Return to the talk Return to talk

Transcript

Select language

Translated by sann tint
Reviewed by Myo Aung

0:13 (ဂီတသံတေးသွား) ခင်ဗျားတို့အထဲက နယူးယော့(ခ်)မြို့ကြီးကို အလည်အပတ်ရောက်ဖူးသူတွေ၊ ဒါမှမဟုတ် အဲဒီမှာ နေထိုင် သူတွေအတွက်တော့ ဒီဓါတ်ပုံတွေကို မြင်လိုက်ရတာနဲ့ ရင်းနှီးကျွမ်းဝင်နေသလိုလို ခံစားမိလာမှာပါ။ ဒါကတော့ Central Park ပန်းခြံပါ။ အမေရိကထဲက အလှပဆုံး ပုံစံ ထုတ်ဆောက်လုပ်ထားတဲ့ အများပြည်သူနဲ့ဆိုင်တဲ့ နေရာတွေထဲက တစ်ခုပေါ့။ ဒါပေမဲ့ ဒီနေရာကို အလည်မရောက်ဖူးတဲ့သူတွေ အတွက်ကတော့ ဒီပုံတွေကို တကယ်အပြည့်အဝ ခံစားနိုင်မှာ မဟုတ်ပါဘူး။ Central Park ပန်းခြံကို တကယ့်ကို နားလည်ဖို့ဆိုရင်တော့ အဲဒီနေရာကို ကိုယ်တိုင်ကိုယ်ကျ ရောက်ဖူးဖို့ လိုတာပေါ့။ အလားတူပဲ Central Park ပန်းခြံအတွက်ကိုမှ အထူးပြုပြီး အနုစိတ် ရေးဖွဲ့သီကုံးထားတဲ့ ကျွန်တော်တို့ ညီအစ်ကို နှစ်ယောက်ရဲ့ ဂီတတေးသွားဟာလည်း အဲဒီအတိုင်းပဲ ဖြစ်မှာပေါ့။ (ဂီတသံတေးသွား) ဒီနေ့ကျွန်တော် အနည်းငယ် ပြောပြချင်တာက ကျွန်တော်နဲ့ ကျွန်တော့ ညီအစ်ကို ဟေး(စ်) လုပ်ကိုင်နေတဲ့ လက်ရာကလေး တစ်ခုအကြောင်းပါ။ ဒါကတော့ ကျွန်တော်တို့နှစ်ယောက်ပေါ့။ ဒါဟာ ကျွန်တော်တို့ တကယ်ပါ။ အထူးသဖြင့် ကျွန်တော်တို့ နှစ်ယောက်စလုံး လွန်ခဲ့နှစ်အနည်းငယ် အတွင်းမှာ တီထွင်ဖန်တီးနေကြတဲ့ အယူအဆတစ်ခု အကြောင်းပါ။ ဝန်းကျင်နိုးကြားမှုဆိုင်ရာ ဂီတဆိုင်ရာ စိတ်ကူးလေးပါ။ အခုချိန်မှာတော့ ကျွန်တော်တို့ ညီအစ်ကို နှစ်ယောက်ဟာ ဂီတပညာရှင်များ နဲ့ ဂီတထုတ်လုပ်သူတွေပါ။ ကျွန်တော်တို့ ပူးပေါင်း လုပ်ကိုင်နေကြတာက ...အင်း ... တကယ်တော့ ကျွန်တော်တို့ကလေးဘဝ ကတည်းကဆိုပါတော့။ ဒါပေမယ့် မကြာသေးခင် အချိန်ကကစပြီး အနုပညာနဲ့နည်းပညာ ပေါင်းဆုံ ယှက်နွယ်မှုရှိတဲ့ အစီအစဉ်တွေကို ပိုပို စိတ်ဝင်စား လာမိတယ်။ ၀န်းကျင် တခုခုဆိုင်ရာ သီးသန့်အသံပိုင်းနဲ့ ဗီဒိယို တင်ဆက်မှု အစ စက်မှုပညာများကို သုံးထားတဲ့ အပြန်အလှန် ဆက်သွယ်မှုပါတဲ့ ဂီတဖျော်ဖြေပွဲ အဆုံးပေါ့။ ဒါပေမယ့် ကျွန်တော် ဒီနေ့ အဓိကထားပြီး ပြောပြချင်တာကတော့ သဘာဝ ဟင်းလင်းပြင် အတွက် တေးဂီတသီဖွဲ့သီကုံးခြင်းဆိုင်ရာ အယူအဆကိုပါ။ ဒါပေမယ့် ဒီအကြောင်းကို အတွင်းကျကျ မဆွေးနွေးခင် ကျွန်တော်တို့ ဒီစိတ်ကူးကို ဘယ်လို စတင်ရရှိလာပုံ ကလေးကို အနည်းငယ်ပြောကြားပါရစေ။ ကျွန်တော်တို့ ညီအစ်ကို နယူးယော့(ခ်)မြို့မှာနေတုန်းက ပန်းပုပညာရှင်တွေဖြစ်တဲ့ ခရစ်စတိုနဲ့ ဂျင်းကလော့(ဒ်)တို့ဟာ သူတို့ရဲ့ ခေတ်ပြိုင် အနုပညာပြပွဲကလေးကို " The Gates" ဆိုတဲ့အမည်နဲ့ Central Park မှာ ခင်ကျင်းပြသခဲ့ကြတယ်။ ရာနဲ့ချီပြီးရှိတဲ့ အရောင်တောက်တောက် ပန်းပုလက်ရာတွေဟာ ပန်းခြံကို သီတင်းပတ်ပေါင်း များစွာကြာအောင် အလှဆင်ထားခဲ့တယ်။ ပြီးတော့ သာမည ဟင်းလင်းပြင် နေရာတစ်ခုက ပြခန်းနှင့် မတူဘဲ၊ ပြတိုက် ဒါမှမဟုတ် ပြခန်း တစ်ခုရဲ့ နံရံတွေပေါ်က လက်ရာတွေနဲ့မတူပဲ ဒီလက်ရာဟာ အဲဒီနေရာနဲ့ အရမ်းကြီးကို တကယ့်ကို လိုက်ဖက်လွန်းပါတယ်။ ပြီးတော့ ရှုဒေါင့် အမျိုးမျိုးမှကြည့် ပြောရရင် The Gates ဆိုတာက အမှန်တကယ်မှာတော့ ဖရက်ဒရစ် အွန်းစတက်(ဒ်) ရဲ့ မယုံနိုင်စရာကောင်းတဲ့ ဒီဇိုင်းရဲ့ အောင်ပွဲ အထိမ်းအမှတ်တစ်ခုပါ။ ဒီတွေ့ကြုံခံစားမှုက ကျွန်တော်တို့ဆီမှာ အတော်ကြာကြာ ကိန်းအောင်းနေခဲ့တာပါ။ နောက်နှစ်အတော်ကလေး ကြာလာတော့ ကျွန်တော်တို့ ညီအစ်ကို နှစ်ဦး ဝါရှင်တန်ဒီစီကို ပြန်ပြောင်းလာခဲ့ပါတယ်။ ပြီးတော့ ကျွန်တော်တို့ မေးခွန်းထုတ်မိတာက ပန်းခြံထဲက သဘာဝအပြင်အဆင်ကို The Gates က တုံ့ပြန်ခဲ့သလိုမျိုး သဘာဝရှုခင်းအတွက် တေးဂီတကို သီကုံးဖွဲ့နွဲ့လို့များ ရနိုင်မလားပေါ့။ အဲဒါနှင့် ကျွန်တော်တို့ကို ဒီဆီကို ဆောင်ကြဉ်းခဲ့တာပါ။ (ဂီတသံတေးသွား) အောက်မေ့ဖွယ်ရာ အထိမ်းအမှတ်နေ့မှာတော့ ဒေသဆိုင်ရာ နိုးကြားမှု တေးစုကလေးဖြစ်တဲ့ National Mall ကိုဖြန့်ချီခဲ့ပါတယ်။ GPS လုပ်ဆောင်ချက် စနစ်ပါဝင်တဲ့ မိုဘိုင်း ကိရိယာတွေကို ရည်စူးပြီး သီးသန့်ဖြန့်ချီခဲ့တာပါ။ ကျွန်တော်တို့ရဲ့ ဇာတိမြို့ ဝါရှင်တန် ဒီစီရဲ့ ပန်းခြံ တစ်ခုလုံးကို အသံလှိုင်းအားဖြင့် မြေပုံကို ချယ်မှုန်ထားတာပါ။ ရာနဲ့ချီပြီးရှိတဲ့ တေးဂီတ အပိုင်းအပိုင်း ကလေးတွေကို ပန်းခြံတစ်ခုလုံးရှိ ဘူမိနေရာများနဲ့ ချိတ်ဆက် ပေးထားခဲ့တဲ့အတွက် နားဆင်နေသူ တစ်ယောက်ဟာ မြေပြင် အနေအထားတစ်ခုကို ဖြတ်လျှောက်သွားခိုက်မှာ ဂီတတေးသွားတွေက သူတို့အနီးတဝိုက်က ပတ်ဝန်းကျင်ကို တကယ်ပဲ ဖြန့်ခင်းပြနေတာပေါ့။ ဒါကြောင့် ဒါဟာ ပန်းခြံတစ်ခုအတွက် စီစဉ်ထားတဲ့ တေးသွားစာရင်း ဒါမှမဟုတ် သီချင်းစု မဟုတ်ခဲ့ဘဲ ပဟေဠိကားချပ် တစ်ခုပ်ါမှာ အစိတ်အပိုင်းတွေကို ဆက်စပ် ချိတ်ဆက် ပေးရသလိုပဲ၊ နားဆင်သူက ရွေးချယ်ထားတဲ့လမ်းကြောင်းကို အခြေခံလိုက်ပြီး ခြားနားတဲ့ တေးသွားနဲ့ စည်းချက်အခင်းအကျင်း များထဲက တေးသွားများကိုယူပြီး မရပ်မနား ချောမွေ့စွာ တီးမှုတ် ကစားပေးတာပါ။ ဒါကြောင့်မို့လို့ သင့်ကိုယ်တိုင် ရွေးချယ် ဆန်းသစ် တီထွင်လိုက်တဲ့ တေးစုတစ်ခုအဖြစ် ခံယူနိုင်ပါတယ်။ အနီးကပ် ကြည့်ကြရအောင်။ ဒီမှာ နမူနာလေး တစ်ခုကို ကြည့်ကြတာပေါ့။ ဒီပရိုဂရမ်လေးကို သုံးပြီး ဝါရှင်တန် အထိမ်းအမှတ် အဆောက်အဦ ပတ်ပတ်လည်က ကွင်းပြင်တွေကို သွားနေခိုက်မှာ တူရိယာတွေရဲ့ ပဏာမ တေးသွားလေးတွေ ကြားရတယ်။ အဲဒီကနေ အသင့်သွင်းယူထားတဲ့ အင်မတန်ကို ရိုးစင်းလှတဲ့ တေးသံဟာ တစ်လုံးချင်း တစ်လုံးချင်းလိမ့်ဆင်းလာတာပေါ့။ ဒီနောက်မှာတော့ ဒီအသံက ဝေ့ဝဲပျံလွင့်နေတဲ့ တယောသံနဲ့ပေါင်းစပ်သွားမိတယ်။ ဆက်လျှောက်သွားလိုက်ပါဦး။ အင်ပြည့်အားပြည့် သံစုံကျူးရင့်သံကပါ ပေါင်းစပ်ပါဝင်လာပါတယ်။ နောက်ဆုံး တောင်ထိပ် ရောက်သွားတဲ့အထိပေါ့။ နောက်ပြီးတော့ ဒရမ်သံတွေ၊ မီးရှူးမီးပန် ဖောက်သံတွေ၊ ဆန်းကြယ်တဲ့ ဂီတသံမျိုးစုံကို နားဆင်ရပါလိမ့်မယ်။ ဒီအသံတွေဟာ ပန်းခြံကြီးရဲ့ အလယ်ဗဟိုရှိ မော်ကွန်းကျောက်တိုင်ကြီးကနေ ဖောက်ထွက်လျက် ဖြာထွက်လာနေသယောင် ပျံ့လွင့်နေပါတယ်။ ဒါပေမယ့် ဆန့်ကျင်ဖက်အရပ်ကို လျှောက်သွားမယ်ဆိုရင်တော့ ခုနက အစီအစဉ် တစ်ခုလုံးဟာ ပြောင်းပြန် အနေအထား ဖြစ်သွားမှာပါ။ တကယ်လို့ သင်ဟာ ပန်းခြံရဲ့ ပတ်လည်အဝန်းကနေ ထွက်ခွာတော့မယ် ဆိုရင်တော့ ဂီတသံဟာ မှေးမှိန် တိတ်ဆိတ်သွာမှာ ဖြစ်ပြီး ဖွင့်ပိတ် ခလုတ်ဟာလည်း ပျောက်ကွယ်သွားမှာပါ။ တစ်ခါတစ်လေကျတော့ အမေရိကကို လာမလည်နိုင်တဲ့ ကမ္ဘာကြီးရဲ့အခြားသော အရပ်ဒေသတွေက ဒီတေးဂီတကို နားဆင်ချင်တဲ့ လူတွေက ကျွန်တော်တို့ကို ဆက်သွယ်ကြတယ်။ အင်း ......ဒီတေးစုက ပုံမှန်တခြားတေးတွေနဲ့ မတူလေတော့ ဒီတောင်းဆိုချက်ကို မလိုက်လျောပေးနိုင်ဘူး ပေါ့ဗျာ။ သူတို့က CD ဒါမှမဟုတ် MP3 ပုံစံမျိုးဖြစ်ဖြစ် တောင်းခံတဲ့အခါမှာ ကျွန်တော်တို့က လုပ်မပေးနိုင်ဘူးပေါ့။ အကြောင်းရင်းကတော့ အစဉ်အလာ ဓာတ်ပြားချပ် တစ်ခုကို ဖြန့်ချီရာမှာ အရောင်းမြှင့်တင်ဖို့ ဒါမှမဟုတ် အဲဒါနဲ့ တွဲဖက်ထည့်ပေးလိုက်တဲ့ ကြော်ငြာ ပရိုဂရမ် ဒါမှမဟုတ် ကစားစရာ (ဂိမ်း) တစ်ခုမဟုတ်တဲ့အတွက်ကြောင့်ပါ။ ဒီလုပ်ဆောင်ချက် ပရိုဂရမ်ကိုယ်နှိုက်ကိုက အဓိကအလုပ်ပါ။ ရှုမျော်ခင်းဆိုင်ရာ မြေပြင် အသွင်အပြင် တည်ဆောက်ထားထဲမှာ သောတပိုင်းဆိုင်ရာ အတွေ့အကြုံအတွက် နဂိုကတည်းက ပူးတွဲပါဝင်ပြီးသားပါ။ နောက် (၆)လ အကြာမှာတော့ Central Park ပန်းခြံအတွက် "ပတ်ဝန်းကျင်ဆိုင်ရာနူးကြားမှု" တေးစုလေး တစ်ခု ။ ကျွန်တော်တို့ ထုတ်လုပ်ဖြစ်ခဲ့ပါတယ် ဒါက National Mall ထက်အရွယ်အစား နှစ်ဆကျော်ပိုကြီးတဲ့ ပန်ခြံတစ်ခုပါ။ ဂီတတေးသွားက Sheep's Meadow ကနေ Ramble အထိ၊ အဲဒီကနေ Reservoir အထိ လွှမ်းခြုံဖြတ်သန်းနေပါတယ်။ လောလောဆယ်မှာတော့ ကျွန်တော်တို့ ညီအစ်ကို နှစ်ယောက်ဟာ တစ်နိုင်ငံလုံး အဝှမ်းမှာ အစီအစဉ်တွေ လုပ်ဆောင်နေပါတယ်။ ပြီးခဲတဲ့ နွေဦးကတော့ ဒီက စတန်းဖို့(ဒ်) လူထုဆက်သွယ်ရေး အနုပညာ စမ်းသပ်ခြင်းဆိုင်ရာ ဌာနမှာ စီမံချက်တစ်ခုကို စတင်ခဲ့ပါတယ်။ အဲဒီမှာ ကျွန်တော်တို့ရဲ့အကြီးမားဆုံး ပတ်ဝန်းကျင်ဆိုင် ရာနိုးကြားမှု တေးစုကို မှတ်တမ်းတင်ဖို့ ဖန်တီးနေပါတယ်။ ဒီတစ်ခုကတော့ တောင်ပစိဖိတ် ကမ်းခြေဒေသက အမှတ်(၁) အဝေးပြေး လမ်းမတစ်ခုလုံးကို လွှမ်းခြုံဖြတ်သန်း နေပါလိမ့်မယ်။ ဒါပေမယ့် ကျွန်တော်တို့ အခုဖန်တီးနေတဲ့ GPS စနစ်နဲ့ တေးဂီတကို ပေါင်းစပ်ရေးဟာ တကယ်တော့ စိတ်ကူးတစ်ခုပါပဲ။ ဒါပေမယ့် အခု ဒစ်ဂျစ်တယ်ခေတ်ကြီးထဲမှာ ခြေချဖို့ တစ်ခါတစ်ရံ ရုန်းကန်နေကြရတဲ့ ဂီတ လုပ်ငန်း တစ်ခုအတွက်တော့ ပိုမိုကြီးမားတဲ့ အမြင်တစ်ခုကို ပြောပြနေပါတယ်။ သူတို့အနေနဲ့ ဒီနည်းပညာ အသစ်တွေကို စတင်ရှုမြင်ဖြစ်ဖို့၊ တည်ရှိပြီးသား ပုံစံတွေထဲကို ခေါင်းလောင်း သံလေးတွေ၊ လေချွန်သံလေးတွေ ထပ်ဖြည့်ရုံမျှ မကပဲ လူတွေနဲ့ တုံ့ပြန်ဆက်သွယ်မှု ရှိလာမယ့်၊ ဂီတကို တွေ့ကြုံခံစားဖို့ တကယ့် နည်းလမ်းသစ်တွေကို စိတ်ကူးမြင်မက်ဖို့ အတွက်ပါ။ ကျေးဇူးတင်ပါတယ်ခင်ဗျာ။ (လက်ခုပ်သံများ)