ဆွဲဆောင်မှုရဲ့ သိပ္ပံ။
7,192,801 views |
Dawn Maslar |
TED-Ed
• May 2014
ချစ်ရေးချစ်ရာ ဓာတ်သဘောဟာ နှလုံးသားရဲ့ အနက်ရှိုင်းဆုံး အတွင်းကျကျ အစိတ်အပိုင်းတွေကနေ ပန်းထွက်လာတဲ့ နွေးထွေး၊ သွဲ့နွဲ့တဲ့ ခံစားချက်တွေအကြောင်းပဲမို့လား။ အဲဒီလောက် မဟုတ်ပါဘူး။ တကယ်တမ်းကျတော့ ဆွဲဆောင်မှုရဲ့ နောက်ကွယ်မှာရှိတဲ့ တကယ့် ဆရာကြီးက သင့်ရဲ့ ဖြစ်နိုင်ခြေရှိတဲ့ လက်တွဲဖော်ကို အကဲဖြတ်နေတုန်းမှာ အင်မတန် မြန်၊ အင်မတန် ရှပ်ထွေးတဲ့ တွက်ချက်မှု အစဉ်အတန်းကြီးကို တက်သုတ်နှင် အကဲခတ်နေတဲ့ သင့်ဦးနှောက်ပါ။ Dawn Maslar ကနေပြီး အတော်လေးကို အထိန်းအကွပ်မဲ့တဲ့ လေ့လာမှုတွေကို တစ်လျှောက်လုံး ကိုးကားရင်း အာရုံငါးပါးကနေပြီး ဒီကြင်ဖော်ရှာတဲ့ ကစားပွဲကို ပံ့ပိုးပေးပုံကို စူစမ်းထားပါတယ်။ TOGETHER မှ ရိုက်ကူးပြီး Addison Anderson ကနေ ဇာတ်ကြောင်း ပြန်ထားပါတယ်။