ကွန်ပြူတာတစ်လုံးက ကဗျာ ရေးတတ်သလား။
954,072 views |
Oscan Schwartz |
TEDxYouth@Sydney
• May 2015
သင်ဟာ ကဗျာတစ်ပုဒ်ကိုဖတ်မိပြီး စိတ်လှုပ်ရှားသွားတယ်၊ ဒါပေမဲ့ ဒီကဗျာကို တကယ်တမ်းကျတော့ ကွန်ပြူတာက ရေးခဲ့တယ်လို့ဆိုရင် အဲဒါနဲ့ပတ်သက်ပြီး တစ်မျိုးခံစားမိသွားမလား။ ဒီကွန်ပြူတာက သူ့ဘာသာသူ ရေးဖွဲ့နိုင်ကာ ထိုးထွင်းဖန်တီးတတ်တယ်လို့များ ထင်မိမှာလား၊ ဒါမှမဟုတ် ခပ်ညံ့ညံ့လှည့်ကွက်တစ်ခုထဲ ကျဆင်းသွာမျိုး ခံစားမိသွားမလား။ ဒီဟောပြောချက်မှာ စာရေးဆရာ Oscar Schwartz ကနေပြီး ကဗျာရေးနိုင်တဲ့ ကွန်ပြူတာဆိုတဲ့ အယူအဆကို ကျွန်တော်တို့ ဘာဖြစ်လို့ ပြင်းပြင်းထန်ထန်ကြီး တုံ့ပြန်ကြတာလဲဆိုတာနဲ့ ဒီတုံ့ပြန်မှုက လူသားဖြစ်တာရဲ့ အဓိပ္ပါယ်ကို နားလည်အောင် ကူညီပေးပုံကို ကျွန်ုပ်တို့အတွက် ဆန်းစစ်ပေးထားပါတယ်။
ကဗျာ စမ်းသပ်ချက် (၁)
ကဗျာ (၁)
ယင်ကောင်လေး၊ မင်းရဲ့နွေဦး ပြဇာတ်
အဆင်ခြင်မဲ့တဲ့ ငါ့လက်က ပွတ်ပစ်မိ၊
ငါက မင်းလို ယင်ကောင်မဟုတ်ဘူးလား၊
ဒါမှမဟုတ် မင်းက ငါ့လို့ လူမဟုတ်ဘူးလား၊
ကဗျာ(၂)
ပြောင်းလဲရေးဝါဒီ၊ မင်းဘဝရဲ့
မနက်ခင်းကနေ ခံစားလို့ရတယ်။
ပုပ်ရဟန်းမင်း၊ ခဏရပ်ကြည့်ပါဦး၊ မုန်းတယ်၊
ခမ်းနားမှုစဖို့ တစ်ညလုံး မဟုတ်၊ မဟုတ်ရင်...
ကဗျာ စမ်းသပ်ချက် (၂)
ကဗျာ( ၁)
ခြင်္သေကဟိန်း၊ ခွေးကဟောင်
စိတ်ဝင်စားစရာ၊ စွဲမက်စရာက
ငှက်ကပျံသွားမှာ၊ မဟိန်း၊ မဟောင်နဲ့၊
ဖမ်းစားနေတဲ့ တိရစ္ဆာန်တွေအကြာင်း ပုံပြင်တွေ
ငါ့အိပ်မက်မှာ၊ ငါ မပင်ပန်းဘူးသာဆိုရင်
သူတို့အားလုံးကို သီချင်းဆိုပြလိုက်မှာ။
ကဗျာ( ၂)
အိုး၊ သားပိုက်ကောင်တွေ၊ ဘော်ကြယ်တွေ၊
ချောကလက် ဆိုဒါ၊ မင်းကသိပ်လှတာ
ပုလဲတွေ၊ ဘာဂျာတွေ၊ ဂျူဂျူးဘာတွေ၊
အက်စပရင်တွေ ဒါတွေအကြောင်းပဲ အမြဲပြောနေ။
ကဗျာ စမ်းသပ်ချက် (၃)
ကဗျာ(၁)
Reg က အလံလှလှတွေအတွက် အကြောင်း
ပြချက်ကို လွှင့်ထူတယ်၊ ဖဲကြိုးတွေရော
အလံတွေရဲ့ ဖဲကြိုးတွေ၊ အထည်ကို ဆင်မြန်းရင်း၊
အထည်ဆင်မြန်းတဲ့ အကြောင်းရင်များ...
ကဗျာ (၂)
ဒဏ်ရာရ သမင်တစ်ကောင် အမြင့်ဆုံး
ခုန်တယ်၊ အဝါရောင်ပန်းကို ကြားလိုက်တယ်၊
ဒီနေ့ အလံကို ကြားလိုက်တယ်၊
မုဆိုးပြောတာ ကြားလိုက်တယ်။
ဒါဟာ မရဏရဲ့ ပီတိသက်သက်၊
နောက် မုန့်ဖုတ်တာက ပြီးလုလု...(..)
ပြီးတော့ နေရောင်ခြည်က နီးကပ်စွာ မွေးဖွား
အနီးနားမှာ နွေဦး ဖြစ်ပေါ်လာ၊
ကိုယ်တို့ ထိတွေ့ရတာက စိတ်ပျက်မှုနဲ့
ကာလအားလုံးရဲ့ သွေးရူးသွေးတန်း မျှော်လင့်ချက်ပါ။