ပိုးဟပ်တွေက ဘာလို့ သတ်ဖို့ ဒီလောက် ခက်တာလဲ။ - Ameya Gondhalekar
3,292,040 views |
Ameya Gondhalekar |
TED-Ed
• April 2022
အီဂျစ်တွေရဲ့ မရဏစာအုပ်က မကောင်းဆိုးဝါးနှင်တဲ့ မန္တာန်တစ်ခုမှာ "အို ပိုးဟပ်ဆိုး၊ ငါနဲ့ဝေးရာကို သွားပါ" ဆိုပြီး ပါဝင်ပါတယ်။ နှစ်ထောင်ပေါင်းများစွာ ကြာပြီးသည့်တိုင်အောင် ကျွန်တော်တို့ဟာ ဒီအင်းဆက်တွေကို ရှင်းပစ်ဖို့ ကြိုးစားနေတုန်းပါပဲ။ ပိုးသတ်ဆေးထောင်ချောက်တွေကနေ ဖိနပ်ရိုက်ချက်ကြမ်းတွေ ပစ်လွှတ်ပေမဲ့ ပိုးဟပ်တွေက မဖြုံပါဘူး။ ဆိုတော့ကာ သူတို့က ဘာလို့ ဒီလောက် သတ်ဖို့ခက်နေတာလဲ။ Ameya Gondhalekar က ဒီအသက်ပြင်းသတ္တဝါလေးရဲ့ ဗီဇတွေအထိ လိုက်လံစူးစမ်းထားပါတယ်။ Irida Zhonga က ရိုက်ကူးတင်ဆက်ကာ Addison Anderson က နောက်ခံစကားပြောပြီး Phil Brookes က နောက်ခံတေးဂီတ ဖန်တီးထားပါတယ်။