အပင်တွေရဲ့ လျှို့ဝှက် ဘာသာစကား - Camille Defrenne နှင့် Suzanne Simard
1,029,987 views |
Camille Defrenne နှင့် Suzanne Simard |
TED-Ed
• July 2019
သင်ခန်းစာ အပြည့်ကို ကြည့်ရန်- https://ed.ted.com/lessons/the-secret-language-of-trees-camille-defrenne-and-suzanne-simard
သစ်တောတွေထဲက အများစုဟာ ကောင်းကင်ထိကို မြင့်မားကြတဲ့ အပင်ကြီးတွေရဲ့ အရိပ်ထဲမှာ နေကြရပါတယ်။ အဲဒါတွေ အသက်အကြီးရင့်ဆုံး အပင်တွေ ဖြစ်ကြပြီး ကလေးတွေရာချီနဲ့ မြေးတွေ ထောင်ချီရှိကြပါတယ်။ ၎င်းတို့ရဲ့ အမြစ်တွေဟာ တနေရာတည်းမှာ ရှိနေကြတာမှန်ပေမဲ့ သူတို့ဟာ အိမ်နီးချင်းတွေနဲ့ ညှိနှိုင်းကြသလို အစားရေစာ၊ လိုအပ်ချက်တွေသာမက၊ ကြာလှပြီဖြစ်တဲ့ သူတို့ရဲ့ ဘဝဆိုင်ရာ အမြော်အမြင်တွေကိုလည်း မျှဝေကြပါသေးတယ်။ သူတို့ အဲဒါကို ဘယ်လိုများ လုပ်နိုင်ကြပါသလဲ။ Camille Defrenne နှင့် Suzanne Simard တို့က ကျယ်ပြောလှတဲ့ အမြစ်စနစ်ကို စူးစမ်းလေ့လာခဲ့ကြပြီး အပင်တွေ ဆက်သွယ်ပြောဆိုကြပုံကို စိတ်ဝင်စားဖွယ် တင်ပြထားကြပါတယ်။
Camille Defrenne နှင့် Suzanne Simard တို့ရဲ့ သင်ခန်းစာကို Avi Ofer က ညွှန်ကြား ရိုက်ကူးပေးထားပါတယ်။