နှစ်နှစ်အတွင်း သစ်ပင် တစ်သန်း စိုက်ပျိုးတဲ့ မြို့။
1,517,362 views |
Yvonne Aki-Sawyerr
|
Countdown
• October 2020
Sierra Leone က Freetown မြို့တော်ဝန် Yvonne Aki-Sawyerr ဟာ လာမယ့် နှစ်နှစ် ကာလအတွင်းမှာ သစ်ပင် တစ်သန်း စိုက်ပျိုးဖို့ အထူးတာဝန်ကို ချမှတ်ထားပါတယ်။
သူ့မြို့အတွင်းမှာ ငါးဆယ် ရာခိုင်နှုန်းအထိ သဘာဝပေါက်ပင် တိုးပွားစေရင်း ရေတိုက်စားနေတဲ့ မြစ်ကမ်းတွေကို ကျားကန်ပေးပြီး ဇီဝစုံလင်မှုကို တိုးပွားစေရင်းပါ။ "ဒါက သစ်ပင်တွေ စိုက်ပျိုးခြင်းသက်သက် မဟုတ်ဘဲ ကျွန်မတို့တစ်ဦးစီဟာ ဒီလုပ်ငန်းစဉ်ထဲ ပါဝင်တာကို သေချာစေဖို့ အတွက်ပါ"လို့ သူက ပြောပါတယ်။ သစ်ပင် တစ်သန်းဟာ သိပ်ကို လိုအပ်နေတဲ့ ကမ္ဘာလုံးဆိုင်ရာ ကာဗွန် လျော့ပါးမှုကို အားဖြည့်ပေးမယ့် အထောက်အကူပြုမှုတစ်ရပ်ပါ။