စင်ကြောက်စိတ်ကို ကျွန်တော် အနိုင်ယူခဲ့ပုံ
2,941,415 views |
Joe Kowan |
TED@State Street Boston
• November 2013
လူသားရဲ့ အသေအချာ ချိန်ညှိထားတဲ့ ကြောက်စိတ်ဟာ နုပျိုတဲ့ မျိုးစိတ်တစ်ခုလိုပဲ ကျွန်တော်တို့ကို ကောင်းမွန်စွာ လုပ်ကျွေး လာခဲ့ပါတယ်။ ပြိုင်ဖက် တောကောင်ကြီးတွေရဲ့ အစားခံရခြင်း အဖြစ်ကနေ ရှောင်ရှားနိူင်အောင်လို့ လေဆာ ညွှန်တံဖြင့် စူးစိုက် လမ်းညွှန်ပေးရင်းနဲ့ပေါ့။ ဒါပေမယ့် အင်္ဂါနေ့ညမှာ ကျင်းပနေကျ သီချင်းဆိုပွဲထဲက ကျေးလက်ဂီတ ဝါသနာအိုး အယောက်(၂၀)ရဲ့ ရှေ့မှောက်မှာ ခုနကပုံစံမျိုး အလိုလိုပေါ်လာကာ ခန္ဓာကိုယ်ကို အပိုင်စီးတတ်တဲ့ ကြောက်စိတ်က ဝင်ပူးလာတော့ သိပ်ပြီးတော့ အံ့ဩစရာ မကောင်းတော့ဘူးပေါ့။ လက်ဖဝါးတွေက ချွေးတွေစို့၊ လက်တွေက တုန်ယင်ပြီး အမြင်ကမှုန်ဝါးဝါးနဲ့ ဦးနှောက်က ပြောနေတာက "ပြေး"တဲ့။ ဒါက "စင်ကြောက်စိတ်"ပါ။ ဒီနှစ်လိုဖွယ်ရာ သာယာနာပျော်ဖွယ်ကောင်းတဲ့ ဟောပြောချက်ကလေးမှာ Joe Kowan က သူဘယ်လို အဲဒါကို အနိုင်ယူခဲ့တဲ့အကြေင်းကို ဆွေးနွေး တင်ပြထားပါတယ်။