Drew Dudley
3,872,786 views • 6:14

လူတိုင်းကို မေးခွန်းလေးမေးရင်း စလိုက်ချင်ပါတယ်။ ဒီကလူ ဘယ်နှစ်ယောက်က ကိုယ့်ကိုယ်ကို ခေါင်းဆောင်လို့ခေါ်တာနဲ့ လုံးဝ သက်တောင့်သက်သာရှိကြလဲ။ ကြည့်ပါ၊ အဲဒီမေးခွန်းကို နိုင်ငံ တနံတလျား မေးခဲ့ပြီး ဒါကို နေရာတိုင်း ဘယ်နေရာမဆို မေးခဲ့တယ်၊ အမြဲတမ်းက လက်မထောင်တဲ့ပရိတ်သတ် အများကြီး ရှိတယ်။ သဘောပေါက်တာက ခေါင်းဆောင်မှုကို မိမိတို့ထက် ပိုကြီးတဲ့အရာလို လုပ်ထားတယ်။ ဉာဏ်မမီနိုင်တာလို လုပ်ထားတယ်။ ကမ္ဘာကို ပြောင်းလဲဖို့လုပ်ထားတယ်။ ခေါင်းဆောင်ဆိုတဲ့ ခေါင်းစဉ်ယူထားပြီး

တစ်နေ့မှာကိုယ်နဲ့ထိုက်တန်တော့မယ့် ပုံမျိုး ပြုမူကြတယ်။ ဒါပေမဲ့ ကိုယ့်ကိုယ်ကို အခုပေးဖို့ကျတော့ စိတ်ကြီးဝင်တာ( သို့) စောင့်ကြွားကြား လုပ်တာနဲ့ မသက်မသာဖြစ်လို့လေ။ တစ်ခါတစ်ရံ စိုးရိမ်မိတာက လူတိုင်းလုပ်နိုင်ခဲတဲ့ အံ့ဖွယ်ရာတွေကို အောင်ပွဲခံခြင်းမှာ အချိန် အများကြီး ကုန်ဆုံးကြပြီးတော့ အောင်ပွဲခံထိုက်တာ ဒါတွေပဲ ဆိုပြီး ကိုယ့်ကိုယ်ကို ဘဝင်ကျကာ နေ့စဉ် လုပ်နိုင်တာတွေကို တန်ဘိုးမထား၊ ကိုယ်တကယ် ခေါင်းဆောင်ဖြစ်တဲ့ အချိန်လေးတွေကိုယူကာ ဒီအတွက် ကိုယ့်ကိုယ်ကို ဂုဏ်ယူခွင့်မပြု၊ ကောင်းတယ်လို့ သိခွင့်မပေးတာပါ။ ကံကောင်းတာက လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်က ပိုပျော်မယ်လို့ ထင်တဲ့ ခေါင်းဆောင်မှုကို ပြန်လည်ဖွင့်ဆိုဖို့ ကူညီတဲ့ အံ့စရာလူတွေနဲ့ တွဲလုပ်ရတာပါ ဒီနေ့ အချိန်တိုလေးမှာ ခင်ဗျားတို့ကို မျှဝေချင်တာက ဒီအနက်ပြန်ဖွင့်ခြင်းအတွက် တာဝန်အရှိဆုံး ဆိုလောက်တဲ့ ဇာတ်လမ်းတစ်ပုဒ်ကိုပါ။

New Brunswick က Sackville မှာ Mount Allison University လို့ခေါ်တဲ့ ကျောင်းလေးမှာတက်ခဲ့ပြီး အဲဒီက နောက်ဆုံးနေ့မှာ မိန်းကလေးတစ်ယောက် ရောက်လာပြီး ပြောတာက "ရှင့်ကို ပထမဆုံး ဆုံမိတာကို မှတ်မိတယ်"တဲ့။ နောက်ပြီး အရင် ၄ နှစ်က ဖြစ်ခဲ့တဲ့ ဇာတ်လမ်း ပြောပြတယ်။ သူမပြောတာက "ကျွန်မ တက္ကသိုလ် မတက်ခင် တစ်ရက်မှာ ဟိုတယ်ခန်းထဲ အမေ၊ အဖေနဲ့ ရှိနေခဲ့ပြီး အရမ်းကြောက်နေတော့ မလုပ်နိုင်ပါဘူး၊ တက္ကသိုလ်သွားဖို့ အဆင်သင့် မဖြစ်သေးဘူးဆိုပြီး မျက်ရည်ပေါက်ပေါက်ကျခဲ့တယ်။ အမေနဲ့အဖေက တအံ့တဩဖြစ်ကာ ပြောတာက နားထောင်၊ နင်ကြောက်နေတာ သိတယ်၊ မနက်ဖြန်မှပဲ သွားရအောင်၊ ပထမဆုံးနေ့ စမ်းသွားရအောင်၊ နင်မသွားချင်ဘူးဆိုတဲ့ အချိန်ပြော၊ ကိစ္စမရှိဘူး နင့်ကို အိမ်ပြန်ခေါ်သွားမယ်၊ ဘာဖြစ်ဖြစ် နင့်ကိုချစ်တယ်

သူမက "ဒီတော့ နောက်နေ့ သွားပြီး ကျောင်းအပ်ဖို့ တန်းစီနေတုန်း ဘေးဘီကြည့်လိုက်ကာ မလုပ်နိုင်တာပဲသိတယ်။ အဆင်သင့် မဖြစ်သေးဘူး၊ ထွက်ရမယ် ဆိုတာပဲသိတယ်။ ပြီးတော့ " ဒါကို ဆုံးဖြတ်လိုက်တယ်၊ ဆုံးဖြတ်ပြီးမှာပဲ မယုံနိုင်စရာ စိတ်အေးချမ်းလာတယ်။ အမေနဲ အဖေဘက်လှည့်ပြီး အိမ်ပြန်ဖို့ လိုတယ်လို့ ပြောလိုက်ပြီး ကျောင်းသားသမဂ္ဂ အဆောက်အဦက ထွက်လာခိုက်မှာပဲ ဘဝမှာ မြင်ဖူးသမျှ အကြောင်ဆုံး ဦးထုပ် ဆောင်းထားမိလျက်သားလေ။ (ရယ်သံများ) "အံ့လောက်ပါတယ်" Shinerama ကျောင်းသားတွေ အသက်ရှုလမ်းကြောင်း ပိတ်တာ တိုက်ဖျက်တာ အားပေးတဲ့အရုပ်နဲ့ နှစ်များစွာ တွဲလုပ်ခဲ့တဲ့ အသင်း ဆွဲပုံးအပြည့်ပါတဲ့ လော်လီပေါ့တွေ။ လမ်းလျှောက်ရင်း တန်းထဲကလူတွေကို လော်လီပေါ့တွေ ကမ်းပေးရင်း Shinerama အကြောင်း ပြောနေခဲ့တယ်။

ရုတ်တရက် ကိုယ့်ဆီရောက်လာပြီး ရပ်လိုက်တယ်၊ စေ့စေ့ကြည့်တယ်၊ ကြောက်စရာကြီး။ (ရယ်သံများ)

ဒီကောင်မလေးက ကျွန်တော်ပြောနေတာကို အတိအကျသိတယ်။ (ရယ်သံများ) ပြီတော့ ဘေးနားက လူကို ကြည့်လိုက်တယ်။ ပြုံးတယ် ပုံးထဲကိုလှမ်း၊ လော်လီပေါ့ တစ်ခုထုတ်ပြီး သူကိုလှမ်းပေးကာ ပြောလိုက်တာက "မင်းဘေးနားက မိန်းမချောကို လော်လီပေါ့ ပေးဖို့လိုတယ်။" သူမ​ပြောတာ "ဘဝမှာ လူတစ်ယောက် မြန်မြန်ကြီး ရှက်တာ တစ်ခါမှမမြင်ဖူးဘူး။ နီတွတ်သွားပြီး ကြည့်တောင်မကြည့်ဘူး။ သူဟာ လော်လီပေါ့ကို ဒီလိုမျိုး ကိုင်ထားတယ်လေ။ (ရယ်သံများ) ဒီငနဲကို သနားလွန်းလို့ လော်လီပေါ့ကို ယူလိုက်တယ်၊ ယူလိုက်တာနဲ့ မျက်နှာမှာ ဒီမယုံနိုင်အောင် ထန်လာပြီး

အဖေနဲ့အမေကို ကြည့်ပြီးပြောတာက "ဒါကိုကြည့်ပါ၊ ဒါကိုကြည့်ပါ။" အိမ်ကနေ ထွက်တဲ့ ပထမရက်မှာ သူမဟာ သူစိမ်း တစ်ယောက်စီကနေ သကြားလုံး ယူတယ်တဲ့လား။ (ရယ်သံများ)

ပြီးတော့ သူမပြောတာက "လူတိုင်း ဒါကို ရှုံးကြတယ်၊အရပ် တိုင်းရဲ့ပေ ၂၀ မှာ လူတိုင်း စအော်တယ်။ ဒါဟာ အပေါစားဆိုတာ သိပြီးဘာလို့ ဒါကို ပြောနေမှန်းမသိဘူး။ အဲဒီတုန်းက လူတိုင်းက ရယ်နေတော့ နောက်မဆုတ်သင့်တာကို သိနေတယ်။

အဲဒါ ကျွန်မရှိသင့်တဲ့နေရာလို့ သိခဲ့တယ်။ ကျွန်မအိမ်မှာဆိုတာသိပြီး အဲဒီနေ့ထဲက ၄ နှစ်အတွင်း ရှင့်ကို တစ်ခါမှ စကားမပြောရသေးပေမဲ့ ရှင်ထွက်သွားပြီဆိုတာ ကြားခဲ့တော့ ရှင်ဟာ ကျွန်မဘဝမှာ အရမ်း အရေးပါတယ် ပြောဖို့ ရှင့်ဆီလာရတာပေါ့၊ ရှင့်ကို သတိရနေမှာပါ၊ ကံကောင်းပါစေနော်။

ပြီး သူမထွက်သွားတယ်၊ ကျွန်တော် ဘဝင်ကျမိတယ်။ ၆ ပေလောက်အကွာမှာ လှည့်ပြီး ပြုံးကာ သူမပြောတာက "ရှင်လည်း ဒါကို သိချင်သိမှာ၊ ဒီကောင်ကို ၄ နှစ်ကြာပြီးမှာ တွဲနေတုန်းလေ။ (ရယ်သံများ)

၁ နှစ်ခွဲအကြာမှာ Toranto ကိုပြောင်းလာတယ်။ သူတို့ မင်္ဂလာဆောင် ဖိတ်စာရခဲ့တယ်။

ဒါက အံ့ဩစရာပါ၊ ဒါကို ကျွန်တော်မမှတ်မိဘူး၊ ဒီကာလကို အမှတ်မရမိဘူး။ ကျွန်တော့ မှတ်ဉာဏ်ထဲ ရှာကြည့်တယ်၊ ရယ်ရပြီး ဒါလုပ်တာကို အမှတ်ရသင့်တာကိုး ကျွန်တော် မမှတ်မိဘူးဗျာ။ ဒါဟာ တစုံတယောက်ရဲ့ဘဝကို အကြီးမားဆုံး သက်ရောက်မှု ဖြစ်လောက်တယ်လို့ တွေးစေတဲ့ ဒီလို မျက်စေ့ဖွင့်ပေးတဲ့ ပြောင်းလဲခြင်းကာလ၊ မိန်းမ ၁ယောက် သူစိမ်း ၁ယောက်ဆီ ၄နှစ်ကြာပြီး သွားတာရှိတဲ့ကာလပါ၊ ပြောသေးတာက "ရှင်ဟာ ဘဝမှာ အလွန်အရေးပါသူပါတဲ့။ ဒါက ကျွန်တော် မှတ်တောင်မမှတ်မိတဲ့ ကာလပါ။

ခင်ဗျားတို့ထဲက ဘယ်နှစ်ယောက်မှာ အခြေခံအားဖြင့် ခင်ဗျားတို့ဘဝ ပိုကောင်းအောင်လို့

တဦးဦးက ပြောခဲ့၊လုပ်ခဲ့တဲ့ လော်လီပေါ့ ကာလရှိဖူးလဲ။ ကောင်းပြီ၊ခင်ဗျားတို့ ဘယ်နှစ်ယောက်က အဲဒီလူကို ဒါကို ပြောဖူးလဲ။ ဘာလို့လဲ၊ ကျွန်တော်တို့ မွေးနေ့ပွဲ တွေကျင်းပတယ်၊ အဲဒီမှာလုပ်တာဆိုလို့ ၃၆၅ ရက်တ​ာ မသေဖို့ပဲလေ။ (ရယ်သံများ)

ပြီးတော့ ကိုယ့်ဘဝ တိုးတက်အောင် လုပ်ပေးသူတွေကို ရှော်လိုက်သေးတယ်။ ခင်ဗျားတို့ တစ်ဦးချင်း၊ ခင်ဗျားတို့ တစ်ဦးချင်းစီဟာ လော်လီပေါ့ကာလ ဓာတ်ကူဖြစ်ဖူးတယ်။ ကိုယ်ပြောတာ၊ လုပ်တာတစ်ခုခုကြောင့် လူ တစ်ဦးရဲ့ ဘဝတိုးတက်အောင်လုပ်ဖူးပြီး မလုပ်ဖူးဘူးလို့

ထင်မိရင် ဒီမေးခွန်းမေးစဉ်က မထောင်တဲ့လက်တွေကို စဉ်းစားပါ။ ခင်ဗျားတို့ဟာ ဒါကို မသိသူတွေထဲက တစ်ယောက်ပါ။

ဒီလောက် အစွမ်းထက်တယ်လို့ ကိုယ့် ကိုယ်ကိုထင်မိတာ လန့်စရာကြီး။ ကိုယ် သူများအပေါ် အများကြီးအရေးပါတာ ထင်မိတာ လန့်စရာပါ။ အကြောင်းက ကိုယ်ထက် ပိုကြီးတဲ့ ခေါင်းဆောင်မှုဆိုတာ လုပ်နေသရွေ့ ကိုယ်မမီတဲ့ ခေါင်းဆောင်မှု လုပ်သရွေ့၊ ကမ္ဘာကိုပြောင်းလဲဖို့ လုပ်နေသရွေ့ နေ့စဉ် ကိုယ်ကိုယ်တိုင်နဲ့ အခြားသူတွေဆီက မျှော်လင့်တာမဟုတ်ပဲ ကိုယ့် ကိုယ်ကို ဆင်ခြေပေးကြပါတယ်။

Marianne Williamson က "အကြီးမာဆုံးကြောက်စိတ်ဟာ စိတ်မချတာ မဟုတ်ပဲ အတိုင်းထက် အလွန် အစွမ်းထက်နေခြင်းပါ။ တို့ကိုခြောက်လှန့်တာက အမှောင်မဟုတ်ပဲ၊ အလင်းပါ တဲ့။ ဒီနေ့ နှိုးဆော်တာက ဒါကိုကျော်လွှားဖို့လိုတယ်လို့ပါ လူတွေဘဝမှာ ထူးခြားပြီး လွှမ်းမိုးနိုင်တာ ကြောက်မှုကို ကျော်လွှားဖို့ပါ။ ​ရှေ့တိုးနိုင်ဖို့ ဒါကိုကျော်လွှား ဖို့လိုတယ်၊ ညီလေး၊ ညီမလေးတွေ တစ်နေ့ ဖြစ်လာမယ့် ကလေးတွေ လက်ရှိကလေးတွေဟာ ငွေ၊ အာဏာ၊ ရာထူး၊ ဩဇာတွေထက်ပိုတဲ့ တစ်ဦချင်းစီရဲ့ ဘဝအပေါ် သက်ရောက်မှုကို စတင် တန်ဖိုးထား ကြည့်နိုင်အောင်ပေါ့။ လော်လီပေါ့ ကာလလို ခေါင်းဆောင်မှုကို ပြန်အနက်ဖွင့်ဖို့ လိုပါတယ်။ ဘယ်လောက် ဖန်တီးလဲ၊ ဘယ်လောက်များ အသိအမှတ်ပြုလဲ၊ ဘယ်လောက် သူများကိုပေးလဲ၊ ကျေးဇူးဘယ်နှစ်ကြိမ်တင်မိလဲပေါ့။ အကြောင်းက ခေါင်းဆောင်မှုကို ကမ္ဘာကိုပြောင်းလဲဖို့ လုပ်ပေမဲ့ ကမ္ဘာဆိုတာမရှိပဲ သိနားလည်မှု သန်း ၆၀၀၀ ပဲရှိတယ်။ လူတစ်ယောက်ရဲ့ သိနားလည်မှုကို ပြောင်းရင် လူတစ်ယောက်ဟာ သူတို့ လုပ်နိူင်တာကို နားလည်ခြင်းပါ၊ ဘယ်လောက်အထိ လူတွေကို ဂရုစိုက်တာ နားလည်တာပါ။ ကမ္ဘာပေါ်မှာပြောင်းလဲခြင်းအတွက် သူတို့ရဲ့လုပ်ရပ် ဘယ်လိုစွမ်းနိုင်တာ နားလည်ခြင်းပါ။ အကုန်လုံးကို ပြောင်းလဲလိုက်ပြီလေ။ ခေါင်းဆောင်မှုကို ဒီလို နားလည်နိုင်တယ်ဆိုရင် ခေါင်းဆောင်မှုကို ဒီလို အနက်ပြန်ဖွင့်နိုင်ရင် အရာတိုင်းကို ပြောင်းလဲနိုင်တယ်လို့ ထင်တယ်။ ဒါ ရိုးရှင်းတဲ့စိတ်ကူး ဆိုပေမဲ့ အသေးလေးလို့တော့ မထင်ဘူး။ ဒါလေးကို အားလုံးနဲ့ မျှဝေခွင့်ပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။