အကြားအာရုံဆိုင်ရာ သိပ္ပံပညာ - Douglas L. Oliver
1,124,417 views |
Douglas L. Oliver |
TED-Ed
• June 2018
သင်ခန်းစာ အပြည့်ကို ကြည့်ရန်- https://ed.ted.com/lessons/the-science-of-hearing-douglas-l-oliver
ကျွန်ုပ်တို့ဟာ အသံအာရုံစနစ်ရဲ့ ကျေးဇူးကြောင့်သာ အသံများကို မှတ်မိနိုင်ပြီး အသံလာရာ နေရာကို ဖေါ်ထုတ်နိုင်ကြတာပါ။ အဲဒီမှာ အဓိကကျတဲ့ အပိုင်းနှစ်ပိုင်း ပါဝင်ပါတယ်- နားနဲ့ ဦးနှောက်ပါ။ နားရဲ့ တာဝန်က အသံရဲ့ စွမ်းအင်ကို အာရုံကြော အချက်ပြမှုများ အဖြစ်သို့ ပြောင်းလဲပေးရန် ဖြစ်သလို၊ ဦးနှောက်ကျတော့ အဲဒီလို အချက်ပြမှုများထဲမှာ ပါရှိကြတဲ့ အချက်အလက်တွေကို ရယူလျက် စီမံဆောင်ရွက်းပေးရန် ဖြစ်ပါတယ်။ အဲဒါ အလုပ်လုပ်ပုံကို နားလည်နိုင်ရန်၊ Douglas L. Oliver ဟာ နားထဲသို့ ဝင်လာတဲ့ အသံရဲ့ ခရီးစဉ်ကို အစမှ အဆုံးအထိ လိုက်ဆန်းစစ်ထားပါတယ်။
Douglas L. Oliver ရဲ့ သင်ခန်းစာကို Cabong Studios မှ ပုံများဖြင့် သရုပ်ဖေါ်ပေးထားပါတယ်။