ကမ္ဘာ့ ရှေးအကျဆုံး ဟင်းခတ်ပစ္စည်းများ- Dan Kwartler
518,875 views |
Dan Kwartler |
TED-Ed
• March 2024
၁၈ရာစုနှစ်အလယ်လောက်မှာ အင်္ဂလန်ကလူတွေက ketchup (အချဉ်ရည်) ကို နှစ်ခြိုက်စွာစားသုံးခဲ့ကြတယ်။ ဆော့ကို အခြေခံစားကုန် အဖြစ်စားသုံးခဲ့ကြတယ်။ ဒါပေမဲ့ သင်တို့သိထားတဲ့ နေရာတကာမှာမြင်နေကျ ခပ်ပျစ်ပျစ်အနီရောင်အရည်ကိုဆိုလိုတာမဟုတ်ဘူး။ အမှန်တော့ ဒီအရသာ လေးလေးချိုချိုနဲ့ အညိုရောင်ဆော့မှာ ခရမ်းချဉ်သီးတစ်လုံးတောင်မပါဘူး။ ဆိုတော့ အစောပိုင်းကာလက ketchup တွေက ဘယ်က ဆင်းသက်လာခဲ့တာပါလိမ့်။ ဒီနေ့ခေတ်မှာ ကျွန်တော်တို့ သိထားတဲ့ နှစ်သက်ဖွယ် တို့စရာအချဉ် အဖြစ် ဘယ်လိုဖြစ်လာလဲ။ [ Denys Spolitak က ရိုက်ကူးပြီး Addison Anderson က နောက်ခံစကားပြောပါတယ်။ ဂီတကိုတော့ Cem Misirlioglu, Greg Chudzikက စီစဉ်ပါတယ်။ ]