အီဂျစ် ဒဏ္ဍာရီလာ Isis နှင့် ကင်းမြီးကောက် ၇ ကောင်အကြောင်း
2,565,376 views |
Alex Gendler |
TED-Ed
• March 2020
သင်ခန်းစာ အပြည့်အစုံကို ကြည့်ရန်- https://ed.ted.com/lessons/the-egyptian-myth-of-isis-and-the-seven-scorpions-alex-gendler
ဧရာမ ကင်းမြီးကောက်ကြီး ၇ ကောင်ခြံရံထား နွံမြေထဲကနေ ပေါ်ထွက်လာကာ အဝတ်စုတ်တွေ ဝတ်ထားတဲ့ အမျိုးသမီး တစ်ယောက်ဟာ ခမ်းနားထည်ဝါတဲ့ အိမ်ကြီးကို ချဉ်းကပ်ပြီး အစာကို တောင်းခံခဲ့ပါတယ်။ ဒါပေမဲ့ အိမ်ပိုင်ရှင် သခင်မဟာ သူ့ရဲ့ နွမ်းပါးလှတဲ့ အဝတ်အစားတွေနဲ့ ထူးဆန်တဲ့ အခြံအရံတွေကို တစ်ချက်ကြည့်လိုက်ပြီး တံခါးကို ပိတ်ချပစ်လိုက်ပါတယ်။ အစာတောင်းခံတဲ့ အမျိုးသမီးဟာ သာမန် ဆင်းရဲသူ မဟုတ်ခဲ့ဘဲ အီဂျစ်ပြည်ရဲ့ ဩဇာအာဏာအရှိဆုံး နတ်ဘုရားမ ဖြစ်တာကို အိမ်ပိုင်ရှင် အမျိုးသမီးကြီးက လုံးဝမသိခဲ့ပါဘူး။ Alex Gendler က အဲဒီ ဒဏ္ဍာရီပုံပြင်ကို အသေးစိတ် တင်ပြထားပါတယ်။
Alex Gendler ရဲ့ ဒဏ္ဍာရီပုံပြင်ကို Bren López Zepeda မှ ညွှန်ကြား ရိုက်ကူးပေးထားပါတယ်။