အလင်းနဲ့ အရောင် ကမ္ဘာသို့ ဂီတ လွတ်မြောက်မှု တစ်ခု။
1,563,059 views |
Kaki King |
TEDWomen 2015
• May 2015
ကိုယ်ပိုင် ပင်ကိုယ်ဟန်နဲ့ Kaki King ဟာ နောက်လာမယ့် ဂစ်တာ နတ်ဘုရားမ တစ်ပါး ဖြစ်လောက်ပါတယ်။ သူမဟာ လူတစ်ယောက်ရဲ့ လက်တွေနဲ့ လုပ်တဲ့ ခေတ်ဟောင်း ရှေးရိုးအစဉ်အလာကို နည်းပညာနဲ့ ပေါင်းစပ်ပြီး ၊ သူမရဲ့ ဂစ်တာပေါ်ကို ပုံရိပ်ထိုးပြထားတဲ့ ဆန်းပြားတဲ့ စိတ်ကူးကို " The Neck is a Bridge to the Body" (ဇက်တိုင်ဟာ ကိုယ်ခန္ဓာရဲ့ တံတားတစ်စင်းပါ) ဆိုတဲ့ သူမရဲ့ ဆန်းသစ်တဲ့ ပသာဒစုံ တင်ဆက်မှုမှာ တင်ပြထားပါတယ်။ သူမရဲ့ ဂစ်တာ ဇက်တိုင်ကို ကီးဘုတ်တစ်ခုလို အသုံးပြုရင်း သူမရဲ့ ပရိတ်သတ်ကို အလင်းနဲ့ အသံတို့ရဲ့ ဂီတ ခရီးရှည်ကြီးကို ခေါ်ဆောင်သွားရင်း သူမဟာ အနုစိတ်နိုင်လှတဲ့ တေးသွားကို တီးခတ်ထားပါတယ်။ သူမက ဒါကို "စုတ်တံနဲ့တူတဲ့ ဂစ်တာ" ခေါ်ပါတယ်။