ရောဂါပိုးမွှားတွေ လေယာဉ်တွေပေါ်မှာ ရွေ့လျားပုံနှင့် ၎င်းတို့ကို တားဆီးနိုင်ပုံ။
1,970,184 views |
Raymond Wang |
TEDYouth 2015
• November 2015
Raymond Wang ဟာ အသက် ၁၇ နှစ်သာရှိပေမဲ့ ပိုပြီးကျန်းမာတဲ့ အနာဂတ်တစ်ခုကို တည်ဆောက်ဖို့ ကူညီပေးနှင့်နေပါပြီ။ အငွေ့အရည်ဆန်တဲ့ ဒိုင်နမစ်ပညာကိုသုံးပြီး လေယာဉ်တွေပေါ်မှာ လေထုရွေ့လျားပုံရဲ့ ကွန်ပြူတာသုံး သရုပ်သကန်ကို ဖန်တီးခဲ့ပါတယ်။ သူတွေ့ရှိလိုက်တဲ့ စိတ်ပူစရာက လေယာဉ်တစ်စင်းပေါ်မှာ တစ်ယောက်ယောက်က နှာချေတဲ့အခါ လေထုစီးဆင်းမှုက ရောဂါဖြစ်စေတဲ့ ပစ္စည်းတွေကို အခြားခရီးသည်တွေဆီကို ကူးစက်ဖို့ တကယ်ကို အထောက်အပံ့ပြုတာပါ။
Wang က လေယာဉ် ခရီးသည်ခန်း အတွင်းဘက်မှာ နှာချေတာ ရွေ့လျားသွားပုံရဲ့ မမေ့နိုင်လောက်တဲ့ လှုပ်ရှားသက်ဝင်တဲ့ (အန်နီမေးရှင်း) တစ်ခုနဲ့အတူ သူ့ရဲ့ ဆုရ ဖြေရှင်းချက်ကိုပါ မျှဝေထားပါတယ်၊ လေယာဉ်တွေထဲက လတ်ဆတ်တဲ့ လေထုစီးဆင်းမှု တိုးမြှင့်ပေးပြီး ရောဂါဖြစ်စေတဲ့ ပစ္စည်းတွေ ပြွတ်သိပ်နေတဲ့လေ ပျံ့နှံ့ရောက်ရှိခြင်းကို လမ်းကြောင်းလွှဲပေးတဲ့ ရေယက်ပုံ ကိရိယာလေးတစ်ခုပါ။