ဒီအပေါ်မှာ ဒီစာကြောင်းလေးဟာ ထင်ရှားတဲ့ ဖော်ပြချက် တစ်ခုပါပဲ ကျွန်တော် လွန်ခဲ့တဲ့ ၁၂-နှစ်လောက်က ဒီ စာကြောင်းလေးနဲ့ စတင်ခဲ့ပါတယ် စတင်ခဲ့တဲ့ ၀န်းကျင် အခြေအနေတွေကတော့ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာပါ ဒါပေမယ့် ခင်ဗျားတို့ကတော့ ကမ္ဘာ့အနှံ့အပြားကနေ ဒီမှာလာပြီး ထိုင်နေကြတာ အဲဒီတော့ ကိုယ့်နိုင်ငံရဲ့ မြေပုံလေးကို မြင်ယောင်ကြည့်ရင် ခင်ဗျားတို့ နားလည်လာလိမ့်မယ်လို့ ကျွန်တော်ထင်တယ် ကမ္ဘာပေါ်မှာရှိတဲ့ နိုင်ငံတိုင်းအတွက် စက်ဝိုင်းလေးတွေဆွဲကြည့်ပြီး ပြောနိုင်တယ် "ဒီနေရာတွေကတော့ ဆရာကောင်းတွေ သွားမယ့်နေရာ မဟုတ်ဘူး" ပေါ့ ဒါ့အပြင် အဲဒီနေရာတွေဟာ ပြဿနာတွေ လာတဲ့ နေရာတွေ ဖြစ်နေပြန်တယ် ဒီတော့ ကျွန်တော်တို့မှာ အထင်နဲ့အမြင် တခြားစီဖြစ်နေတဲ့ ပြဿနာ တစ်ခု ရှိလာတယ် ဆရာကောင်းတွေက သူတို့ကို အလိုအပ်ဆုံးဆိုတဲ့ နေရာတွေကို မသွားချင်ကြဘူးတဲ့ဗျာ
ကျွန်တော် ၁၉၉၉-ခုနှစ် မှာ လက်တွေ့စမ်းသပ်ချက်တစ်ခုနဲ့ ဒီပြဿနာကို အာရုံစိုက်ဖို့ စတင်ခဲ့တယ် အဲဒါက နယူးဒေလီမှာ လုပ်တဲ့ အရမ်းကို ရိုးရှင်းတဲ့ စမ်းသပ်မှုလေးတစ်ခုပါ ကျွန်တော် အခြေခံအကျဆုံးအနေနဲ့ ကျွန်ပျူတာ တစ်လုံးကို နယူးဒေလီ က ဆင်းရဲသားရပ်ကွက် ရဲ့ နံရံတစ်ခုမှာ မြှုပ်ပြီးတပ်ထားပေးလိုက်တယ် ကလေးတွေက ကျောင်းမသွားကြသလောက်ပါပဲ၊ သူတို့ အင်္ဂလိပ်စာ တစ်လုံးမှ မတတ်ပါဘူး သူတို့ အရင်ကလည်း ကွန်ပျူတာကို လုံးဝ မမြင်ဖူးဘူး သူတို့ အင်တာနက်ဟာ ဘာဆိုတာလည်း မသိကြဘူး ကျွန်တော်က ကျွန်ပျူတာကို မြန်နှုန်းမြင့် အင်တာနက် ချိတ်ပေးထားတယ်၊ ကွန်ပျူတာက မြေကြီးကနေ ၃-ပေလောက်မြင့်တယ် အဲဒါကို ဖွင့်ပေးထားပြီး အဲဒီမှာ ထားခဲ့တယ် အဲဒီနောက်မှာ ကျွန်တော်တို့ စိတ်ဝင်စားစရာ ကိစ္စနှစ်ခု သတိထားမိလာတယ်၊ အဲဒါကို ခင်ဗျားတို့ တွေ့ပါလိမ့်မယ် ဒါပေမယ့် ဒီစမ်းသပ်မှုကို ကျွန်တော် အိန္ဒိယ တစ်ခွင်လုံးမှာ အကြိမ်ကြိမ် ထပ်လုပ်တယ် နောက်တော့ ကမ္ဘာကြီးရဲ့ အစိတ်အပိုင်းအတော်များများမှာ ထပ်လုပ်ကြည့်ရင်းကနေ သတိထားမိလာတယ် ကလေးတွေဟာ သူတို့ သင်ယူချင်တာကို သင်ယူကြလိမ့်မယ် ဆိုတာပါပဲ
ဒါကတော့ ကျွန်တော်တို့ လုပ်ခဲ့တဲ့ ပထမဆုံး စမ်းသပ်မှုပါ ညာဘက်က ၈-နှစ်သား ကောင်လေးက သူ့တပည့်ဖြစ်တဲ့ ၆-နှစ်သား ကလေးမလေးကို သင်ပေးနေတာ သူက ကလေးမလေးကို ဘယ်လို လျှောက်ကြည့်ရတယ်ဆိုတာ သင်ပေးနေတာ ဒီကောင်လေးက အိန္ဒိယအလယ်ပိုင်းက ဒါက ရာဂျက်စ်သန် ပြည်နယ်က ရွာကလေး တစ်ရွာမှာ ကလေးတွေက သူတို့ကိုယ်တိုင်ဆိုထားတဲ့ သီချင်းကို အသံသွင်းနေတာ ပြီးတော့ အချင်းချင်း ပြန်ဖွင့်ပြနေတာ ဒီဖြစ်စဉ်မှာ သူတို့တွေက သူတို့ဖာသာ လုံးလုံးလျားလျား ပျော်နေကြတာ သူတို့က ဒီသင်ယူမှုအားလုံးကို ၄-နာရီ ထဲနဲ့ လုပ်လိုက်တာ ကျွန်ပျူတာကို ပထမဆုံးအကြိမ် မြင်ပြီးတဲ့နောက်မှာပေါ့ နောက်ထပ် အိန္ဒိယတောင်ဘက်က ရွာလေးမှာ ဒီကောင်လေးတွေ ဆော့ဖ်ဝဲထဲမှာ ဗီဒီယို ကင်မရာ တစ်လုံးကို ဆင်နေတာ ပြီးတော့ ပိတုန်းတစ်ကောင်ကို ဓါတ်ပုံရိုက်ဖို့ ကြိုးစားနေကြတာ သူတို့က အဲဒါကို ဒစ်စနေ ဒေါ့ ကွန်းမ် ၀က်ဘ်ဆိုက်ဒ် ကနေ ဒါမှမဟုတ် အဲဒီလိုမျိုး ၀က်ဘ်ဆိုက်ဒ် တစ်ခုခုကနေ ဆွဲချပြီးကူးထားတာ သူတို့ရွာမှာ ကွန်ပျူတာ ထားပြီးလို့ ၁၄-ရက် အကြာမှာနော် ဒီတော့ ဒီစမ်းသပ်မှုရဲ့ အဆုံးမှာ ကျွန်တော်တို့ ကောက်ချက်ချလိုက်တယ်၊ ကလေးအုပ်စုလိုက်တွေဟာ ကျွန်ပျူတာနဲ့ အင်တာနက်ကို သူတို့ဖာသာ သုံးတတ်အောင် သင်ယူလေ့လာနိုင်တယ် သူတို့ဖာသာ ဘယ်သူတွေပဲ ဖြစ်ဖြစ် သူတို့ဖာသာ ဘယ်နေရာမှာပဲ ရှိရှိ ပါ
အဲဒီနေရာမှာ ကျွန်တော် နည်းနည်း ပိုပြီး ရည်ရွယ်ချက်ကြီးလာတယ် အဲဒီတော့ ဆုံးဖြတ်လိုက်တယ် ကလေးတွေ ကွန်ပျူတာသုံးပြီး ဘာတွေများ လုပ်နိုင်ကြမလဲဆိုတာ ကြည့်မယ်ပေါ့ ကျွန်တော်တို့ အိန္ဒိယက ဟိုက်ဒရာဘဒ်မြို့မှာ စမ်းသပ်မှုတစ်ခုနဲ့ စတယ် အဲဒီမှာ ကလေးတစ်အုပ်ရှိတယ် သူတို့က အင်္ဂလိပ်စကားကို တယ်လူဂူသံ အရမ်းဝဲ၀ဲနဲ့ ပြောကြတာ ကျွန်တော် သူတို့ကို ကျွန်ပျူတာ တစ်လုံးပေးလိုက်တယ် စကားပြောတာကို စာပြန်ရိုက်ပေးတဲ့ ကြားခံစနစ် တစ်ခုပါတယ် ခင်ဗျားတို့ အဲဒါကို အခု ၀င်းဒိုးစ်မှာ အလကားရနေပြီ သူတို့ကို အဲဒီစနစ်ထဲကို စကားပြောခိုင်းတယ် အဲဒီတော့ သူတို့ အဲဒီထဲကို စကားပြောလိုက်ရင် ကျွန်ပျူတာက အဓိပ္ပါယ်မရှိတာတွေ ရိုက်ထုတ်ပေးရော အဲဒီတော့ သူတို့ကပြောတယ် "ကျွန်ပျူတာက ကျွန်တော်တို့ ပြောနေတာ တစ်လုံးမှ နားမလည်ဘူး" တဲ့ ဒီတော့ ကျွန်တော်က ပြောတယ် "ဟုတ်တယ်၊ အဲဒါကို ဒီမှာ ၂-လ ထားခဲ့မယ်" "မင်းတို့ဖာသာ ကျွန်ပျူတာကို နားလည်အောင် လုပ်ကြ" လို့ ဒီတော့ ကလေးတွေက မေးတယ် "အဲဒါကို ကျွန်တော်တို့ ဘယ်လို လုပ်ရမလဲ" တဲ့ ကျွန်တော်က ပြောလိုက်တယ် "တကယ်တော့ ငါလည်း မသိဘူး" လို့ (ရယ်မောသံများ) ပြီးတော့ ကျွန်တော် ထွက်လာခဲ့လိုက်တယ် (ရယ်မောသံများ) နောက် ၂-လ ကြာတော့ အခု အဲဒီစမ်းသပ်မှုကို သတင်းအချက်အလက်နည်းပညာ အနေနဲ့ မှတ်တမ်းတင်လိုက်ပါပြီ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ဂျာနယ် အတွက်ပါ သူတို့ရဲ့ ဘာသာစကားလေသံက ပြောင်းသွားတယ် မှတ်သားလောက်အောင်ပဲ မူရင်း ဘရစ်တစ်ရှ် လေသံအတိုင်း နီးစပ်လာတယ် စကားပြောတာကို စာပြန်ရိုက်ပေးတဲ့ အသံစနစ် ကို ကျွန်တော်က အဲဒီ မူရင်း လေသံနဲ့ လေ့ကျင့်ပေးထားတာ တနည်းပြောရရင် သူတို့အားလုံးက ပညာရေး ပါရဂူ ဂျိမ်းစ် တူလီ လိုပဲ စကားပြောနေကြတာ (ရယ်မောသံများ) သူတို့ အဲဒါကို သူတို့ဖာသာ လုပ်နိုင်ကြတယ် အဲဒါပြီးတော့ ကျွန်တော် တခြားဟာတွေ အများကြီးကို စပြီး စမ်းသပ်တယ် သူတို့ဖာသာ တတ်အောင် သင်ယူချင် သင်ယူကြမယ့် ဟာတွေပေါ့
ကျွန်တော် တစ်ခါတုန်းက ကိုလံဘိုကနေ စိတ်ဝင်စားစရာ ဖုန်းခေါ်တာကို ရဖူးတယ် ကွယ်လွန်သွားပြီဖြစ်တဲ့ သိပ္ပံဝတ္ထုရေးဆရာ အာသာ စီ ကလာ့ခ် ဆီကနေပါ သူကပြောတယ် "ဘာတွေဖြစ်ကုန်လဲဆိုတာ ငါမြင်ချင်တယ်ကွာ" တဲ့ သူက ခရီးမသွားနိုင်ဘူး၊ အဲဒီတော့ ကျွန်တော်က သူ့ဆီ သွားလိုက်တယ် သူက စိတ်ဝင်စားစရာ ကိစ္စ ၂-ခု ကိုပြောပြတယ် "စက်ပစ္စည်းလို့ပြောရမယ့်ဟာတစ်ခုနဲ့ အစားထိုးလို့ရတဲ့ ဆရာတစ်ယောက်" အကြောင်းရယ် (ရယ်မောသံများ) သူပြောခဲ့တဲ့ ဒုတိယ ကိစ္စက "ကလေးတွေသာ စိတ်ဝင်စားမှု ရှိရင် ပညာရေးဆိုတာ ဖြစ်လာမယ်" တဲ့ ကျွန်တော်က ဒီနယ်ပယ်ထဲမှာ လုပ်နေတာဆိုတော့ အမြဲတမ်းပဲ ကျွန်တော် ဒါလေးကို ကြည့်ပြီး သူ့အကြောင်းစဉ်းစားတယ်
အာသာ စီ ကလာ့ခ်း သူတို့တွေ သေချာပေါက်ပဲ လူတွေကို ကူညီနိုင်မှာ ဘာဖြစ်လို့လဲဆိုတော့ ကလေးတွေက လမ်းညွှန်အတိုင်း သွားတတ်အောင် မြန်မြန်ဆန်ဆန် သင်ယူပြီး သူတို့ကို စိတ်ဝင်စားစေတဲ့ အရာတွေကို ၀င်ပြီးရှာကြမှာ စိတ်ဝင်စားမှုတွေ ရလာပြီဆိုရင် ပညာရေးဆိုတာ ရှိလာမယ်
စူဂါးတ မစ်ထရား ကျွန်တော် ဒီစမ်းသပ်ချက်ကို တောင်အာဖရိက ကို ယူသွားတယ် ဒါက ၁၅-နှစ်သား ကောင်လေး
ကောင်လေးး ... ပြောပြတာပါ၊ ကျွန်တော်က တရိစ္ဆာန်တွေ ပါတဲ့ ဂိမ်းတွေ ကစားတယ် ကျွန်တော် သီချင်း နားထောင်တယ်
စူဂါးတ မစ်ထရား ကျွန်တော် က သူ့ကိုမေးတယ် "မင်း အီးမေးလ်တွေ ပို့သလား" ဆိုတော့ သူက ပြောတယ် "ပို့ပါတယ်၊ အီးမေးလ်တွေက သမုဒ္ဒရာကို ခုန်ပျံကျော်လွှား သွားကြတယ်လေ" ဒါကတော့ ကမ်ဘောဒီးယား မှာ ကမ်ဘောဒီးယား ကျေးလက်ပိုင်း ပေါ့ တော်တော်လေး ကြောင်တဲ့ သင်္ချာ ကစားနည်းလေးပါ အဲဒါကို ဘယ်ကလေးမှ အတန်းထဲမှာ ဒါမှမဟုတ် အိမ်မှာ ကစားမှာ မဟုတ်ဘူး သိတယ်မှတ်လား၊ သူတို့က ခင်ဗျားကိုတောင် ပြန်ပစ်ပေါက်လိုက်ဦးမယ် သူတို့ကပြောတယ် "'ဒါကြီးက အရမ်းပျင်းစရာကောင်းတယ်" တဲ့ လူသွားလမ်းပေါ်မှာ အဲဒါကို ထားလိုက်မယ် ပြီးတော့ လူကြီးတွေအားလုံး မရှိကြတော့ဘူးဆိုရင် သူတို့တွေက အချင်းချင်း ကြွားကြပါလိမ့်မယ် သူတို့ ဘာလုပ်နိုင်တယ်ပေါ့ ဒါက အဲဒီကလေးတွေ လုပ်နေတဲ့ဟာပါ သူတို့ မြှောက်ဖို့ ကြိုးစားနေတာ ထင်တယ် အိန္ဒိယ တစ်ခွင်လုံးမှာ ၂-နှစ်လောက် အကုန်မှာ ကလေးတွေက သူတို့ အိမ်စာတွေအတွက် ဂူဂဲလ် မှာ စပြီး ရှာကြတယ် ရလဒ်အနေနဲ့ကတော့၊ ဆရာတွေက အစီရင်ခံတယ် ကလေးတွေရဲ့ အင်္ဂလိပ်စာမှာ ဧရာမ တိုးတက်မှုတွေ ရှိလာတယ်ပေါ့ (ရယ်မောသံများ) လျင်မြန်တဲ့ တိုးတက်မှုတဲ့၊ ပြီးတော့ အကြောင်းအရာမျိုးစုံပဲတဲ့ ဆရာတွေကပြောတယ် " ကလေးတွေက တကယ့်ကို နက်နက်နဲနဲ စဉ်းစားတွေးခေါ်သူတွေ ဖြစ်လာကြတယ်၊ ပြီးတော့ အများကြီးပါပဲ" (ရယ်မောသံများ) တကယ်ကိုပဲ သူတို့ တိုးတက်လာကြတယ် ဆိုလိုတာက ဂူဂဲလ်ထဲမှာ အကြောင်းအရာစုံ ရှိနေမှတော့ ဘာဖြစ်လို့ အကြောင်းအရာတွေကို ခေါင်းထဲထည့်ဖို့ လိုတော့မှာလဲ ဒီလိုနဲ့ နောက် ၄-နှစ် အကုန်မှာ ကျွန်တော် ဆုံးဖြတ်ခဲ့တယ်၊ ကလေးတွေအုပ်စုလိုက်ဟာ အင်တာနက်မှာ လမ်းညွှန်အတိုင်း သွားလာတတ်တယ် ပညာရေး ရည်ရွယ်ချက်တွေကို သူတို့ဖာသာ အောင်အောင်မြင်မြင် ယူတတ်တယ်
အဲဒီအချိန်မှာ ငွေ ပမာဏ အမြောက်အများ နယူးကက်စတယ်လ် တက္ကသိုလ်ကို ရောက်လာတယ် အိန္ဒိယမှာ ကျောင်းပညာ တိုးတက်ဖို့အတွက်ပါ အဲဒါနဲ့ နယူးကက်စ်တယ်လ် ကနေ ကျွန်တော့်ကို ဖုန်းဆက်တယ်၊ ကျွန်တော်က ပြောလိုက်တယ် "ငါ အဲဒါကို ဒေလီကနေ လုပ်မယ်" လို့ သူတို့ကပြောတယ် "တက္ကသိုလ်က ပိုက်ဆံ ပေါင် ၁-သန်းလောက်ကို အိန္ဒိယမှာ ထိုင်ပြီး ကိုင်တွယ်ဖို့ မဖြစ်နိုင်ဘူး"ပေါ့ အဲဒါနဲ့ ၂၀၀၆-ခုနှစ်မှာ ကျွန်တော် အပေါ်ရုံ ကုတ်အင်္ကျိအလေးကြီးဝယ်ပြီး နယူးကက်စ်တယ်လ် ကို ပြောင်းသွားခဲ့တယ် ကျွန်တော်က ဒီစနစ်ရဲ့ အကန့်အသတ်တွေကို စမ်းသပ်စစ်ဆေးချင်တယ် နယူးကက်စ်တယ်လ် မှာ ကျွန်တော်ထွင်ခဲ့တဲ့ ပထမဆုံး စမ်းသပ်မှုကို တကယ်တော့ အိန္ဒိယမှာ လုပ်ဖြစ်တာပါ ကျွန်တော့်ဖာသာ မဖြစ်နိုင်တဲ့ ရည်မှန်းချက် ချတယ် တမီလ် စကားပြောတဲ့ ၁၂-နှစ် ကလေးတွေ အိန္ဒိယတောင်ပိုင်း ရွာကလေးကနော် သူတို့ကိုယ်ကို ဇီဝနည်းပညာ ဘာသာရပ်ကို သူတို့ဖာသာ အင်္ဂလိပ်လို သင်နိုင်သလား ဆိုတာ ကျွန်တော် တွေးကြည့်တယ်၊ သူတို့ကို စာစစ်မယ်၊ သူတို့ သုည ရမယ် ကျွန်တော် သူတို့ကို ပစ္စည်းတွေပေးမယ်၊ ပြန်လာပြီး သူတို့ကို စာထပ်စစ်မယ် သူတို့ နောက် သုည ထပ်ရမယ် ကျွန်တော်ပြန်လာမယ်၊ ပြီးရင် ပြောမယ် "ဟုတ်ပါတယ်၊ တစ်ချို့အရာတွေအတွက်တော့ ကျွန်တော်တို့ ဆရာတွေ လိုတယ်" ပေါ့
ဒီလိုနဲ့ ကလေး ၂၆-ယောက် ကိုခေါ်လိုက်တယ် သူတို့အားလုံး အဲဒီထဲကိုဝင်လာတော့ ကျွန်တော်သူတို့ကိုပြောတယ် ဒီကွန်ပျူတာမှာ တကယ့်ကို ခက်ခဲတဲ့ စာတွေရှိနေတယ် မင်းတို့ ဘာမှ နားမလည်ခဲ့ရင်လည်း ငါကတော့ အံ့သြမှာ မဟုတ်ပါဘူး အဲဒါက အားလုံး အင်္ဂလိပ်လို ရေးထားတာ၊ ကဲ ငါတော့သွားပြီ လို့ (ရယ်မောသံများ) အဲဒါနဲ့ ကျွန်တော် သူတို့ကို ကျွန်ပျူတာနဲ့ ထားခဲ့တယ် ကျွန်တော် ၂-လ အကြာမှာ ပြန်လာတယ် ကလေး ၂၆-ယောက် က အရမ်းကို ငြိမ်သက်နေကြတဲ့ပုံစံတွေနဲ့ ချီတက်ဝင်လာကြတယ် ကျွန်တော်က ပြောတယ် "မင်းတို့တွေ အထဲကဟာတွေကို ကြည့်ဖြစ်ကြလား" ဆိုတော့ သူတို့က ပြောတယ် "ဟုတ်ကဲ့၊ ကျွန်တော်တို့ ကြည့်ဖြစ်ပါတယ်" တဲ့ "မင်းတို့ တခုခုများ နားလည်ကြသလား" ဆိုတော့ "ဟင့်အင်း၊ နားမလည်ဘူး" တဲ့ အဲဒါနဲ့ ကျွန်တော်က ပြောတယ် "ဒါဆိုရင် မင်းတို့ အဲဒါကို ဘယ်လောက်ကြာကြာ လေ့ကျင့်ကြသတုံး မင်းတို့ ဘာမှနားမလည်ဘူးဆိုတာကို မဆုံးဖြတ်ခင်" ပေါ့ကွာ ဆိုတော့ သူတို့ကပြောတယ် "ကျွန်တော်တို့ အဲဒါကို နေ့တိုင်းကြည့်တယ်" တဲ့ အဲဒါနဲ့ ကျွန်တော်က ပြောတယ် "၂-လ လုံးလုံး၊ မင်းတို့နားမလည်တဲ့ ဟာတွေကို ကြည့်နေကြတယ်ပေါ့" ဆိုတော့ အဲဒီကျမှ ၁၂-နှစ် အရွယ် မိန်းကလေးတစ်ယောက် က သူ့လက်ကို ထောင်ပြီး ပြောတယ် စာဆန်ဆန်နဲ့ "ဒီအင်န်အေ မော်လီကျူးတွေကို မမှန်မကန် ပွားယူမိရင် မျိုးရိုးဗီဇဆိုင်ရာ ရောဂါတွေကို ဖြစ်စေတတ်တယ် ဆိုတာကလွဲရင် ကျွန်မတို့ ဘာမှ နားမလည်ပါဘူး" တဲ့
ဒီအကြောင်းကို ထုတ်ဝေဖို့ ကျွန်တော် ၃-နှစ်လောက်ကြာတယ် အဲဒါကို ဘရစ်တစ်ရှ် ပညာရေးနည်းပညာ ဂျာနယ်ထဲမှာလည်း မကြာခင်က ထည့်သွင်းထုတ်ဝေထားပါတယ် ဒီစာတမ်းကို အကဲဖြတ်ပေးတဲ့ အကဲဖြတ်တစ်ယောက်က "အဲဒါက အမှန်လို့ ပြောဖို့ ကောင်းလွန်းနေတယ်" တဲ့ ဒီလိုပြောသွားတာ တကယ်တော့ သိပ်မကောင်းပါဘူး မိန်းကလေးတွေထဲက တစ်ယောက်က ဆရာမ ဖြစ်လာအောင် သူ့ဖာသာ သင်ယူတယ် ဟိုနားက ဟာက သူပဲ သတိရနော်၊ သူတို့ အင်္ဂလိပ်စာ မတတ်ဘူး နောက်ဆုံးနားလေးမှာ ကျွန်တော် "နျူရွန် ဘယ်မှာလဲလို့" မေးထားတားလေးကို ဂျာနယ်ထဲမှာ တည်းဖြတ်ထည့်သွင်းထားပါတယ် သူက ပြောတယ် "နျူရွန်၊ နျူရွန်၊" သူ လျှောက်ကြည့်ပြီး ဒါမျိုး လုပ်လိုက်တယ် ဘယ်လိုအမူအရာပဲ ဖြစ်ဖြစ် သိပ်တော့ မကောင်းပါဘူး
သူတို့ ရမှတ်တွေက သုည ကနေ ၃၀ ရာနှုန်း အထိ တက်သွားတယ် ဒါမျိုးဆိုတာ ဒီအနေအထားမှာ ပညာရေးအရ မဖြစ်နိုင်တဲ့ ကိစ္စရပ် တစ်ခုပါ ဒါပေမယ့် ၃၀ ရာနှုန်းဆိုတာ အောင်မှတ် မဟုတ်သေးပါဘူး အဲဒါနဲ့ သူတို့မှာ သူငယ်ချင်းတစ်ယောက် ကျွန်တော် တွေ့မိတယ် မိန်းကလေးတစ်ယောက်၊ သူက ဒေသခံ စာရင်းကိုင် သူတို့က ဒီမိန်းကလေးနဲ့ ဘောလုံးကန်ကြတာ ကျွန်တော်က အဲဒီ မိန်းကလေးကို မေးတယ် "မင်း သူတို့ကို ဇီဝနည်းပညာ ဘာသာရပ်ကို အောင်မှတ်ရအောင် သင်ပေးနိုင်မလား" ဆိုတော့ သူက ပြောတယ် "ကျွန်မ ဘယ်လို သင်မတုန်း၊ ကျွန်မမှ ဒီဘာသာရပ်ကို မသိတာ" တဲ့ ကျွန်တော်က ပြောတယ် "ရတယ်၊ အဖွားရဲ့နည်းလမ်း ကိုသုံးပါ" ဆိုတော့ သူကမေးတယ် "အဲဒါက ဘာလဲ" တဲ့ ကျွန်တော်က ပြောတယ် "မင်းလုပ်ရမှာကတော့ သူတို့ အနောက်မှာ ရပ်ပြီး တစ်ချိန်လုံး သူတို့ကို ယုံကြည်ကိုးစားအောင် လုပ်ဖို့ပဲ သူတို့ကို ဒါလေးက ကောင်းတယ်နော်၊ ဒါလေးက စိတ်ဝင်စားစရာလေး အဲဒါက ဘာလဲ၊ ပြန်ထပ်လုပ်ပြလို့ ရမလား၊ ငါ့ကို နည်းနည်းလောက် ထပ်လုပ်ပြ နိုင်မလား ဆိုတာလေးတွေ ပြောပေးရုံပဲ" လို့ဆိုတော့မှ သူက အဲဒါကို ၂ လလောက် လုပ်ပေးတယ် ရမှတ်တွေက ၅၀ အထိ တက်သွားတယ် အဲဒီရမှတ်မျိုးက နယူးဒေလီ လူကုံထံ ကျောင်းတွေမှာ လေ့ကျင့်ထားတဲ့ ဇီဝနည်းပညာ ဆရာတွေသင်ပေးမှ ရတဲ့အမှတ်မျိုး
အဲဒါနဲ့ ကျွန်တော် နယူးကက်စ်တယ်လ်ကို ပြန်လာတယ် ဒီ ရလဒ်တွေနဲ့ အတူပေါ့ ပြီးတော့ ဆုံးဖြတ်ခဲ့တယ် ဒီနေရာမှာ တစ်ခုခုတော့ ဖြစ်နေပြီပေါ့ အဲဒါက သေချာပေါက်ကို ကြီးကျယ် လာနေပြီ ပေါ့ ဒီလိုနဲ့ ဝေးလံတဲ့ နေရာမျိုးစုံမှာ လက်တွေ့ စမ်းသပ်မှုတွေလုပ်ပြီး အဝေးလံဆုံးလို့ ကျွန်တော်ထင်မိတဲ့ နေရာတစ်ခုကို လာတယ် (ရယ်သံများ) ဒေလီကနေ ခန့်မှန်းခြေ မိုင် ၅၀၀၀ လောက် ဝေးတဲ့ ဂိတ်စ်ဟဒ် မြို့ငယ်လေးပါ ဂိတ်စ်ဟဒ် မှာ ကျွန်တော် ကလေး ၃၂-ယောက် ခေါ်ပြီး ဒီနည်းလမ်းကို စပြီး အချောသတ်တယ် ကျွန်တော် သူတို့ကို ၄-ယောက် တစ်အုပ်စု ဖွဲ့လိုက်တယ် ကျွန်တော် ပြောတယ် "မင်းတို့ ၄-ယောက်ပါတဲ့ အဖွဲ့လေးတွေ ကိုယ်စီ ဖွဲ့ကြ အဲဒီ ၄-ယောက် တစ်အုပ်စုက ကွန်ပျူတာ တစ်လုံး သုံးလို့ရမယ်၊ ကွန်ပျူတာ ၄-လုံး မဟုတ်ဘူးနော်" လို့ နံရံပေါ်မှအပေါက် ဆိုတဲ့ ကစားနည်းကို သတိရကြပါ "မင်းတို့ အဖွဲ့တွေ ပြောင်းချင်ရင် ပြောင်းလို့ရတယ် မင်းတို့ တခြား အုပ်စုတွေထဲကို သွားလို့လည်းရတယ် ကိုယ့် အုပ်စုကို မကြိုက်ဘူးဆိုရင်၊ စသဖြင့်ပေါ့ မင်းတို့ တခြား အုပ်စုတွေဆီသွားလို့ရတယ်၊ သူတို့ ပုခုံးပေါ်က ကျော်ပြီး သူတို့ ဘာလုပ်နေလဲဆိုတာ ကြည့်လို့ရတယ်၊ ပြီးရင် ကိုယ့်အုပ်စုဆီပြန်လာ၊ အဲဒါကို ကိုယ်လုပ်ထားတဲ့ဟာ ဆိုပြီး ပြောရင်လဲရတယ်" လို့ ကျွန်တော် သူတို့ကို ရှင်းပြတယ် မင်းတို့ သိရဲ့လားပေါ့၊ သိပ္ပံသုတေသန တော်တော်များများက အဲဒီနည်းလမ်းကိုသုံးပြီး ရလာတာ လို့
ကလေးတွေက တက်တက်ကြွကြွနဲ့ ကျွန်တော့်ကိုဝိုင်းပြီး ပြောတယ် "အခု ကျွန်တော်တို့ကို ဘာလုပ်စေချင်တာလဲ" တဲ့ ကျွန်တော်က သူတို့ကို ဂျီစီအက်စ်အီး အထက်တန်းအဆင့်စာမေးပွဲ မေးခွန်း ၆-ခု ပေးလိုက်တယ် ပထမအုပ်စုက အတော်ဆုံး အုပ်စု မိနစ် ၂၀ ထဲနဲ့ အားလုံးကို ဖြေရှင်းနိုင်တယ် အညံ့ဆုံးအုပ်စုကတော့ ၄၅ မိနစ်ကြာတယ် သူတို့က သူတို့ သိသမျှဟာ အကုန်လုံးကို အသုံးချတယ် သတင်းအုပ်စုတွေ၊ ဂူဂဲလ်၊ ၀ီကီပီးဒီးယား အက်စ် ဂျိဗ်စ်၊ စသဖြင့်ပေါ့ ဆရာတွေက ပြောတယ် "ဒါ နက်နက်နဲနဲ လေ့လာတာမျိုးလား" တဲ့ ကျွန်တော်က ပြောတယ် "အင်း၊ စမ်းကြည့်တာပေါ့ဗျာ" လို့ ကျွန်တော် ၂-လ အကြာမှာ ပြန်လာမယ် သူတို့ကို ရေးဖြေ စာမေးပွဲ စစ်မယ် ကွန်ပျူတာ မသုံးရဘူး၊ အချင်းချင်း စကားမပြောရဘူး၊ စသဖြင့်" ပေါ့ ကွန်ပျူတာတွေ၊ အုပ်စုတွေနဲ့ ကျွန်တော်လုပ်ခိုင်းလို့ ရလာတဲ့ ပျမ်းမျှ ရမှတ်က ၇၆ ရာနှုန်းပါ ကျွန်တော် စမ်းသပ်မှုလုပ်တဲ့အချိန်၊ စာမေးပွဲ စစ်တဲ့အချိန်က ၂-လ အကြာမှ စစ်တာနော်၊ ရမှတ်က ၇၆ ရာနှုန်းပဲ ပုံရိပ်တွေကို ပြန်မှတ်မိတာမျိုးက ကလေးဆီတွေမှာ ရှိနေတယ် သူတို့က အချင်းချင်း ဆွေးနွေးကြတဲ့အတွက်ကြောင့်လို့ ကျွန်တော် သံသယဖြစ်မိတယ် ကလေးတစ်ဦးချင်းစီ ကွန်ပျူတာတစ်လုံး ရှေ့မှာ ဖြေရင် ဒါမျိုး လုပ်နိုင်မှာ မဟုတ်ဘူး ကျွန်တော့်မှာ တခြားရလဒ်တွေလည်း ရှိသေးတယ် အဲဒါတွေကတော့ လုံးလုံး မယုံနိုင်စရာပဲ ရမှတ်တွေက အချိန်နဲ့အမျှ တက်နေတာ သူတို့ ဆရာတွေက ပြောတယ် ဒီ စမ်းသပ်မှု ပြီးသွားတဲ့နောက်မှာ ကလေးတွေက ဂူဂဲလ်မှာ တခြားဟာတွေ ဆက်ပြီး ရှာကြတယ်တဲ့
ဒီ ဘရစ်တိန်မှာ ကျွန်တော် ဘရစ်တစ်ရှ် ဘွားဘွားတွေကို ဖိတ်ခေါ်မှုတစ်ခု ထုတ်လိုက်တယ် ကျွန်တော့်ရဲ့ ကပ်ပမ်မြို့က စမ်းသပ်မှု အပြီးမှာပါ သိကြတဲ့အတိုင်းပဲ ဘရစ်တစ်ရှ်က ဘွားဘွားတွေက တကယ့်ကို တက်ကြွတဲ့ သူတွေဗျာ အယောက် ၂၀၀ လောက် ချက်ချင်းပဲ လုပ်အားပေးတာ (ရယ်မောသံများ) အပေးအယူကတော့ သူတို့က ကျွန်တော့်ကို ဘရော့ဒ်ဘန်းဒ် အင်တာနက် ၁-နာရီ ပေးရမယ် သူတို့အိမ်မှာ ထိုင်ပြီးတော့ပေါ့ တစ်ပတ်မှာ တစ်ရက်ထဲ သူတို့က အဲဒါကို လုပ်ပေးကြတယ် ပြီးခဲ့တဲ့ ၂-နှစ်ကျော်ကျော် အတွင်းမှာ နာရီပေါင်း ၆၀၀-ကျော် စာသင်ကြားမှုကို Skype ကနေ လုပ်ဖြစ်ခဲ့ကြတယ် ကျွန်တော့် ကျောင်းသားတွေခေါ်နေကြတဲ့ ဘွားဘွားအစုအဝေး ကို အသုံးပြုပြီးတော့ပေါ့ဗျာ ဘွားဘွား အစုအဝေး က ဟိုမှာ ထိုင်နေတယ် သူတို့ကို ကျွန်တော် ပို့ချင်တဲ့ ကျောင်းကိုရောက် အောင် ထုတ်လွှင့်ပေးလို့ရတယ်
ဆရာမး မင်း ငါ့ကို ဖမ်းလို့ မမိဘူး ပြောကြည့်ပါ မင်းငါ့ကို ဖမ်းလို့မမိဘူး
ကလေးများး မင်းငါ့ကို ဖမ်းလို့ မမိဘူး
ဆရာမး ငါက ဂျင်းပေါင်မုန့်နဲ့ လုပ်ထားတဲ့ မုန့်လူသားကွ
ကလေးများး ငါက ဂျင်းပေါင်မုန့်နဲ့ လုပ်ထားတဲ့ မုန့်လူသားကွ
ဆရာမး ကောင်းတယ်၊ အရမ်းတော်တယ်
ဂိတ်စ်ဟဒ် ကို ပြန်ရောက် သွားတာပါ ၁၀-နှစ် ကလေးမလေးက ဟိန္ဒူဘာသာရဲ့ အနှစ်သာရအကြောင်းတွေကို ၁၅ မိနစ်ထဲနဲ့ ရောက်သွားတယ် ကျွန်တော် တစ်လုံးမှ မသိတဲ့ အကြောင်းအရာတွေဗျာ ကလေး ၂-ယောက် TED ဟောပြောပွဲကို ကြည့်တယ် အရင်တုန်းက သူတို့က ဘောလုံးသမားတွေ ဖြစ်ချင်ခဲ့တာ TED ဟောပြောပွဲ ၈-ခု လည်း ကြည့်ပြီးရော သူက လီယိုနာဒို ဒါဗင်ချီ ဖြစ်ချင်လာတယ်
ဒါ အတော့်ကို ရိုးရှင်းတဲ့ ကိစ္စပါ
ဒါကတော့ အခု ကျွန်တော် ဆောက်နေတဲ့ဟာ ဒါတွေကို ဆိုးလ် (SOLE) လို့ခေါ်တယ်၊ မိမိဖာသာစုစည်းလေ့လာသင်ယူနိုင်သော ရပ်ဝန်းများ ပေါ့ ပရိဘောဂတွေကို ဒီဇိုင်း လုပ်ထားတဲ့ပုံက စွမ်းအားမြင့်ပြီး ကြီးမားတဲ့ ဖန်သားပြင်တွေနဲ့ရှေ့မှာ ကြီးမားတဲ့ ဘရော့ဒ်ဘန်း ဆက်သွယ်ရေးတွေနဲ့ ကလေးတွေ အုပ်စုလိုက် ထိုင်လို့ရအောင် လုပ်ပေးထားတာပါ သူတို့ အလိုရှိရင် ဘွားဘွားများ အစုအဝေး ကို သူတို့ လှမ်းခေါ်လို့ရတယ် ဒါက နယူးကက်စ်တယ်လ် က ဆိုးလ် (SOLE) ပါ ကြားခံပေးတဲ့သူက အိန္ဒိယ က
အဲဒီတော့ ကျွန်တော်တို့ ဘယ်လောက် ဝေးဝေး သွားလို့ရမလဲ၊ ကျွန်တော် နောက်ဆုံးဟာလေးတစ်ခု နည်းနည်းလောက်ပြောပြီးရင်တော့ ရပ်ပါမယ် ကျွန်တော် မေလက အီတလီနိုင်ငံ ကျုးရင်န်မြို့ ကိုသွားတယ် ကျွန်တော့်ရဲ့ ၁၀-နှစ်သား ကျောင်းသားတွေ အုပ်စုမှာရှိနေတဲ့ ဆရာအားလုံးကို ကျွန်တော် အဝေးကိုပို့ထားလိုက်တယ် ကျွန်တော်က အင်္ဂလိပ်စကားပဲပြောတယ်၊ သူတို့ကလည်း အီတလီစကားပဲ ပြောတယ် ဒီတော့ ကျွန်တော်တို့မှာ ဆက်သွယ်ဖို့ မဖြစ်နိုင်ဘူး ကျွန်တော်က သင်ပုန်းပေါ်မှာ အင်္ဂလိပ်လို မေးခွန်းတွေ စရေးတယ် ကလေးတွေက အဲဒါတွေကို ကြည့်ပြီး ပြောတယ် "ဘာတွေလဲ" ပေါ့ ကျွန်တော်က ပြောလိုက်တယ် "အင်း၊ လိုက်လုပ်ကြည့်" လို့ သူတို့က အဲဒါကို ဂူဂဲလ်ထဲ ရိုက်ထဲ့ပြီး အီတလီဘာသာကို ပြန်တယ် ပြီးရင် အီတလီဘာသာနဲ့ ဂူဂဲလ်ကို ပြန်သွားတယ် ၁၅-မိနစ် အကြာမှာ ရသွားတယ် နောက်မေးခွန်းတစ်ခု က "ကယ်လ်ကတ်တား ဘယ်မှာလဲ" ဆိုတဲ့ မေးခွန်း ဒီတစ်ခုကျတော့ သူတို့ ၁၀-မိနစ်ပဲ ကြာတယ် ကျွန်တော် တကယ်ခက်တဲ့ဟာတစ်ခု ထပ်ပေးလိုက်တယ် ပိုက်သာဂိုးရက်စ် ဆိုတာ ဘယ်သူလဲ၊ သူက ဘာလုပ်သလဲ ပေါ့ အဲဒီမှာ ခဏလောက် တိတ်ဆိတ်သွားတယ် ပြီးတော့မှ သူတို့က ပြောတယ် "စာလုံးပေါင်း မှားပေါင်းထားတယ် အဲဒါ ပီတာဂိုးရ" တဲ့ နောက်ထပ် မိနစ်-၂၀ အကြာမှာ ထောင့်မှန်တြိဂံတွေ ကွန်ပျူတာ ဖန်သားပြင်မှာ စပြီး ပေါ်လာကြတယ် အဲဒါက ကျွန်တော့် ကျောရိုးတစ်လျှောက်ကို တုန်တက်သွားစေတယ် ဒါ ၁၀-နှစ် ကလေးလေးတွေနော် စာသားး နောက် မိနစ်-၃၀ တွင် သူတို့ နှိုင်းရသီအိုရီ ကို ရောက်ချင်ရောက်သွားနိုင်သည်၊ ထို့နောက်..။
အဲဒီတော့ ဘာတွေဖြစ်ခဲ့တယ်ဆိုတာ အားလုံး သိကြပါပြီ ကျွန်တော်ထင်တယ် ကျွန်တော်တို့ သူ့အလိုလိုစုစည်းတတ်တဲ့ စနစ်တစ်ခုကို အမှတ်မထင် တွေ့ရှိခဲ့ပါတယ် သူ့အလိုလိုစုစည်းတတ်တဲ့ စနစ်ဆိုတာ အဲဒီစနစ်မှာ ဖွဲ့စည်းပုံတစ်ခု ပေါ်ပေါက်လာမယ် အပြင်ကနေ တိကျပြတ်သားတဲ့ စွက်ဖက်မှု မရှိဘူး သူ့အလိုလိုစုစည်းတတ်တဲ့ စနစ်တွေဟာ အမြဲဆိုသလို ပေါ်ထွက်မှုအသစ်တွေ ပြနေမယ် ဘယ်လိုမျိုးလဲဆိုရင် ဒီစနစ်က ကိစ္စတွေကို သူ့ဖာသာစပြီးလုပ်မယ် စနစ်ကို အဲဒီလို ဒီဇိုင်းထုတ်ထားတာတော့မဟုတ်ဘူး ဒါကြောင့်လည်း ကိုယ်လုပ်နေကြအတိုင်း တုံ့ပြန်ကြတာ သူက မဖြစ်နိုင်တဲ့ပုံ ပေါ်နေတာကိုး အခုဆိုရင် ကျွန်တော် ခန့်မှန်းချက် တစ်ခု လုပ်လို့ရပြီလို့ထင်တယ် ပညာရေးဆိုတာ သူ့အလိုလိုစုစည်းစီစဉ်တတ်တဲ့ စနစ်တစ်ခုပါ အဲဒီမှာ သင်ယူလေ့လာခြင်းဆိုတာက ပေါ်ထွက်လာတဲ့ ဖြစ်ရပ် စမ်းသပ်မှုတွေအရဆိုရင်တော့ ဒါကို သက်သေပြဖို့ နှစ် နည်းနည်းကြာဦးမယ် ဒါပေမယ့် ကျွန်တော်ကတော့ ကြိုးစားကြည့်မှာ ဒါပေမယ့် လောလောဆယ်မှာ နည်းလမ်းတစ်ခုတော့ ရှိပါတယ် ကလေးပေါင်း သန်း ၁-ထောင်အတွက် ကြားခံကူညီပေးတဲ့သူ သန်း-၁၀၀ လောက် ကျွန်တော်တို့ လိုတယ် ကမ္ဘာမှာ အဲဒီထက်မက အများကြီးရှိတယ် ဆိုးလ် အရေအတွက် ၁၀-သန်း၊ ဒေါ်လာ သန်းထောင်ပေါင်း ၁၈၀ နဲ့ နှစ်ပေါင်း ၁၀-နှစ် ဆိုရင် ကျွန်တော်တို့ အရာအားလုံးကို ပြောင်းလဲပစ်လိုက် နိုင်ပါတယ်
You can share this video by copying this HTML to your clipboard and pasting into your blog or web page. This video will play with subtitles.
You either have JavaScript turned off or have an old version of the Adobe Flash Player. To view this rating widget you
need to get the latest Flash player.
If your browser allows only "trusted sites" to execute Javascript, you should add the "googleapis.com" domain to your whitelist to allow our Flash detection to work properly.
Got an idea, question, or debate inspired by this talk? Start a TED Conversation, or join one of these:
ပညာရေး သိပ္ပံပညာရှင် စူဂါးတ မစ်ထရာက အလိုအပ်ဆုံးနေရာတွင် အကောင်းဆုံးဆရာများနှင့် ကျောင်းများ မရှိသည့် အကြီးကျယ်ဆုံးသော ပညာရေးပြဿနာတစ်ခုကို ကိုင်တွယ်ဖြေရှင်းလိုက်ပါသည်။ နယူးဒေလီ မှ တောင်အာဖရိက၊ တောင်အာဖရိက မှ အီတလီ အထိ လက်တွေ့ဘ၀ အတွဲလိုက် စမ်းသပ်မှုများတွင် သူက ကလေးများအား အင်တာနက်ကို ကိုယ်တိုင်ကြီးကြပ်သုံးစွဲခွင့်ပေးလိုက်သောအခါ သင်ကြားခြင်းအကြောင်း ကျွန်ုပ်တို့တွေးခေါ်ပုံကို တော်လှန်နိုင်သည့် ရလဒ်များကို သူ တွေ့မြင်ခဲ့ရပါသည်။
Educational researcher Sugata Mitra is the winner of the 2013 TED Prize. His wish: Build a School in the Cloud, where children can explore and learn from one another. Full bio »
Translated into Burmese by Maung Maung
Reviewed by Paing Hein Htet
Comments? Please email the translators above.
20:59 Posted: Aug 2008
Views 798,484 | Comments 143
16:48 Posted: May 2010
Views 4,001,469 | Comments 1098
17:37 Posted: Aug 2006
Views 187,375 | Comments 93
Just follow the guidelines outlined under our Creative Commons license.
This comment will be attributed to . Not ? Sign Out.