ကျွန်တော်လုပ်ရမှာက ခက်တယ်။ သိလား၊ ကျွန်တော် ဒီမှာရှိတဲ့ ပရိသတ်တွေရဲ့ ကိုယ်ရေးရာဇဝင်ကို ကြည့်လိုက်တဲ့အခါမှာ၊ ဂုဏ်ထူးဝိသေသနတွေ၊ အသွင်အပြင်ပုံစံတွေနဲ့ လူတွေအများကြီး အများကြီး ပေါင်းစည်းပြီးတော့ ကွန်ရက်တွေဖွဲ့ပြီးတော့ လုပ်နေကြတာမှာ ကျွန်တော်ပြောချင်နေတာကတော့ အခြေခံပညာရေးအတွက် အငြင်းပွားစရာအဆိုတစ်ခု ပြောချင်တယ် အရမ်းကိုတိကျတဲ့ ပုံစံမျိုးနဲ့ပေါ့။ မိနစ်နှစ်ဆယ်အတွင်း ပြီးအောင်ပြောနိုင်ဖို့၊ ကျွန်တော် အကြံလေးခုရှာထားရတယ် အတုံးဆက်ကစားနည်းရဲ့ အကွက်လေးကွက်လိုပဲ တကယ်လို့ ကျွန်တော်အောင်မြင်အောင် ပြောနိုင်ခဲ့မယ်ဆိုရင်၊ ဒီလူတွေထဲကလည်း အတွေးတစ်ခုနဲ့အတူ ပြန်လာနိုင်တယ် ဒီဟာကို ဆက်ပြီးတည်ဆောက်ဖို့နဲ့ ကျွန်တော့်ကို ကူညီကောင်း ကူညီဖို့ပေါ့ဗျာ။
အတုံးဆက်ကစားနည်းရဲ့ ပထမဆုံးအကွက်ကတော့ ဝေးလံခြင်းနဲ့ ပညာရေးရဲ့ အရည်အသွေး။ ကဲ အခု၊ ဒီဝေးလံခြင်းနဲ့ပတ်သက်ပြီး ကျွန်တော်ဆိုလိုတာက နှစ်မျိုးသုံးမျိုးလောက်ရှိတယ်။ ဒါပေါ့၊ ဝေးလံခြင်းက သူ့ပုံမှန်အဓိပ္ပာယ်အတို်းပဲ၊ ဘာကိုဆိုလိုလဲဆိုတော့ မြို့ပြဌာနကနေပြီးတော့ ဝေးဝေးသွားလေ သွားလေ၊ ပိုပြီးဝေးလံတဲ့ နေရာကို ရောက်လေဆိုတာပဲ။ ပညာရေးက ဘာဖြစ်သွားမလဲ ဒုတိယ ဒါမှမဟုတ် နောက်ထပ် ဝေးလံခြင်းတစ်မျိုးကတော့ ကမ္ဘာတစ်ဝန်းက မြို့ပြဧရိယာကြီးတွေ မှာပါပဲ။ အဓိပ္ပာယ်ကတော့ အမျိုးမျိုးရှိမယ်၊ ဆင်ခြေဖုံးတွေလိုမျိုး၊ ဒါမှမဟုတ် အခြေခံလူတန်းစားတွေရဲ့ မြို့တွေ၊ ဒါမှမဟုတ် ပိုဆင်းရဲတဲ့ ဒေသတွေပေါ့။ လူမှုရေးအရရော၊ စီးပွားရေးအရပါ မြို့ပြကနေ အလှမ်းဝေးတဲ့နေရာတွေ၊ ဒီတော့ ကျွန်တော်တို့နဲ့ သူတို့ပေါ့။ ဒီအကြောင်းခြင်းရာက ပညာရေးကို ဘာဖြစ်စေနိုင်မလဲ။ ဒီတော့ ဒီဝေးလံခြင်း စိတ်ကူးနှစ်မျိုးကို မှတ်ထားပေးပါ။
ကျွန်တော်တို့ ခန့်မှန်းချက်ထုတ်ခဲ့တယ်။ ဘာခန့်မှန်းချက်လဲဆိုတော့ ဒီဝေးလံတဲ့ဒေသတွေက ကျောင်းတွေမှာ သင့်တော်ကောင်းမွန်တဲ့ ဆရာတွေ မရှိဘူး ဆိုတာပဲ။ ရှိတယ်ဆိုဦးတော့၊ ဒီဆရာတွေကို ဆွဲထားနိုင်မှာ မဟုတ်ဘူး။ အခြေခံအုတ်မြစ်ကောင်းကောင် မရှိလို့ပေါ့။ အခြေခံအုတ်မြစ်ရှိမယ်ဆိုရင်တောင်၊ ဒါတွေကို ထိန်းသိမ်းရ ခက်ခဲမှာပဲ။ ဒါပေမဲ့ ကျွန်တော်က ဒါဟုတ်ရဲ့လားလို့ စစ်ကြည့်ချင်တယ်။ ဒီတော့ မနှစ်က ဘာလုပ်ခဲ့လဲဆိုတော့ ကားတစ်စီး ငှားလိုက်တယ်၊ ဂူဂဲ(လ်)မှာ ရှာကြည့်တယ်၊ နယူးဒေလီကနေပြီးတော့ အိန္ဒိယမြောက်ပိုင်းကို လမ်းရှာတွေ့တယ်၊ အဲဒီလမ်းက၊ သိတဲ့အတိုင်း၊ ဘယ်မြို့ကြီးပြကြီးကိုမှ မဖြတ်သွားတဲ့လမ်း၊ ကီလိုမီတာ ၃၀၀ လောက် မောင်းပြီးတော့ ကျောင်းတစ်ကျောင်းကိုတွေ့တာနဲ့ စံသတ်မှတ်ချက်တစ်စုံကို စစ်ဆေးကြည့်တယ်၊ ပြီးတော့ အဖြေတွေကို ယူပြီးတော့ ဂရပ်ပုံတစ်ပုံဖော်လိုက်တယ်။ ဒီဂရပ်ပုံက စိတ်ဝင်စားဖို့ကောင်းတယ်ဗျ၊ ဒါကို သေချာစဉ်းစားဖို့တော့ လိုပါလိမ့်မယ်။ ကျွန်တော်ဆိုလိုတာက၊ ဒါက ဥပမာ သေးသေးလေးရယ်၊ ဒီဟာလေးနဲ့တော့ ယေဘုယျကောက်ချက်မဆွဲသင့်ဘူးပေါ့လေ။ ဒါပေမဲ့ တော်တော်လေး သိသာနေတာ၊ ထင်ရှားနေတာက ဒီကျွန်တော်ဆွဲယူခဲ့တဲ့ လမ်းမှာ ကျောင်းက ဝေးသွားလေလေ၊ ရလဒ်က ဆိုးလေလေဆိုတာပဲ။ နည်းနည်းတော့ စွပ်စွဲရာကျနေတယ်၊ ဒီတော့ ကျွန်တော်က တခြားအကြောင်းအရာတွေနဲ့ ဆက်စပ်ပတ်သက်ကြည့်ဖို့ ကြိုးစားတယ်၊ အခြေခံအုတ်မြစ်လို ဒါမှမဟုတ် လျှပ်စစ်မီးရရှိမှုလိုဟာမျိုးတွေနဲ့ပေါ့။
ကျွန်တော်အံ့ဩသွားရတာက၊ အဲဒါတွေနဲ့ မဆက်စပ်နေဘူးဆိုတာပဲ။ ကျောင်းစာသင်ခန်းအရွယ်နဲ့လည်း မပတ်သက်ဘူး အခြေခံအုတ်မြစ်ရဲ့ အရည်အသွေးနဲ့လည်း မပတ်သက်ဘူး ဆင်းရဲတဲ့နှုန်းနဲ့လည်း မပတ်သက်ပြန်ဘူး။ ဘယ်ဟာနဲ့မှ မပတ်သက်ဘူး။ ဒါပေမဲ့ တစ်ခုရှိတာက ကျွန်တော်ဒီမေးခွန်းတွေကို စစ်ဆေးခဲ့တုန်းက ကျောင်းတိုင်းက ဆရာ၊ ဆရာမတွေအတွက် မေးခွန်းတစ်ခုထည့်မေးခဲ့တာက မြို့ပြ၊ လူနေထူထပ်တဲ့ မြို့လယ်ခေါင်ကို ပြောင်းချင်လား ဆိုတာပဲ သူတို့ထဲက ၆၉ရာခိုင်နှုန်းက ပြောင်းချင်တယ်လို့ ပြောခဲ့တယ်၊ ပြီးတော့ ဒီကနေ တွေ့ရတဲ့အတိုင်း ဒေလီကနေ နည်းနည်းလေးပဲ ဝေးတဲ့နေရာတွေမှာ ပြောင်းချင်တယ်လို့ ပြောကြတယ် အဲပြီးတော့ ဒေလီရဲ့ ဆင်ခြေဖုံးကို ရောက်သွားတဲ့အခါကျတော့ မပြောင်းချင်ဘူးလို့ပြောကြတယ် ဘာလို့လဲဆိုတော့၊ သိတဲ့အတိုင်းပဲ၊ အဲဒီနေရာတွေက ပိုကောင်းလို့ပဲလေ။ ပြီးတော့တစ်ခါ ဒေလီကနေ ကီလိုမီတာနှစ်ရာကျော်သွားတော့ အဖြေက ပြောင်းချင်တယ်ချည်းပဲ ဆက်တိုက်ဖြစ်သွားတယ်။ စာသင်ခန်းထဲကို လာမယ့် ဒါမှမဟုတ် လမ်းလျှောက်လာမယ့် ဆရာတစ်ယောက်ကို ကျွန်တော်မြင်ယောင်ကြည့်မိတယ်။ နေ့တိုင်းတွေးနေမှာပေါ့၊ ငါတခြားကျောင်းမှာ ရှိနေမယ်ဆို သိပ်ကောင်းမှာပဲဆိုပြီး၊ ဒီရလဒ်တွေအပေါ် နက်နက်နဲနဲသက်ရောက်မှုရှိတဲ့ အကြောင်းအရာပဲပေါ့။ ဒီတော့ ဆရာ၊ဆရာမတွေရဲ့ စိတ်အားထက်သန်မှုနဲ့ ပြောင်းရွှေ့မှုတွေက မူလတန်းကျောင်းတွေမှာ တော်တော်အရေးတကြီး ပတ်သက်နေတဲ့ အကြောင်းအရာတွေပဲ ကလေးတွေ စားဖို့သောက်ဖို့ လုံလောက်ရဲ့လား၊ စာသင်ခန်းထဲမှာ ထိုင်ရတာ အရမ်းကျပ်နေလားဆိုတာလိုမျိုးတွေနဲ့ ဆန့်ကျင်နေတဲ့ အကြောင်းအရာပေါ့။ အဲဒီလိုပဲ ဖြစ်နေတယ်။
ပညာရေးနဲ့ နည်းပညာကို သုံးတဲ့အခါမှာ၊ ကျွန်တော်စာတွေထဲမှာ တွေ့ရတာက သိတဲ့အတိုင်း၊ အင်တာနက်စာမျက်နှာတွေ၊ ပူးပေါင်းဆောင်ရွက်တဲ့ ပတ်ဝန်းကျင်တွေ မနက်တုန်းက နားထောင်ခဲ့ရတာတွေ အကုန်လုံးမှာပေါ့၊ အမြဲတမ်း အကောင်းဆုံးကျောင်း၊ အကောင်းဆုံးမြို့ပြကျောင်းတွေမှာပဲ ပထမဆုံး အကောင်အထည်ဖော်တယ် ဒီတော့၊ ကျွန်တော့်အမြင်အရတော့၊ ဘက်လိုက်တာကပဲ အဖြေဖြစ်လာတယ်။ စာပေ၊ သူရဲ့တစ်စိတ်တစ်ပိုင်းဖြစ်တဲ့၊ သိပ္ပံစာပေက ET(Educational Technology) က လေလုံးထွားပြီး မထိရောက်ဘူးလို့ ဆက်တိုက်ကို ပြစ်တင်ပြောဆိုပါတယ်။ ဆရာဆရာမတွေ အမြဲပြောတာကလည်း၊ ကောင်းပြီ၊ မဆိုးဘူး၊ ဒါပေမဲ့ သူလုပ်ပေးနိုင်တာလေးအတွက်တော့ မတရားဈေးကြီးလွန်းနေတယ် ဘာလို့လဲဆိုတော့ နည်းပညာက ကျောင်းသားတွေတော်ပြီးသား ကျောင်းမှာ သွားပြီး အကောင်အထည်ဖော်ခဲ့လို့ပဲ ဆိုပါတော့၊ ဒီ ကောင်းသထက်ကောင်းတဲ့ နည်းပညာကို သုံးလိုက်တယ်ဆိုရင်၊ သူတို့တွေရဲ့ ရာနှုန်းက ၈၃ရာနှုန်းဖြစ်သွားမယ်။ ဒီတော့ ကျောင်းအုပ်က ကြည့်ပြီး ပြောတော့တာပေါ့၊ ၃ ရာခိုင်နှုန်းတိုးဖို့အတွက် ဒေါ်လာ ၃၀၀၀၀၀လား၊ မေ့လိုက်စမ်းပါတော့ ဆိုပြီးတော့။ ဒီနည်းပညာကိုပဲ ဝေးလံခေါင်ဖျားက ကျောင်းတစ်ကျောင်းမှာ သွားအကောင်အထည်ဖော်မယ်ဆိုရင် အမှတ်က ၃၀ ရာနှုန်းပဲ ရထားတဲ့နေရာမှာပေါ့၊ ဆိုပါစို့၊ လေးဆယ်ရာနှုန်းဖြစ်သွားမယ်၊ ဒါဆို လုံးဝခြားနားတဲ့ ရလဒ်ဖြစ်သွားပြီ ဒီတော့ ဒီET(ပညာရေးဆိုင်ရာ နည်းပညာ)က ပြောင်းလဲပေးနိုင်တာက ပိရမစ်လိုပြောရင် အပေါ်ဘက်မှာထက် အောက်ဘက်မှာက ပိုပြီး သိသိသာသာ များတယ်ဆိုတာပဲ။ ဒါပေမဲ့ ကျွန်တော်တို့က တခြားနည်းလမ်းနဲ့လုပ်ဖို့ ဖြစ်လာတယ်။
ဒီတော့ ကျွန်တော်ရဲ့ နောက်ဆုံးသုံးသပ်ချက်က ET က မဖွံ့ဖြိုးသေးတဲ့ နေရာက စသင့်တယ်ဆိုတာပဲ၊ တခြားနည်းလမ်းနဲ့ မဖြစ်သင့်ဘူး။ ပြီးတော့ နောက်ဆုံး မေခွန်းတစ်ခုက၊ ဆရာ၊ဆရာမတွေရဲ့ သိမြင်နားလည်ပုံကို ဘယ်လိုကိုင်တွယ်ဆက်ဆံမလဲဆိုတာပဲ။ ဆရာ၊ဆရာမ တစ်ယောက်ယောက်ဆီကို သွားပြီး နည်းပညာတစ်ခုခုကို ပြလိုက်တိုင်း သူ့ရဲ့ ပထမဆုံး တုံ့ပြန်မှုက ဆရာတွေကို စက်နဲ့ အစားမထိုးနိုင်ဘူး၊ ဒါဘယ်လိုမှ မဖြစ်နိုင်ဘူး။ ဘာလို့မဖြစ်နိုင်လဲတော့ ကျွန်တော်မသိဘူး၊ ဒါပေမဲ့၊ မဖြစ်နိုင်ဘူးလို့ ယူဆမိလိုက်တာ ခဏလေးပဲဆိုရင်တောင်၊ ကျွန်တော့်မှာ ဆာ၊ အာသာ၊ စီ၊ ကလက်(ခ်) ဆီက ကောက်နုတ်ချက် တစ်ခုရှိတယ် ကိုလမ်ဘိုမှာ ကျွန်တော်တွေ့ခဲ့တဲ့ သိပ္ပံခေတ်လွန် စာရေးဆရာပေါ့။ သူက ဒီပြဿနာကို အပြီးထိဖြေရှင်းနိုင်တဲ့ စကားကို ပြောခဲ့တာ။ သူပြောတာက စက်ကအစားထိုးဖို့ ဆရာထက်သင့်တော်တာ မရှိဘူး။ ဒီတော့၊ သိတဲ့အတိုင်း၊ ဒါက ဆရာ၊ဆရာမတွေကို တင်းကျပ်တဲ့အချုပ်နှောင်ထဲ ပို့လိုက်သလိုပေါ့၊ စဉ်းစားဖို့လိုတယ်။ ဘယ်လိုပဲဖြစ်ဖြစ်၊ ဒီတော့ ကျွန်တော်က လိုအပ်တဲ့ မူလတန်းပညာရေးအသွင်သစ်ကို အဆိုပြုနေတာပါ၊ ဘယ်လိုအပြောင်းအလဲကို လိုချင်တာပဲဖြစ်ဖြစ်ပေါ့၊ ကျောင်းမရှိလို့ပဲဖြစ်ဖြစ် ကျောင်းတွေက မကောင်းလို့ဖြစ်ဖြစ်၊ ဆရာ၊ဆရာမတွေ မရှိလို့ပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် ဆရာ၊ဆရာမတွေက မတော်လို့ပဲဖြစ်ဖြစ်၊ ဘယ်အကြောင်းအရာအတွက်မဆိုပေါ့။ တကယ်လို့ ဒါတွေထဲကတစ်ခုနဲ့မှ အကျုံးမဝင်တဲ့ ကမ္ဘာမှာ နေတယ်ဆိုရင်တော့ ဒီပညာရေးအသွင်သစ်ကို မလိုဘူးပေါ့လေ။ ခုထက်ထိတော့ တစ်ခါကလွဲပြီး ဒီလိုမလိုဘူးဆိုတဲ့နေရာကို မကြုံဖူးသေးဘူး။ နေရာနာမည်ကိုတော့ မပြောတော့ပါဘူး၊ ဒါပေမဲ့ ဒီကမ္ဘာရဲ့ တစ်နေရာက လူတွေက ပြောခဲ့တယ်၊ ကျွန်တော်တို့မှာ ဒီပြဿနာမရှိဘူး ဘာလို့လဲဆိုတော့ ကျွန်တော်တို့မှာ ပြီးပြည့်စုံတဲ့ ဆရာ၊ဆရာမတွေနဲ့ ကျောင်းတွေ ရှိတယ်။ ဒီလိုနေရာမျိုးလည်း ရှိတတ်ပါတယ်၊ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ်၊ တခြားနေရာတွေမှာ ပြဿနာမရှိဘူးလို့တော့ မကြားဖူးသေးဘူး။
ကျွန်တော် ကလေးတွေနဲ့ ကိုယ်ပိုင်အဖွဲ့တွေအကြောင်း ပြောပါတော့မယ်။ ပြီးတော့ ဒီစိတ်ကူးကို ဦးတည်စေခဲ့တဲ့ လက်တွေ့စမ်းသပ်မှုတွေရောပေါ့။ ပညာရေးအသွင်သစ်ဆိုတာ ဘယ်လိုမျိုးလဲဆိုပြီး စမ်းသပ်ခဲ့တာတွေပေါ့။ နံရံေါ်ကအပေါက်များလို့ ခေါ်တဲ့ စမ်းသပ်မှုတွေပါ။ ဒါကို မြန်မြန်လေးပြောမှ ဖြစ်မယ်။ ဒါတွေက လက်တွေ့စမ်းသပ်မှုတွေပေါ့။ ပထမဆုံးစမ်းသပ်မှုက ၁၉၉၉တုန်းက နယူးဒေလီမှာ လုပ်ခဲ့တယ်။ ဘာလုပ်ခဲ့တာလဲဆိုတာကတော့ တော်တော်ရိုးရှင်းပါတယ်။ အဲဒီနေ့တွေတုန်းက ကျွန်တော့်မှာ ရုံးခန်းတစ်ခုရှိတယ် ဆင်ခြေဖုံးနဲ့ ကပ်လျက်မှာပေါ့၊ မြို့ပြဆင်ခြေဖုံးရပ်ကွက် တစ်ခုပေါ့။ ဒီတော့ ကျွန်တော်တို့ရုံးခန်းနဲ့ ဒီမြို့ပြဆင်ခြေဖုံးရဲ့ကြားမှာ နံရံတစ်ချပ်ခြားတယ်။ ဒီနံရံမှာ အပေါက်တစ်ပေါက် ဖောက်လိုက်ကြတယ်၊ နံရံပေါ်ကအပေါက်များဆိုပြီး နာမည်ရလာတဲ့အကြောင်းရင်းပါပဲ၊ ပြီးတော့ အားကောင်းတဲ့ ကွန်ပျူတာတစ်လုံးကို အပေါက်ထဲထည့်တယ်၊ နံရံမှာ မြှုပ်လိုက်သလိုမျိုးပဲ၊ ဒီတော့ သူ့ဖန်သားပြင်က တခြားတစ်ဖက်မှာ ကပ်နေတာပေါ့။ ထိခုံတစ်ခုကိုလည်း အတူတူပဲ နံရံထဲမြှုပ်ထားလိုက်တယ်၊ မြန်နှုန်းမြင့်အင်တာနက်ကို ချိတ်တယ်၊ ပြီးတော့ Inernet Explorer ကိုလည်းထည့်ထားတယ်၊ Altavista.comကိုလည်း ထည့်ပေးထားတယ်၊ အဲဒီအချိန်တုန်းကဟာ၊ ပြီးတော့ ဒီတိုင်းပဲ ထားထားလိုက်တယ်။
ဒါက ကျွန်တော်တို့ မြင်ရတဲ့ပုံစံ ဒီတော့ ဒါက ITမှာရှိတဲ့ ကျွန်တော့်ရုံး။ နံရံပေါ်ကအပေါက်က ဒါပဲ။ ရှစ်နာရီကြာပြီးတဲ့နောက်မှာ ကျွန်တော်တို့ ဒီကလေးကို တွေ့တယ်။ ညာဘက်က ရှစ်နှစ်ကလေး၊ ဒီတစ်ယောက် ပြီးတော့ သူ့ဘယ်ဘက်က အရပ်သိပ်မရှည်တဲ့ ခြောက်နှစ်အရွယ် ကလေးမလေး။ ကောင်လေးဘာလုပ်နေတာလဲဆိုတော့ သူက ကောင်မလေးကို အင်တာနက်ဘယ်လိုဖွင့်ရလဲ သင်ပေးနေတာပဲ။ ဒီတော့ ဒီဖြစ်ရပ်က အဖြေပေးတာထက် မေးခွန်းတွေအများကြီး မေးစရာဖြစ်လာတယ်။ ဒါတကယ်လား။ ဘာသာစကားက အရေးပါရဲ့လား၊ ဘာဖြစ်လို့လဲဆိုတော့ သူကအင်္ဂလိပ်စာတတ်ပုံ မရဘူး။ ဒီကွန်ပျူတာက ကြာကြာခံပါ့မလား၊ ဒါမှမဟုတ် သူတို့ ချိုးဖဲ့ဖျက်ဆီးပြီး ခိုးသွားမလား၊ ပြီးတော့ တစ်ယောက်ယောက်ကရော သူတို့ကို သင်ပေးခဲ့သလား။ နောက်ဆုံးမေးခွန်းက လူတိုင်းမေးတယ်၊ ဒါပေမဲ့ သိတဲ့အတိုင်း၊ ဆိုလိုတာက၊ သူတို့တွေ နံရံကိုကျော်ပြီး ခေါင်းပြူခဲ့မယ်၊ ပြီးတော့ ရုံးခန်းထဲမှာရှိတဲ့လူတွေကို မေးခဲ့မယ် ဘယ်လိုလုပ်ရလဲ ပြပေးနိုင်မလား၊ ပြီးတော့ တစ်ယောက်ယောက်က သူ့ကို သင်ပေးခဲ့မယ်။
ဒီတော့ ဒီလက်တွေ့စမ်းသပ်မှုကို ဒေလီအပြင်ဘက်ကို ယူလာပြီး ထပ်စမ်းခဲ့တယ်။ ဒီတစ်ကြိမ်မှာတော့ ချစ်(ဖ်)ပူရီ လို့ခေါ်တဲ့ အိန္ဒိယအလယ်ခေါင်က မြို့တစ်မြို့မှာပေါ့၊ ဘယ်သူ့က ဘယ်သူ့ကိုမှ ဘာဆိုဘာမှ မသင်ပေးဖူးတယ်လို့ သေချာတဲ့နေရာပေါ့။ (ရယ်သံများ) နွေးနွေးထွေးထွေး ရှိတဲ့ရက်လေးတစ်ရက်ပါပဲ၊ ပြီးတော့ နံရံပေါ်ကအပေါက်ကတော့ ဒီဟောင်းနွမ်းအိုရွဲနေတဲ့ အဆောက်အအုံပေါ်မှာပေါ့။ ဒါကတော့ အဲဒီကို ပထမဆုံးရောက်လာတဲ့ ကလေးပါ၊ နောက်သိရတာက သူက ကျောင်းထွက်ထားတဲ့ ၁၃နှစ်သားတစ်ယောက်ဆိုတာပဲ။ သူအဲဒီကိုရောက်လာပြီးတော့ ထိခုံလေးနဲ့ ဟိုရွှေ့သည်ရွှေ့လုပ်တယ်။ အရမ်းမြန်မြန်ပဲ သူသတိပြုမိလိုက်တာက ထိခုံပေါ်က သူ့လက်ချောင်းလေးတွေကို ရွှေ့လိုက်တဲ့အချိန်မှာ ဖန်သားပြင်ပေါ်မှာ တစ်ခုခုရွေ့သွားတယ်ဆိုတာကိုပဲ နောက်သူပြန်ပြောပြတာက၊ တစ်ခုခုလုပ်လို့ရတဲ့ ရုပ်မြင်သံကြားစက်ရယ်လို့ တစ်ခါမှ မမြင်ဖူးသေးဘူး ဒီတော့ ဒါကို သူတွက်ဆလို့ရသွားတယ်။ သူ့အတွက် နှစ်မိနစ်ကျော်လောက်ကြာတယ် ရုပ်မြင်သံကြားစက်ကို လျှောက်လုပ်နေတယ်ဆိုတာ တွက်ဆနိုင်ဖို့အတွက်ပေါ့။ အဲဒီနောက်မှာတော့၊ အဲလိုလုပ်နေတာနဲ့အမျှ၊ သူမတော်တဆ ကလစ်နှိပ်မိသွားတယ်၊ ထိခုံကိုဖိလိုက်မိပြီးတော့လေ၊ ဒီမှာသူလုပ်နေတာကို မြင်နိုင်ပါလိမ့်မယ်။ သူကလစ်နှိပ်လိုက်တယ်၊ ပြီးတော့ Internet Explorer ရဲ့ စာမျက်နှာက ပြောင်းသွားတယ်။ ရှစ်မိနစ်ကြာတဲ့နောက်မှာတော့၊ ဖန်သားပြင်ကို သူ့လက်ကနေကြည့်တော့တာပဲ၊ သူအင်တာနက်သုံးနေပြီလေ၊ ဟိုကနေ ဒီ၊ ဒီကနေ ဟို လျှောက်ကြည့်နေတာပေါ့။ ပြီးသွားတဲ့နောက်၊ သူ့အိမ်နီးချင်းကလေးတွေအားလုံးကို စခေါ်တော့တာပဲ၊ ကလေးတွေကလာပြီး ဘာများဖြစ်နေနေသလဲဆိုပြီး ကြည့်ကြတယ်။ ပြီးတော့ အဲဒီနေ့ညနေလည်းရောက်ရော၊ ကလေး၇၀လောက်က အကုန်လုံး အင်တာနက် သုံးနေကြပြီ။ ဒီတော့ အချိန်ရှစ်မိနစ်နဲ့ မြှုပ်ထားတဲ့ ကွန်ပျူတာတစ်လုံးက ကျွန်တော်တို့ လိုအပ်သမျှအကုန်ပါပဲ။
ဒီတော့ ဒါဟာ ကျွန်တော်တို့စမ်းသပ်မှုရဲ့ အကြောင်းအရာလို့ ယူဆတယ်။ ကလေးတွေဟာ အုပ်စုလိုက် ကွန်ပျူတာနဲ့ အင်တာနက်ကိုသုံးဖို့ သူတို့ဟာသူတို့ သင်ပေးညွှန်ကြားနိုင်တယ်ဆိုပြီးတော့ပေါ့။ ဒါပေမဲ့ ဘယ်လိုအခြေအနေတွေမှာလဲ။ အဲဒီအချိန်မှာ အဓိကမေးခွန်းက အင်္ဂလိပ်စာပဲ။ လူတွေကပြောကြတယ်၊ သိတဲ့အတိုင်း၊ ဒါကို အိန္ဒိယဘာသာစကားတွေနဲ့ လုပ်သင့်တယ်တဲ့။ ဒီတော့ ကျွန်တော်က ပြန်ပြောတယ်၊ ဘာရယ်၊ ငါ အင်တာနက်ကို အိန္ဒိယဘာသာစကားနဲ့ ဘာသာပြန်ပစ်ရမှာလား လို့။ ဒါမဖြစ်နိုင်ဘူးလေ။ ဒီတော့ တခြားနည်းလမ်းရှိရဦးမှာပေါ့။ ဒါပေမဲ့၊ ကြည့်ရအောင်၊ ကလေးတွေက အင်္ဂလိပ်စကားကို ဘယ်လိုမျိုး ကိုင်တွယ်ကြလဲဆိုတာ။ ကျွန်တော် အိန္ဒိယအရှေ့မြောက်ပိုင်းမှာ ဒီစမ်းသပ်မှုကို လုပ်ခဲ့တယ်။ မဒန်တူစီလို့ခေါ်တဲ့ ရွာတစ်ရွာမှာ၊ အကြောင်းအမျိုးမျိုးကြောင့် အင်္ဂလိပ်စာဆရာမရှိတဲ့ နေရာပေါ့လေ။ ဒီတော့ ကလေးတွေက အင်္ဂလိပ်စာ လုံး၀မသင်ဖူးကြဘူး။ ပြီးတော့ ကျွန်တော် ဒီလိုပဲ နံရံပေါ်ကအပေါက်ကို တပ်ဆင်တယ်။ ရွာတွေမှာ အဓိကကွာတဲ့ အချက်ကတော့၊ မြို့ပြဆင်ခြေဖုံးတွေနဲ့ ဆန့်ကျင်ဘက်၊ ဒီရုံလေးကို ကောင်မလေးတွေက ကောင်လေးတွေထက် ပိုလာတယ်ဆိုတာပဲ။ မြို့ပြဆင်ခြေဖုံးတွေမှာတော့၊ ကောင်မလေးတွေက ဝေးဝေးနေကြတာများတယ်။ ကျွန်တော်က ဓာတ်ပြားခွေတွေအများကြီးနဲ့ ကွန်ပျူတာကို ထားခဲ့တယ်၊ အင်တာနက် မရှိဘူး။ ပြီးတော့ သုံးလကြာတော့ ကျွန်တော်ပြန်ရောက်လာတယ်။ ဒီတော့ ကျွန်တော်အဲဒီကို ပြန်ရောက်တဲ့အချိန်မှာ၊ ဒီကလေးနှစ်ယောက်ကို တွေ့တယ်၊ ရှစ်နှစ်နဲ့ ၁၂နှစ်အရွယ်တွေ၊ ကွန်ပျူတာပေါ်မှာ ဂိမ်းတစ်ခုကစားနေတဲ့သူတွေပေါ့။ သူတို့ကျွန်တော့်ကိုတွေ့တာနဲ့ ချက်ချင်း ပြောတာက ကျွန်တော်တို့ ပိုမြန်တဲ့ ပရော်ဆက်ဆာနဲ့ ပိုကောင်းတဲ့ မောက်(စ်) လိုတယ်။ (ရယ်သံများ) ကျွန်တော်တကယ်ပဲ အံ့ဩသွားတယ်။ သိတဲ့အတိုင်း၊ သူတို့ဘယ်လိုဘယ်လိုများ ဒါတွေအကုန်လုံး သိလိုက်ပါလိမ့်ပေါ့။ ပြီးတော့ သူတို့ပြောတာက၊ အင်း၊ ကျွန်တော်တို့ ဒီအခွေတွေကနေ သင်ယူလို့ရထားတာပေါ့ တဲ့။ ဒီတော့ ကျွန်တော်ကပြောတယ်၊ ဒါပေမဲ့ မင်းတို့ ဘာတွေဖြစ်နေလဲဆိုတာ ဘယ်လိုနားလည်သွားတာလဲ။ ဒီတော့ သူတို့ပြန်ပြောတာက၊ အင်း၊ ဦးလေးက ဒီအင်္ဂလိပ်လိုပဲပြောတဲ့စက်ကို ထားခဲ့မှတော့၊ ကျွန်တော်တို့လည်း အင်္ဂလိပ်စာသင်ရတော့တာပေါ့ တဲ့။ ပြီးတော့ ကျွန်တော်လိုက်တွက်ကြည့်တော့၊ သူတို့အချင်းချင်း အင်္ဂလိပ်စာလုံး ၂၀၀လောက်ကို ပြောဆိုသုံးစွဲနေကြတယ်။ အသံထွက်မှားတယ်၊ ဒါပေမဲ့ အသုံးတော့ မှန်တယ်။ ထွက်ပါ၊ ရပ်ပါ၊ ရှာပါ၊ သိမ်းပါ၊ အဲလိုစကားလုံးတွေပေါ့။ ကွန်ပျူတာနဲ့လုပ်ဖို့တင် မဟုတ်ဘဲ သူတို့တွေရဲ့ နေ့စဉ်သုံးစကားတွေမှာပါပေါ့။ ဒီတော့၊ မဒန်တူစီက ဘာသာစကားဆိုတာ အတားအဆီတစ်ခုမဟုတ်ဘူးလို့ ပြခဲ့တယ်။ တကယ်တော့ သူတို့တွေက ဘာသာစကားကို ကိုယ့်ဟာကိုယ် ပြန်သင်ပေးနိုင်စွမ်း ရှိကြတယ်။ သူတို့ တကယ်ကြီးကို တတ်ချင်ကြတယ်ဆိုရင်ပေါ့။
နောက်ဆုံးမှာ၊ ကျွန်တော် ဒီလက်တွေ့စမ်းသပ်မှုကို ဆက်လုပ်ဖို့ ငွေကြေးအထောက်အပံ့ရတယ် တခြားနေရာတွေမှာ စမ်းသပ်ကြည့်မယ်ဆိုရင် ရလဒ်တွေက တူပါ့မလားဆိုတာကို ကြည့်ဖို့လေ။ အိန္ဒိယက အဲဒီလိုစမ်းသပ်မှုတွေလုပ်ဖို့ နေရာကောင်းတစ်ခုပါပဲ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့မှာ တိုင်းရင်းသားကွဲပြားမှု အားလုံးရှိတယ်၊ အားလုံး၊ သိတဲ့အတိုင်း မျိုးဗီဇကွဲပြားမှု၊ လူမျိုးကွဲပြားမှုတွေ၊ ပြီးတော့ လူမှုစီးပွားကွဲပြားမှုတွေ အားလုံးပေါ့။ ဒီတော့ ကျွန်တော် အဲဒီနေရာကို လုံလုံလောက်လောက် လွှမ်းခြုံနိုင်မယ့် နမူနာတွေကို ရွေးထုတ်နိုင်မယ်၊ တစ်ကမ္ဘာလုံးကို လက်တွေ့ဆန်ဆန် လွှမ်းခြုံနိုင်မယ့် နေရာတွေပေါ့။ ဒီတော့ ကျွန်တော်ဒါကို ငါးနှစ်နီးပါးလောက်လုပ်ခဲ့တယ်၊ ပြီးတော့ ဒီလက်တွေ့စမ်းသပ်မှုက အိန္ဒိယတစ်ခွင် ပြဲပြဲစင်အောင် ကျွန်တော်တို့ကို ခေါ်သွားခဲ့တယ်။ ဒါက ဟိမဝန္တာ၊ မြောက်ပိုင်းက အပေါ်ဘက်မှာ၊ တအားအေးတဲ့ နေရာ။ ကျွန်တော်က စက်ပစ္စည်းပိုင်း ပုံစံကိုလည်း စစ်ဆေးတီထွင်ရသေးတယ် အပြင်ဘက်မှာလည်း ကြံ့ကြံ့ခံနိုင်အောင်လေ၊ ကျွန်တော်က ရိုးရိုး သာမန် ကွန်ပျူတာတွေကိုပဲ သုံးခဲ့တာကိုး။ ဒီတော့ ကျွန်တော်က မတူညီတဲ့ ရာသီဥတုတွေလိုတယ်၊ ဒီအတွက်လည်း အိန္ဒိယက ကောင်းနေပြန်ရော၊ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့မှာ တအားအေးတဲ့နေရာ၊ တအားပူတဲ့နေရာ၊ စသဖြင့်အကုန်ရှိတယ်။ ဒါကတော့ အနောက်ဘက်က သဲကန္တာရ၊ ပါကစ္စတန် နယ်စပ်နားမှာ။ ပြီးတော့ မြင်ရတဲ့အတိုင်း ဒီမှာ ဒီရွာတွေထဲက တစ်ရွာရဲ့ ရိုက်ချက်လေး ဒီကလေးတွေ ပထမဆုံးလုပ်တာက အင်္ဂလိပ်စာလုံးတွေကို သူတို့ဟာသူတို့သင်ဖို့ အင်တာနက်စာမျက်နှာတစ်ခု ရှာတာပဲ။
ပြီးတော့ အိန္ဒိယအလယ်ပိုင်း၊ အရမ်းပူတယ်၊ စိုစွတ်တဲ့ တံငါရွာလေး၊ စိုထိုင်းဆက လျှပ်စစ်ပစ္စည်းတွေရဲ့ အကြီးဆုံးလူသတ်သမားလို့ဆိုနိုင်တဲ့ နေရာ။ ဒီတော့ ကျွန်တော်တို့ရင်ဆိုင်နေရသမျှကို လေအေးပေးစက်မရှိဘဲ လျှပ်စစ်ဓာတ်အားနည်းနည်းလေးနဲ့ပဲ ဖြေရှင်းခဲ့ရတယ်။ ဒီတော့ နည်းလမ်းအများစုကတော့ လေညှင်းလေးတွေကို သုံးပြီး အသင့်တော်ဆုံးနေရာမှာထားပြီး စက်တွေကို အလုပ်ဆက်လုပ်နေအောင် လုပ်ခဲ့ရတာပဲ။ ကျွန်တော် အတိုချုံးလိုက်ချင်တယ်။ ကျွန်တော်တို့ ဒါကို ထပ်ခါထပ်ခါ လုပ်ခဲ့ကြတယ်။ ဒီအကွက်လေးလည်း ကောင်းတယ်။ ဒါကကလေးလေးတစ်ယောက်၊ ခြောက်နှစ်သားလေး၊ သူ့အစ်မအကြီးဆုံးကို ဘာလုပ်ရမလဲပြောပြနေတာ။ ဒီကွန်ပျူတာတွေနဲ့ကတော့ ဒီလို ကလေးအငယ်က ကလေးအကြီးတွေကို သင်ပေးနေတာကို မကြာခဏဆိုသလိုပဲ တွေ့ရတတ်တယ်။
ကျွန်တော်တို့ ဘာတွေတွေ့လဲ၊ ခြောက်နှစ်ကနေ ၁၃နှစ်အရွယ်ရှိတဲ့ ကလေးတွေက ဆက်သွယ်ထားတဲ့ ပတ်ဝန်းကျင်မှာ ကိုယ့်ဟာကိုယ် သင်ပေးနိုင်တယ်ဆိုတာတွေ့တယ်။ တိုင်းတာလို့ရသမျှကို လျစ်လျရှုထားပြီးတော့ပေါ့။ ဒီတော့ သူတို့တွေမှာ ကွန်ပျူတာသုံးခွင့်ရှိတယ်ဆိုရင် သူတို့ကိုသူတို ပြန်သင်ပေးကြလိမ့်မယ်။ ဥာဏ်ရည်ဥာဏ်သွေး အပါအဝင်ပေါ့။ တခြားပတ်သက်ဆက်နွယ်နေတာကိုတော့ တစ်ခုဆို တစ်ခုမှ ရှာမတွေ့ဘူး၊ ဒါပေမဲ့ အုပ်စုလိုက်တော့ ဖြစ်ဖို့လိုတယ်။ ပြီးတော့ ဒါက၊ သိတဲ့အတိုင်း၊ အဲဒီအုပ်စုရဲ့ ကြီးကြီးမားမား စိတ်ဝင်စားမှုကြောင့်လည်း ဖြစ်ရင်ဖြစ်မယ်။ ဘာလို့လဲဆိုတော့ အားလုံးက အုပ်စုအဖွဲ့တွေအကြောင်း ပြောနေကြတာမဟုတ်လား။ ဒါကတော့ ကလေးအုပ်စုတစ်စုက လုပ်နိုင်ခဲ့တဲ့ စွမ်းအားပါပဲ လူကြီးတွေနည်းနည်းလေး ဝင်ပါပေးလိုက်နိုင်ရင်ပေါ့။
အတိုင်းအတာတွေကို ယူဆပုံလေးပါပဲ။ ကျွန်တော်တို့တွေ စာရင်းကိုင်နည်းလမ်းမှန်တွေနဲ့ ကောက်ယူခဲ့ကြတော့၊ ဒါတွေကိုတော့ မပြောတော့ဘူး။ ဒါပေမဲ့ ကျွန်တော်တို့ ရှင်းရှင်းလင်းလင်း မျဉ်းကွေးတစ်ကြောင်းတွေ့ရတယ် ခင်ဗျားတို့ကျောင်းမှာ ရခဲ့မယ့်ဟာနဲ့ ချွတ်စွပ်တူလောက်ပါတယ်။ ဒီမှာပဲ ရပ်လိုက်တော့မယ်၊ ဘာလို့ဆိုတော့၊ ကျွန်တော် ပြောချင်တာက၊ သူ့ဟာသူပြောပြနေသလို ဖြစ်နေပြီပဲလေ၊ မဟုတ်ဘူးလား။ သူတို့ဘာတွေများလုပ်ဖို့ သင်ယူနိုင်မလဲ။ အခြေခံဝင်းဒိုး လုပ်ဆောင်ချက်တွေ၊ အင်တာနက်ကြည့်တာ၊ ပုံဆွဲတာ၊ ချက်တင်ဝင်တာနဲ့ မေး(လ်)ပို့တာ၊ ကစားနည်းတွေနဲ့ ပညာရေးဆိုင်ရာတွေ၊ သီချင်းတွေ ဆွဲချတာနဲ့ ဗီဒီယိုတွေ ဖွင့်တာ။ အတိုချုပ်ရရင်တော့ဗျာ၊ ကျွန်တော်တို့အားလုံး လုပ်နေကြတာတွေပဲပေါ့။ ဒီလိုနဲ့ ကလေးသုံးရာကျော်က ကွန်ပျူတာအကျွမ်းတဝင်ရှိသူတွေ ဖြစ်လာကြလိမ့်မယ်။ ပြီးတော့ ဒါတွေအကုန်လုံးကို ကွန်ပျူတာတစ်လုံးတည်းနဲ့ ခြောက်လအတွင်းမှာ လုပ်တတ်လာလိမ့်မယ်။
ဒီလိုဆိုတော့ သူတို့ဘယ်လိုလုပ်လိုက်ကြတာလဲ။ သူတို့ တကယ် သုံးစွဲတဲ့အချိန်ကို တွက်ကြည့်မယ်ဆိုရင်၊ တစ်နေ့ကို မိနစ်ပိုင်းပဲဆိုပြီး ထွက်လာလိမ့်မယ်။ ဒီလိုဖြစ်နေတာတော့ မဟုတ်ဘူးဗျ။ တကယ်တမ်းက ကွန်ပျူတာတစ်လုံးမှာ ကလေးတစ်ယောက်သုံးနေတယ်။ ဒါ့အပြင် တခြားကလေးသုံးယောက်က သူ့နားမှာ ဝိုင်းနေတတ်တယ် သူတို့ဘာလုပ်သင့်လဲဆိုတာကို သုံးနေတဲ့ကလေးကို အကြံပေးနေကြတဲ့ သူတွေပေါ့။ တကယ်လို့ သူတို့ကို စစ်မေးကြည့်ရင်၊ လေးယောက်လုံးက ဘာမေးမေး အမှတ်တူတူပဲ ရနေလိမ့်မယ်။ ဒီလေးယောက်နားမှာ ရှိနေတတ်တာ ၁၆ယောက်လောက်ရှိမယ့် ကလေးအုပ်စု အမြဲတမ်း အမှားတွေကိုပဲ အကြံပေးနေတတ်ကြတဲ့သူတွေ၊ ကွန်ပျူတာပေါ်မှာ ဖြစ်နေသမျှနဲ့ ပတ်သက်ပြီးတော့ပေါ့။ ပြီးတော့ သူတို့အကုန်လုံးက ဒီအကြောင်းနဲ့ ပတ်သက်တဲ့ မေးခွန်းကို ရှင်းလင်းနိုင်လိမ့်မယ်။ ဒီတော့ သူတို့လုပ်နေရင် သင်ယူနိုင်ကြသလောက်ကို ကြည့်နေရင်းနဲ့လည်း သင်ယူနိုင်ကြတယ်။ အရွယ်ရောက်ပြီး သင်ကြားရေးအတွက်ကတော့ လက်မခံနိုင်စရာကို ဖြစ်နေပုံပါပဲ၊ ဒါပေမဲ့ သတိထားပါ၊ ရှစ်နှစ်သားလေးတစ်ယောက်က တစ်ချိန်လုံးနီးပါး ဒီဟာမလုပ်နဲ့၊ သိလား ဒီဝီစကီပုလင်းကို မထိနဲ့လို့ပဲ ပြောခံနေရတဲ့ အသိုင်းအဝိုင်းထဲမှာ ဒီတော့ ဒီရှစ်နှစ်သားက ဘာလုပ်ရမလဲ။ ဝီစကီပုလင်းကို ဘယ်လိုကိုင်သင့်လဲဆိုတာ သတိကြီးကြီးနဲ့ လေ့လာတော့တာပေါ့။ ပြီးတော့ သူ့ကို စစ်ဆေးကြည့်မယ်ဆိုရင် အဲဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး မေးခွန်းတိုင်းကို မှန်မှန်ကန်ကန်ဖြေပြလိမ့်မယ်။ ဒီတော့ သူတို့ကြည့်ရတာ တော်တော်လေးကို မြန်မြန်ဆန်ဆန် အကျိုးရသွားပုံပဲ။
ဒီတော့ ဒီခြောက်နှစ်ကြာလုပ်ခဲ့တာရဲ့ နိဂုံးချုပ်က ဘာဖြစ်မလဲ။ မူလတန်းပညာရေးက သူ့ဟာသူသပ်သပ် လုပ်လို့ရတယ်၊ ဒါမှမဟုတ် တစ်စိတ်တစ်ပိုင်းလောက်ကတော့ သူ့ဟာသူလုပ်လို့ရတယ်။ အထက်အောက်စနစ်ကို ကျင့်သုံးနေစရာမလိုလှဘူး။ ကိုယ်ပိုင်စုစည်းတဲ့ စနစ်တစ်ခုလည်း ဖြစ်လာနိုင်တယ်၊ ဒီတော့ ဒါကပဲ ကျွန်တော်ပြောပြချင်တဲ့ ဒုတိယအချက်ကတော့၊ ကလေးတွေက ကိုယ့်ဟာကိုယ် စုစည်းပြီးတော့ ပညာရေးရည်မှန်းချက်တစ်ခုကို ပေါက်မြောက်အောင်လုပ်နိုင်ကြတယ်။
တတိယအချက်ကတော့ တန်ဖိုးရှိတဲ့အကြောင်း၊ တစ်ခါ၊ ပြန်ရှင်းရမယ်ဆိုရင် အိန္ဒိယတစ်ခွင်လုံးမှာ ကျွန်တော် ကလေးငါးရာကျော်ကို စစ်ဆေးမှုတစ်ခုလုပ်ခဲ့တယ်။ ပြီးတော့ သူတို့ကို မေးတယ်၊ သူတို့ကို တန်ဖိုးကိုအဓိကထားတဲ့ မေးခွန်း ၆၈ခုမေးပြီးတော့ သူတို့ထင်မြင်ချက်ကို ရိုးရိုးလေးပဲ မေးခဲ့တယ်။ ကျွန်တော်တို့ အဖြေမျိုးစုံ ပြန်ရတယ်။ ဟုတ်တယ်၊ မဟုတ်ဘူး ဒါမှမဟုတ် မသိဘူး။ ၅၀ ရာခိုင်နှုန်းက ဟုတ်တယ်ဖြေပြီး ၅၀ ရာခိုင်နှုန်းက မဟုတ်ဘူးဖြေတဲ့ မေးခွန်းတွေကို မေးခဲ့တယ်၊ အဲဒါနဲ့ ဒီလိုဖော်ပြချက်စုစည်းမှုတွေ ၁၆ခုလောက် ရလာတယ်။ ကလေးတွေကို တကယ်ရှုပ်သွားတဲ့ နေရာတွေရှိတယ်၊ ဘာလို့ဆိုတော့ တစ်ဝက်က ဟုတ်တယ်ဖြေပြီး တစ်ဝက်က မဟုတ်ဘူးတဲ့။ ဥပမာပြရရင်၊ တစ်ခါတလေမှာ လိမ်ပြောဖို့လိုတယ် ဒီမေးခွန်းကို ဘယ်လိုဖြေရမယ်ဆိုတာကို ဆုံးဖြတ်ဖို့ သူတို့မှာ နည်းလမ်းမရှိဘူး။ ကျွန်တော်တို့ထဲက တစ်ယောက်မှာမှလည်း မရှိနိုင်ပါဘူး။ ဒီတော့ ကျွန်တော်ဒီတတိယမေခွန်းကို ခင်ဗျားတို့အတွက် ထားခဲ့လိုက်မယ်။ တန်ဖိုးတွေ ကျင့်ယူမှုကို နည်းပညာက ပြောင်းလဲနိုင်မလား။ နောက်ဆုံးမှာတော့၊ ကိုယ်ပိုင်စုစည်းတဲ့ စနစ်တွေက၊ အဲဒီအကြောင်းလည်း ကျွန်တော်အများကြီး မပြောတော့ပါဘူး။ ဘာလို့လဲဆိုတော့ အဲဒါအကုန်လုံး ကြားရပြီးပြီပဲ။ သဘာဝစနစ်တွေအကုန်လုံးကတော့ သူ့ဟာသူ စုစည်းနေကြတာပဲ၊ ကြယ်စင်စုတွေ၊ မော်လီကျူးတွေ၊ ဆဲ(လ်)တွေ၊ သက်ရှိတွေ၊ လူမှုအဖွဲ့အစည်းတွေ .. ထိုးထွင်းမြင်တဲ့ ဒီဇိုင်နာတစ်ယောက်အကြောင်း အငြင်းအခုန်က လွဲလို့ပေါ့။ ဒါပေမဲ့ ဒီနေရာမှာတော့၊ သိပ္ပံပညာက သက်ရောက်နေသလောက်၊ အဲဒါက ကိုယ်ပိုင် ဖွဲ့စည်းခြင်းပါပဲ။ ဒါပေမဲ့ တခြားဥပမာတွေ၊ ကားလမ်းပိတ်တာ၊ စတော့ဈေးကွက်၊ လူ့အသိုင်းအဝိုင်း ပြီးတော့ သဘာဝဘေး ပြန်လည်ထူထောင်ရေး၊ အကြမ်းဖက်မှုနဲ့ တော်လှန်ရေးတွေ။ ပြီးတော့ အင်တာနက်အခြေပြု ကိုယ်ပိုင်ဖွဲ့စည်းတဲ့ စနစ်တွေအကြောင်း သိကြတယ်မဟုတ်လား။
ဒီတော့ ဒီမှာက ကျွန်တော်ရဲ့ စာကြောင်းလေးကြောင်းပါ။ ဝေးလံခြင်းစနစ်က ပညာရေးရဲ့ အရည်အသွေးကို သက်ရောက်မှုရှိတယ်။ ပညာရေးဆိုင်ရာ နည်းပညာတွေကို ဝေးလံတဲ့နေရာတွေမှာ အရင်ဆုံး မိတ်ဆက်သင့်တယ် ပြီးမှ တခြားနေရာတွေပေါ့။ တန်ဖိုးတွေကို သိုမှီးတယ်။ ဒေသနာတွေ အယူဝါဒတွေက အပြစ်သတ်မှတ်ခံရတယ် မတူညီတဲ့ နည်းလမ်းနှစ်မျိုးပေါ့။ ပြီးတော့ သင်ယူခြင်းဆိုတာ ကိုယ်ပိုင်စုစည်းခြင်းစနစ်ခု ဖြစ်ဖို့များတယ်။ တကယ်လို့ အချက်လေးခုလုံးကို အတူတူထားလိုက်မယ်ဆိုရင်၊ သူပေးမှာက၊ ကျွန်တော့်အမြင်အရပေါ့လေ၊ သူပေးမှာက ရည်မှန်းချက်တစ်ခုရယ်၊ အမြင်တစ်ခုရယ်ပေါ့။ ပညာရေးဆိုင်ရာ နည်းပညာအတွက်။ ပြီးတော့ ပညာရေးဆိုင်ရာနည်းပညာနဲ့ သင်ကြားနည်းပညာတွေက ဒစ်ဂျစ်တယ်ဖြစ်တဲ့၊ အလိုအလျောက်ဖြစ်တဲ့၊ အမှားထိန်းနိုင်တဲ့၊ ဖြတ်တောက်ခွဲစိတ်ရတာနည်းတဲ့၊ ဆက်သွယ်နေတဲ့၊ ပြီးတော့ ကိုယ်ပိုင်စုစည်းတဲ့ စနစ်တွေပါ။ ပညာရေးကျွမ်းကျင်သူတစ်ယောက်အနေနဲ့ ကျွန်တော်တို့တွေ နည်းပညာကို ဘယ်တုန်းကမှ မတောင်းခဲ့ဘူး၊ ခဏပဲငှားနေခဲ့တာ။ ပါဝါပွိုင့်က တော်တော်လေးကောင်းတဲ့ ပညာရေးဆိုင်ရာ နည်းပညာတစ်ခုလို့ ဆိုနိုင်ပါတယ်။ ဒါပေမဲ့ ပညာရေးအတွက် ရည်ရွယ်ပြီး ထုတ်ခဲ့တာတာ့ မဟုတ်ဘူး။ အစည်းအဝေးခန်းတွေမှာ တင်ပြဖို့ ရည်ရွယ်ခဲ့တာ။ ကျွန်တော်တို့ အဲဒါကို အငှားယူသုံးလိုက်တယ်။ ဗီဒီယိုဆွေးနွေးတာရော။ တစ်ကိုယ်ရည်သုံး ကွန်ပျူတာကိုယ်တိုင်ရော၊ အဲလိုပဲပေါ့။ ကျွန်တော်ထင်တာကတော့ ပညာရေးကျွမ်းကျင်သူတွေက ကိုယ်ပိုင် အသေးစိတ်သတ်မှတ်ချက်တွေလုပ်ဖို့ အချိန်ရောက်ပါပြီ။ ပြီးတော့ ကျွန်တော့်မှာ အဲလိုသတ်မှတ်ချက်တစ်စုံ ရှိတယ်။ ခုပြောတာက အဲဒါကို အကြမ်းဖျဉ်းရှင်းပြတာပါ။ ပြီးတော့ ဒီလိုသတ်မှတ်ချက်တစ်စုံက နည်းပညာတစ်မျိုး ထုတ်သင့်တယ် ဝေးလံခြင်း၊ တန်ဖိုးတွေနဲ့ အကြမ်းဖက်မှုတွေကို ရင်ဆိုင်ဖို့ပေါ့။ ဒီတော့ ကျွန်တော်အဲဒါကို နာမည်တစ်လုံးပေးဖို့ စဉ်းစားတယ်၊ ဘာလို့ "မှိုင်းတိုက်ခြင်းမှ အပြင်သို့ဓ ပြီးတော့ ဒါက အနာဂတ်ရဲ့ ပညာရေးဆိုင်ရာ နည်းပညာအတွက် ရည်မှန်းချက်တစ်ခုလည်း ဖြစ်နိုင်သေးတယ် ဒီတော့ ဒါကို ခင်ဗျားတို့တွေးဖို့ အတွေးအနေနဲ့ပဲ ထားခဲ့ချင်ပါတယ်။
You can share this video by copying this HTML to your clipboard and pasting into your blog or web page. This video will play with subtitles.
You either have JavaScript turned off or have an old version of the Adobe Flash Player. To view this rating widget you
need to get the latest Flash player.
If your browser allows only "trusted sites" to execute Javascript, you should add the "googleapis.com" domain to your whitelist to allow our Flash detection to work properly.
Got an idea, question, or debate inspired by this talk? Start a TED Conversation, or join one of these:
၂၀၀၇ခုနှစ်တုန်းက LIFT မှာ စကားပြောခဲ့ပြီး နံရံပေါ်ကအပေါက်များဆိုတဲ့ စီမံကိန်းအကြောင်း ရှင်းပြခဲ့ပါတယ်။ ဒီစီမံကိန်းမှာ ကလေးငယ်တွေက တစ်ကိုယ်ရည်သုံး ကွန်ပျူတာ တစ်လုံးကို ဘယ်လိုသုံးရမလဲဆိုတာကို နားလည်အောင် လုပ်ခဲ့ကြတယ်၊ ပြီးတော့ တခြားကလေးတွေကို ပြန်သင်ပေးခဲ့တယ်။ သူက ကလေးတွေ ကိုယ့်ဟာကိုယ် ဘာတွေပြန်သင်ပေးနိုင်မလဲဆိုတာကို မေးခွန်းထုတ်ခဲ့ပါတယ်။
Educational researcher Sugata Mitra is the winner of the 2013 TED Prize. His wish: Build a School in the Cloud, where children can explore and learn from one another. Full bio »
Translated into Burmese by Chan Myae Khine
Reviewed by Kyaw Myo Khaing
Comments? Please email the translators above.
19:24 Posted: Jun 2006
Views 16,513,787 | Comments 3005
09:18 Posted: Dec 2007
Views 1,857,057 | Comments 306
16:40 Posted: Jun 2008
Views 231,102 | Comments 38
Just follow the guidelines outlined under our Creative Commons license.
This comment will be attributed to . Not ? Sign Out.