Mount Rushmore ၏ မှောင်မိုက်သော သမိုင်း။ Ned Blackhawk and Jeffrey D. Means
787,073 views |
Ned Blackhawk and Jeffrey D. Means |
TED-Ed
• December 2021
၁၉၂၇ ခုနှစ်နဲ့ ၁၉၄၁ ကြားမှာ အလုပ်သမားတွေဟာ ဆောက်တွေ၊ လျှပ်စစ် လွန်ပူတွေ၊ဒိုင်းနမိုက်တွေ အသုံးပြုရင်း တောင်စောင်းတစ်ခုကနေ ကျောက် တန်ပေါင်း ၄၅၀,၀၀၀ ကို ဖောက်ခွဲခဲ့ကြတယ်။ ဖြည်းဖြည်းချင်း သူတို့ဟာ Mount Rushmore ကို ထွင်းထုခဲ့တယ်။
ဒီကနေ့မှာတော့ ဒီအထိမ်းအမှတ် အဆောက်အအုံက တောင်ပိုင်း ဒါကိုတာရဲ့ Black Hills တွေဆီ နှစ်စဉ် လူ သုံးသန်းကို ဆွဲဆောင်နေတယ်။ ဒါပေမဲ့ ၎င်းအဆောက်အအုံရဲ့ မျက်နှာစာဟာ မှောင်မိုက်တဲ့ သမိုင်းတစ်ခုကို ဖုံးကွယ်ထားတယ်။ Ned Blackhawk နဲ့ Jeffrey D. Means တို့ကနေပြီး အထွတ်အမြတ်ထားတဲ့ Six Grandfathers Mountain ရဲ့ ပျက်စီးမှုကို စူးစမ်းထားပါတယ်။
သင်ခန်းစာကို Ned Blackhawk နဲ့ Jeffrey D. Means တို့က ပြုစုပြီး Anton Bogaty က ရိုက်ကူးထားပါတယ်။