုက်ရင် ရိုးရှင်းပြီး မြန်နှုန်းနိမ့် အချက်အလက် စီးကြောင်းတစ်ခု ဖြစ်သွားစေပါတယ်။ တစက္ကန့်မှာ အချက်အလက် ဘစ်ပေါင်း ၁ သောင်း ဒါမှမဟုတ် တစက္ကန့်မှာ အချက်အလက် ဘစ်ပေါင်း ၂ သောင်း နှုန်းနဲ့ပါ။ YouTube ဗွီဒီယိုကို ကြည့်ဖို့တောင် သုံးလို့မရပါဘူး။ ကျွန်တော်တို့လုပ်ခဲ့တဲ့ အရာက အဝေးထိန်း Remote Control မှာပါတဲ့ မီးလုံးကို ပို အသုံးချလို့ရတဲ့ ကျွန်တော်တို့ဖန်တီးထားတဲ့ မီးလုံးနဲ့ အစားထိုးလိုက်တာပါ။ ကျွန်တော်တို့နည်းပညာနဲ့ထုတ်လွှင့်တဲ့အခါ သတင်းအချက်အလက်စီးကြောင်း တစ်ခုထဲ ပို့လို့ရရုံတင်မကပါဘူး ထောင်ချီတဲ့ အချက်အလက်စီးကြောင်းတွေကို တပြိုင်နက် ထဲမှာ ပိုပြီးမြန်တဲ့နှုန်းနဲ့တောင် ပို့လွှတ်နိုင်ပါတယ်။ ကျွန်တော်တို ဖော်ထုတ်ထားတဲ့နည်းပညာကို SIM OFDM လို့ခေါ်ပါတယ်။ အလင်းလှိုင်းနေရာ အတိုးအလျှော့လုပ်တာပါ။ ဒါတွေက နည်းပညာ အသုံးအနှုန်းတွေပါ၊ ကျွန်တော် အသေးစိတ် မပြောတော့ပါဘူး။ ဒါပေမယ့် ဒါက ကျွန်တော်တို့ဘယ်လိုနည်းနဲ့ အလင်းကို အသုံးပြုပြီး အချက်အလက်တွေ ပို့လွှတ်တယ် ဆိုတာပါပဲ။ ခင်ဗျားတို့တွေက " ဒီ ၁၀ မိနစ်စာဖန်တီးထားတဲ့ ဆလိုဒ်တင်ဆက်မှုလေးကတော့ ကောင်းပါတယ်" လို့ ပြောကြမယ်။ ဒါတင် မကပါဘူး ကျွန်တော်တို့က လက်တွေ့သရုပ်ပြပစ္စည်းတစ်ခုကိုလည်း လုပ်ထားပါတယ်။ ဒီ မြင်နိုင်တဲ့အလင်း သရုပ်ပြစက်ကို ကျွန်တော် အများသူငါရှေ့မှာ ပထမဆုံး ပြတာပါ။ ဒီမှာ ရှိနေတာက သာမန် စားပွဲတင် စာကြည့်မီးလုံးမဟုတ်ပါဘူး။ ကျွန်တော်တို့ အထဲမှာ LED မီးလုံးတွေ တပ်ထားပါတယ်။ အမေရိကန် ၃ ဒေါ်လာလောက်ပဲ တန်ဖိုးရှိပါတယ်။ ကျွန်တော်တို့ရဲ့ အချက်ပြလုပ်ငန်းစဉ် နည်းပညာကို ထည့်ထားပါတယ်။ နောက် ဒီမှာ ရှိတာက အပေါက်လေးပါ။ အလင်းက ဒီ အပေါက်ကနေ ဖြတ်သွားပါမယ်။ အထဲမှာ အချက်အလက် လက်ခံတဲ့စက်ရှိပါတယ်။ ဒီ အချက်အလက် လက်ခံတဲ့စက်က ကျွန်တော်တို့ ဖန်တီးလိုက်တဲ့ သေးငယ်ပြီး မထင်ရှားတဲ့ လှိုင်းပြောင်းလဲမှုလေးတွေကို လျှပ်စစ်ပုံစံ အချက်ပြမှု အနေနဲ့ ပြောင်းလဲပေးလိုက်ပါတယ်။ ဒီ လျှပ်စစ်ပုံစံ အချက်ပြတွေကို မြန်နှုန်းမြင့် အချက်အလက်စီးကြောင်းအဖြစ် ထပ်ပြောင်းပေးပါတယ်။ အနာဂါတ်မှာတော့ ဒီအပေါက်လေးကို စမတ်ဖုန်းထဲမှာ ထည့်သွင်းပေးနိုင်မယ်လို့ မျှော်လင့်ရပါတယ်။ အလင်းအာရုံခံတဲ့စနစ်ကို ထည့်သွင်းတပ်ဆင်ရုံတင် မကပါဘူး။ ဒါကို ဓာတ်ပုံကင်မရာ အနေနဲ့လည်း သုံးချင်သုံးလာနိုင်ပါတယ်။ ဟုတ်ပြီ ဒါဆို ကျွန်တော် အဲဒီအလင်းကို ဖွင့်လိုက်ရင် ဘာဖြစ်လာမလဲ။ ခင်ဗျားတို့ မျှော်မှန်းထားသလို ဒါက အလင်းပါ။ စာကြည့်မီးလုံးပါ။ စာအုပ်ကို ဒီအောက်မှာထားပြီး ခင်ဗျား စာဖတ်လို့ရတယ်။ ဒါက နေရာတစ်ခုကို အလင်းပေးနေတာ။ ဒါပေမယ့် တချိန်ထဲမှာပဲ ဒီရုပ်ရှင် ဒီမှာ ပြနေတာတွေ့ရမယ်။ ဒီရုပ်ရှင်ဟာ ပုံထွက်စွမ်းရည်မြင့်တဲ့ ရုပ်ရှင်ပါ။ ဒီရုပ်ရှင်ကို ဟောဒီ အလင်းတန်းကနေတဆင့် ထုတ်လွှင့်နေတာပါ။ ခင်ဗျားတို့လည်း ဆန်းစစ်ဝေဖန်တတ်တာပဲ။ ခင်ဗျား ဒါကို ရယ်စရာလို့ ထင်နိုင်ပါတယ်။ ဒါဟာ ထက်မြက်တဲ့ ပညာရှင်တစ်ယောက် ဒီမှာ လာပြီး လှဲ့စားနေတယ်ပေါ့။ ဒါပေမယ့် ကျွန်တော် ဒါလေး လုပ်လိုက်မယ်ဗျာ။ (အားပေးသံများ) နောက်တခါဗျာ။ မယုံသေးဘူးလား။ ဒါ ဒီအလင်းက ဒီ ပုံထွက်စွမ်းရည်မြင့်ရုပ်ရှင်ကို လှိုင်းတွေခွဲပြီး ထုတ်လွှင့်နေတာ။ ခင်ဗျား အလင်းကို ကြည့်မယ်ဆိုရင်လည်း ခင်ဗျားတို့မျှော်မှန်းထားသလို အလင်းထုတ်ပေးနေတာပဲလေ။ ခင်ဗျားတို့လူသားမျက်စိနဲ့ သတိမထားမိနိုင်ပါဘူး။ ဒီ အလင်းလှိုင်းတွေရဲ့ မထင်ရှားတဲ့ပြောင်းလဲမှုကို ခင်ဗျားတို့သတိမပြုမိနိုင်ပါဘူး။ အဲဒါကို ကျွန်တော်တို့ ဒီမီးလုံးထဲမှာ နှိပ်ထည့်ထားတာ။ ဒီမီးလုံးက အလင်းပေးဖို့အတွက်လည်း ဝန်ဆောင်မှုပေးသလို တချိန်ထဲမှာပဲ ကျွန်တော်တို့က ဒီအချက်အလက်တွေကို ပို့လွှတ်နိုင်တယ်။ ခင်ဗျားတို့ အခု မြင်နေရတာပဲ မျက်နှာကြက်က မီးအလင်းကလည်း ဒီအောက်က လက်ခံတဲ့စက်ပေါ်ကို ကျနေတာ။ ဒီလက်ခံတဲ့စက်က တည်ငြိမ်အလင်းကို လစ်လျူရှုပေးတယ်။ ဘာလို့လဲဆို လက်ခံတဲ့စက်က မသိသာတဲ့ အလင်းပြောင်းလဲမှုလေးကိုပဲ စိတ်ဝင်စားတယ်။ ခင်ဗျားတို့မှာ မကြာမကြာ ဆန်းစစ်ဝေဖန်တဲ့ မေးခွန်းတွေ ပေါ်လာမှာပေါ့။ ခင်ဗျားပြောမယ် "ဟုတ်ပြီ ဒါကြီးအလုပ်လုပ်နေဖို့ ကျွန်တော် မီးကို တချိန်လုံး ဖွင့်ထားရမှာလားပေါ့။ အဖြေကတော့၊ ဟုတ်ပါတယ်၊ ဖွင့်ထားရပါမယ်။ ဒါပေမဲ့ အလင်းကို ပိတ်လုလု အနေအထားရောက်တဲ့အထိ မှိန်ထားလို့ရပါတယ်။ ဒါဆိုလည်း သတင်းအချက်အလက်တွေ ပို့လို့ရနိုင်ပါသေးတယ်။ ဖြစ်နိုင်ပါတယ်။ စိန်ခေါ်မှု ၄ ခု အကြောင်း ခင်ဗျားတို့ကို ကျွန်တော် ပြောခဲ့ပြီးပါပြီ။ သယ်ဆောင်နိုင်မှုပမာဏမှာ ကျွန်တော်တို့မှာ ရောင်စဉ်အဆ ၁၀၀၀၀ ပိုများပါတယ်။ အဆပေါင်း ၁-သောင်းလောက်ရှိတဲ့ LEDတွေဟာ အခြေခံအဆောက်အအုံ အနေနဲ့ တပ်ဆင်ထားပြီး ဖြစ်နေပါပြီ။ ဒါကို ခင်ဗျားတို့သဘောတူမယ်လို့ယူဆပါတယ်။ ဒါကြောင့် သယ်ဆောင်နိုင်မှုပမာဏအတွက် ပြဿနာ မရှိတော့ပါဘူး။ ထိရောက်မှုကကော။ ဒါကလည်း အလင်းဖြာတာကနေတဆင့် အချက်အလက်တွေပို့ပေးတာ။ အရင်ဆုံးကတော့ အလင်းပေးတဲ့ ပစ္စည်းပါပဲ။ ဒါကြောင့် စွမ်းအင်ချွေတာရေးမှာ သတင်းပို့လွှတ်ဖို့အတွက်ကတော့ အလကားနီးနီးပါပဲ။ တော်တော့်ကို စွမ်းအင်ချွေတာနိုင်မှာပါ။ ကျွန်တော် LED မီးလုံးတွေ အတွက်တော့ စွမ်းအင် အရမ်း ချွေတာနိုင်မယ်လို့ မပြောပါဘူး။ တကမ္ဘာလုံးသာ ဒါကို တပ်ဆင်အသုံးချမယ်ဆိုရင် ကျွန်တော်တို့ ဓာတ်အားပေးစက်ရုံ ရာပေါင်းများစွာကို ချွေတာနိုင်ပါမယ်။ ဒါကို ဘေးဖယ်ထားလိုက်ပါဦး။ ပြီးတော့ ကျွန်တော် အလင်းရရှိနိုင်မှုအကြောင်း ပြောခဲ့တယ်။ ဆေးရုံမှာ မီးလုံးတွေသုံးတာ ခင်ဗျားတို့ ကျွန်တော်နဲ့ သဘောတူမှာပါ။ ဘာလုပ်ရမလဲဆိုတာကို မြင်တတ်ဖို့ပဲ လိုပါတယ်။ လေယာဉ်တွေပေါ်မှာလည်း မီးလုံးတွေ ရှိတယ်။ ဒါကြောင့် နေရာတိုင်းမှာ မီးလုံးတွေ ရှိနေတယ်။ လှည့်ပတ်ကြည့်လိုက်ပါ၊ နေရာတိုင်းပဲ။ စမတ်ဖုန်းကို ကြည့်မလား။ သူ့မှာလည်း အလင်းပေးတဲ့ မီးလုံး ရှိပါတယ် LED flashlight ပါ။ ဒါတွေက မြန်နှုန်းမြင့် သတင်းအချက်အလက် ပို့ဆောင်ရေးအတွက် ဖြစ်နိုင်ခြေရှိတဲ့ အရင်းအမြစ်တွေပါ။ နောက်ပြီး လုံခြုံမှုအကြောင်း ပြောထားသေးတယ်။ ခင်ဗျားတို့ကျွန်တော်နဲ့သဘောတူမှာပါ။ အလင်းက နံရံကို မဖောက်ဘူးဆိုတာ။ ဒါကြောင့် အလင်းဒီဘက်မှာရှိနေရင် လုံလုံခြုံခြုံထားရမယ့် သတင်း အချက်အလက်တွေ ရှိနေတယ်ရင် အခန်းရဲ့တစ်ခြားဘက်ကနေ ဒီနံရံကို ဖြတ်ပြီး ဘယ်သူကမှ အဲဒီ သတင်းအချက်အလက်တွေကို ဖတ်လို့ရမှာ မဟုတ်ပါဘူး။ ပြီးတော့ အလင်းရှိမှ သတင်းအချက်အလက် ရှိမှာပါ။ တကယ်လို့ လက်ခံတဲ့စက်ကနေ သတင်းအချက်အလက်တွေကို လက်မခံစေချင်ရင် ကျွန်တော်တို့လုပ်လို့ရတာက ဒါလေးကို လှည့်လိုက်ရုံပါပဲ။ ဒီတော့ အချက်အလက်တွေက ဒီလားရာဘက်ကို စီးသွားမယ်၊ လက်ခံတဲ့စက်ပေါ် မကျတော့ပါဘူး။ အခု ကျွန်တော်တို့ သတင်းအချက်အလက်တွေ ဘယ်ကိုသွားတယ်ဆိုတာ အမှန် မြင်ရပါပြီ။ ကျွန်တော့်အတွက်တော့ အလင်းကနေ အချက်အလက်ပို့တာကို အသုံးချဖို့ဆိုတာ လောလောဆယ် တွေးထင်နိုင်တာထက်ကို များပြားကျယ်ပြန့်လွန်းပါတယ်။ ကျွန်တော်တို့မှာ ရာစုနှစ်ချီနေပြီဖြစ်တဲ့ အရမ်းကောင်း၊ အရမ်းစမတ်ကျတဲ့ အသုံးချဆော့ဖ်ဝဲလ် ဖော်ထုတ်သူတွေ ရှိခဲ့ကြပါတယ်။ အလင်းရှိတဲ့နေရာမှာ သတင်းအချက်အလက် ပို့လွှတ်ဖို့ ဖြစ်နိုင်တဲ့ နည်းလမ်းတွေရှိတယ်ဆိုတာကို ကျွန်တော်တို့ သတိပြုတတ်ဖို့ပါပဲ။ ဒါပေမယ့် ကျွန်တော် ဥပမာ နည်းနည်း ပေးနိုင်ပါတယ်။ ခင်ဗျားတို့ အခုလောက်ဆို အကျိုးသက်ရောက်မှုကို မြင်လောက်ပါပြီ။ ဒါက အဝေးထိန်းယာဉ်ပါ။ သမုဒ္ဒရာအောက်မှာပါ။ သူတို့ အလင်းကို အောက်က နေရာကို အလင်းပေးဖို့သုံးပါတယ်။ ဒီအလင်းကို ကြိုးမဲ့ သတင်းအချက်အလက် ပို့ဖို့သုံးနိုင်ပါတယ်။ အဲဒီအလင်းကို ဒီပစ္စည်းတွေ တခုနဲ့တခု ဆက်သွယ်ဖို့ သုံးလို့ရပါမယ်။ ပင်က်ိုအားဖြင့် လုံခြုံတဲ့ ပတ်ဝန်းကျင်ဖြစ်တဲ့ ဒီ ရေနံနဲ့ဓာတုဗေဒ စက်ရုံတွေမှာဆိုရင် ခင်ဗျား ရေဒီယိုလှိုင်း သုံးလို့မရပါဘူး။ အန်တန်နာ ကနေ မီးပွားဖြစ်စေနိုင်ပါတယ်။ ဒါပေမယ့် အလင်းတော့ သုံးလို့ရပါတယ်။ ဒီမှာ မီးလုံးတွေ အများကြီး တွေ့ရမှာပါ။ ဆေးရုံတွေမှာ ဆေးရုံသုံး ပစ္စည်းအသစ်တွေ အတွက်၊ လမ်းတွေမှာ ယာဉ်ကြော ထိန်းသိမ်းဖို့အတွက်၊ ကားတွေမှာ LED အခြေပြုတဲ့ ရှေ့ထိုးမီးနဲ့ နောက်မီးတွေ ရှိနေတော့ ကားတွေ တစ်စီးနဲ့တစ်စီး ဆက်သွယ်ပြီး ယာဉ်တိုက်မှုကို ကာကွယ်နိုင်ပါတယ်။ သူတို့ သတင်းအချက်အလက်တွေ ဖလှယ်တဲ့နည်းလမ်းပေါ်မူတည်တာပေါ့။ ယာဉ်ကြောထိန်းအချက်ပြမီးတွေက ကားတွေကို ဆက်သွယ်နိုင်မယ်။ စသဖြင့်ပေါ့လေ။ နောက်ပြီး လမ်းတွေပေါ်မှာ ဒီလိုမီးလုံးတွေ သန်းချီ ရှိနေပါတယ်။ တကမ္ဘာလုံး တပ်ဆင်ထားပြီးသားပါ။ လမ်းမီးတိုင်းက သတင်းအချက်အလက်တွေ ရယူဖို့ အလကားပေးတဲ့ နေရာတွေ ဖြစ်လာနိုင်ပါတယ်။ ဒါကို ကျွန်တော်တို့က (လိုင်-ဖိုင်) Li-Fi လို့ခေါ်ပါတယ်။ အလင်းမှ ကြည်လင်ပီသသော အချက်အလက် ရယူပို့လွှတ်မှုပါ။ ကျွန်တော်တို့မှာ လေယာဉ်စီးတဲ့အခန်းတွေ ရှိမယ်။ လေယာဉ်စီးတဲ့အခန်းထဲမှာ မီးလုံး ရာချီရှိပါတယ်။ ဒီမီးလုံး တစ်လုံးစီဟာ ကြိုးမဲ့ သတင်းအချက်အလက် ပို့လွှတ်ဖို့ ဖြစ်နိုင်ခြေရှိပါတယ်။ ခင်ဗျားတို့ အကြိုက်နှစ်သက်ဆုံး TED video ကို အချိန်ကြာမြင့်တဲ့ အိမ်အပြန် လေယာဉ်ခရီးစဉ်မှာ ကြည့်ရှုနိုင်ပါတယ်။ အွန်လိုင်း ကွန်ယက်လူမှုဘဝပေါ့။ ဒါဟာ ဖြစ်နိုင်ခြေရှိတဲ့ အနာဂါတ်အမြင်လို့ ကျွန်တော် ထင်တယ်။ ဒီတော့ ကျွန်တော်တို့ လုပ်ရမှာက မိုက်ခရို ချစ်ပ်စ် ပြားလေးကို ဖြစ်နိုင်ခြေရှိတဲ့ အလင်းလွှတ်န်ိုင်တဲ့ ပစ္စည်းတွေမှာ တပ်ထားဖို့ပါပဲ။ ဒါက နောက်ပိုင်းမှာ အခြေခံ လုပ်ငန်းဆောင်တာ ၂ ခုဖြစ်တဲ့ အလင်း ထုတ်လွှတ်ခြင်းနဲ့ ကြိုးမဲ့သတင်းပို့လွှတ်ခြင်းတို့ကို ပြန်ပေါင်းပေးပါလိမ့်မယ်။ ကျွန်တော်ကိုယ်တိုင် ယုံကြည်နေတဲ့ ဒီ သဟဇာတကိစ္စက ဒီကနေ့ ကြိုးမဲ့ဆက်သွယ်ရေးမှာ ကျွန်တော်တို့ကို ထိပ်တိုက်ရင်ဆိုင်နေတဲ့ အခြေခံ ပြဿနာ ၄ ခုကို ဖြေရှင်းပေးနိုင်မှာပါ။ အနာဂတ်မှာ သန်းထောင်ပေါင်း ၁၄ သန်း ရှိတဲ့ မီးလုံးတွေတင်မကပဲ ခင်ဗျားတို့ ဒီပမာဏနဲ့ပဲ Li-Fi တွေ ရှိနေနိုင်ပါတယ်။ အဲဒါတွေကို တကမ္ဘာလုံး တပ်ဆင်ထားရင် ပိုပြီး သန့်ရှင်းတဲ့ စွမ်းအင်ပိုချွေတာနိုင်တဲ့ ပိုမို ထွန်းလင်းတောက်ပတဲ့ အနာဂတ်ရှိလာမှာပါ။ ကျေးဇူးတင်ပါတယ်။ (အားပေးသံများ)