လွန်ခဲ့တဲ့ ၁၀ နှစ် အင်္ဂါနေ့မနက်ခင်းတစ်ခုမှာ မြောက် ကယ်ရိုလိုင်းနားက ဘရက်ဂ်ခံတပ်မှာ ကျွန်တော် လေထီးခုန်လေ့ကျင့်မှုသွားလုပ်တယ် ဒါက ကျွန်တော်လုပ်ခဲ့ဖူးတဲ့ တခြားဟာတွေလို ပုံမှန် လေထီးခုန် လေ့ကျင့်ခန်းတစ်ခုပါပဲ ကျွန်တော်လေထီးခုန်တပ်သားဖြစ်ပြီးကတည်းကပေါ့ လွန်ခဲ့တဲ့ ၂၇ နှစ်မတိုင်ခင်ကပါ ကျွန်တော်တို့ လေယာဉ်ကွင်းထဲကို အစောကြီး ဆင်းသွားတယ် ကြည်းတပ်ဖြစ်နေလို့ အမြဲတမ်း အစောကြီးသွားရပါတယ် ပုံမှန် ညဏ်သစ်လောင်း သင်တန်းလေးလုပ်ရတယ် ပြီးရင် လေထီးစင်ဖို့သွားရတယ်၊ တစ်ယောက်က ၀ိုင်းကူပေးတယ် ပြီးရင် ခင်ဗျား တီ-၁၀ လေထီးကို တင်မယ် သိုင်းကြိုးတွေကို ဘယ်လိုတပ်ထားတယ်ဆိုတာ ခင်ဗျားအရမ်း ဂရုစိုက်ရပါတယ် အထူးသဖြင့် ခြေထောက်နှစ်ခုကြားထဲထားရတဲ့ ခြေသိုင်းကြိုးတွေပါ ပြီးရင် အပိုလေထီးငယ်ကို တင်မယ်၊ ပြီးတော့မှ ကျောပိုးအိတ်အလေးကြီးကို ပိုးမယ် ပြီးတာနဲ့ လေထီးခုန် ကြီးကြပ်ရေးမှူး ရောက်လာတယ် သူက ပြန်တမ်းဝင်အရာရှိမဟုတ်တဲ့ လေထီးခုန်လေ့ကျင့်ရေးတွေမှာ အတွေ့အကြုံရင့်ကျက်တဲ့သူပါ သူက ခင်ဗျားတို့ကို စစ်ဆေးမယ်၊ ခင်ဗျားတို့ရဲ့ ညှိလို့ရတဲ့ သိုင်းကြိုးတွေကို ဆွဲကြည့်မယ် ပြီးရင် အကုန်လုံး တင်းနေအောင် လုပ်မယ် ခင်ဗျားတို့ ရင်ဘတ်ကြေသွားလောက်တဲ့အထိပဲ ခင်ဗျားတို့ပခုံးတွေကြေသွားလောက်တဲ့ အထိပဲ သူအဲဒီလို တင်းလိုက်မှတော့ ခင်ဗျားတို့ အသံလည်း မြင့်ပြီး အသံသေးအသံကြောင်ဖြစ်သွားရော ပြီးရင် ထိုင်ပြီးတော့ ခဏလောက်စောင့်မယ် ကြည်းတပ်ဆိုတော့ ဒီလိုပဲ စောင့်ရတယ် ပြီးရင် လေယာဉ်ပေါ်တက်မယ်၊ အဲဒီအတွက် မတ်တပ်ရပ်မယ်၊ ပြီးရင် တက်မယ် လူတန်းထဲမှာ လေယာဉ်ဆီကို အိပဲ့အိပဲ့နဲ့ဒီလိုလေးသွားမယ် ပြီးရင် လေယာဉ်တစ်ဖက်တစ်ချက်က ထိုင်ခုံတစ်ဖက်ဖက်မှာထိုင်မယ် ဒီတစ်ခါတော့ နည်းနည်းပိုကြာအောင် စောင့်ရတယ် ဘာဖြစ်လို့လဲဆိုတော့ ဒီတစ်ခါ လေတပ်က ကြည်းတပ်ကို ဘယ်လိုစောင့်ရတယ်ဆိုတာ သင်ပေးနေလို့ပါ
ပြီးရင် လေယာဉ်စထွက်မယ် အခုလောက်နဲ့တင် တော်တော်လေး အခံရခက်နေပြီ ဒီလို ခံရအောင်ပဲ ဒီဇိုင်း ထုတ်ထားတယ် လို့ ကျွန်တော်ထင်တယ် အခံရခက်လို့ကို ခုန်ချချင်နေပြီ တကယ်ခုန်ချချင်လို့တော့မဟုတ်ဘူး၊ ဒါပေမယ့် ခုန်ချချင်နေတယ် လေယာဉ်ထဲရောက်နေတော့ လေယာဉ်နဲ့အတူ လိုက်ပျံနေရတာပေါ့ မိနစ် ၂၀ လောက် အလိုကနေ လေထီးခုန်ကြီးကြပ်ရေးမှူးတွေက ခင်ဗျားတို့ကို အမိန့်တွေစပေးမယ် သူတို့က မိနစ် ၂၀ လို့စပြောပေးမယ်၊ ဒါက အချိန်နဲ့ သတိပေးတာပါ ခင်ဗျားတို့ ဆက်ထိုင်နေ ရသေးတယ် ပြီးရင် ၁၀ မိနစ် ပဲ လိုတော့တယ်ဆိုတာပြောမယ် ဒါတွေကိုတော့ ခင်ဗျားတို့က အလိုက်သင့် တုန့်ပြန်နေရတာပေါ့ အားလုံးအတွက် ယုံကြည်မှုကိုမြှင့်တင်ပေးဖို့ရယ်၊ ခင်ဗျားတို့ မကြောက်ဘူးဆိုတာကို ပြဖို့ရယ် ပြီးရင် "အသင့်ပြင်" လို့သူတို့ပြောမယ် ပြီးတာနဲ့ "လေထီးခုန်မယ့်သူတွေ၊ မတ်တပ်ရပ်" လို့ပြောမယ် ခင်ဗျားက လေထီးခုန်မယ့်လူဆိုရင် မတ်တပ်ရပ်မယ် ခင်ဗျားက နေခဲ့မယ့်သူဆိုလည်း မတ်တပ်ရပ်ရတာပါပဲ ပြီးရင် ခင်ဗျား လေထီးဖွင့်ကြိုးတန်းကို ချိတ်မယ် အဲဒီအခိုက်အတန့်မှာ ခင်ဗျား စဉ်းစားမယ်၊ "ဟေး၊ မှန်းကြည့်စမ်း ငါသေချာပေါက် ခုန်ချရတော့မယ် ဒီအချိန်မှာ ဒါကနေ လွတ်ဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး" ပေါ့ သူတို့က စစ်ဆေးမှုတွေ ထပ်လုပ်ပေးတယ်၊ ပြီးရင် တံခါးဖွင့်လိုက်တယ်
ဒါဟာ စက်တင်ဘာလရဲ့ အဲဒီ အင်္ဂါနေ့မနက်ခင်း အချိန်ပေါ့ အပြင်မှာတော့ တော်တော်လေး သာယာတယ် လေကောင်းလေသန့်တွေ စီးဝင်လာတယ် လေထီးခုန်ကြီးကြပ်ရေးမှူးတွေက တံခါးကို စပြီးစစ်ဆေးတယ် ပြီးတာနဲ့ ခုန်ဖို့ အချိန်ရောက်ပြီဆိုရင် မီးစိမ်းလေး လင်းလာမယ်၊ လေထီးခုန်ကြီးကြပ်ရေးမှူးတွေကလည်း "ခုန်ချ" လို့အော်တော့တာပဲ ပထမဆုံးလူ ခုန်ချတယ်၊ ခင်ဗျားကတော့ တန်းစီနေတဲ့ အထဲမှာပဲ ရှိသေးတယ် ခင်ဗျားက တံခါးဆီကို အိပဲ့အိပဲ့နဲ့သွားမယ် ခုန်ချတယ်ဆိုတဲ့ အသုံးက သိပ်မဆီလျော်ပါဘူး၊ ခင်ဗျား ပြုတ်ကျသွားတယ် ဆိုရင် ပိုမှန်မယ် တံခါးအပြင်ကို ပြုတ်ကျသွားတာ ခင်ဗျား လေဂယက်ထဲ ပြန်မိနေမယ် ခန္ဓာကိုယ်ကို ပုံသေအနေအထား ဖြစ်အောင် ခင်ဗျား အရင်လုပ်ရမယ် ခေါင်းကို ရင်ဘတ်ဆီ ငုံ့မယ်၊ လက်တွေဆန့်ထုတ်ထားပြီး အပိုလေထီးငယ်ပေါ်မှာ လက်တင်ထားမယ် ခင်ဗျား ဒါကို လုပ်နေတာဟာ လွန်ခဲ့တဲ့ ၂၇ နှစ်မတိုင်ခင်က လေထီးခုန်တပ်ကြပ်ကြီးက ဒီလိုလုပ်ပါလို့ သင်ထားလို့ပါ ဘာများခြားနားလည်းဆိုတာတော့ ကျွန်တော်လည်းမသိဘူး သူကတော့ ကျိုးကြောင်းဆီလျော် နေခဲ့ပုံပဲ ဒါကြောင့် ကျွန်တော်ကလည်း သူများမှားနေမလားဆိုတဲ့ ယူဆချက်ကို မစမ်းသပ်ခဲ့ပါဘူး ပြီးရင် လေထီးပွင့်သွားလို့ ပြန်ဆွဲတာကို ခင်ဗျား စောင့်ရတယ် ဒါမှ လေထီးပွင့်တယ်လို့ ပြောလို့ရမှာ တကယ်လို့ အဲလို ပြန်ဆွဲ မခံရဘူးဆိုရင် ခင်ဗျားလေထီး မပွင့်ဘူး အဲဒါဆို ပြဿနာအသစ်တွေ အပြုံလိုက်ကြီးလာပြီ ဒါပေမယ့် ခင်ဗျား လုပ်ငန်းစဉ်အတိုင်း လုပ်သွားရင် ပုံမှန်အားဖြင့်တော့ လေထီးက ပွင့်တာပါပဲ ပြီးတော့ ခြေထောက်သိုင်းကြိုးတွေ တင်းမနေရင်လည်း အဲဒီအချိန်မှာ ခင်ဗျား နောက်ထပ် ရင်ခုန်စရာတွေ ရလာဦးမှာ "အင့်" ကနဲနေသွားမယ်
ပြီးရင် ကိုယ့်ပတ်လည်ကိုလျှောက်ကြည့်မယ် ခင်ဗျားရဲ့ စာမတတ်ခင်အသိလေးက "တယ်မိုက်ပါလား" လို့ ပြောနေမယ် အခု ခင်ဗျား ဘယ်လိုမှ ရှောင်လို့ လွှဲလို့ မရတဲ့ဟာ အတွက် ပြင်ထားရတော့မယ် ခင်ဗျား မြေကြီးနဲ့ ရိုက်မိတော့မှာ ခင်ဗျား အချိန်လည်း အများကြီး ဆွဲထားလို့မရဘူး ဘယ်နေရာကို ထိမယ် ဆိုပြီးတော့လည်း သေသေချာချာ ဆုံးဖြတ်ထားလို့မရဘူး ခင်ဗျားထိန်းနိုင်ပါတယ် ဆိုတဲ့ ပုံစံနဲ့ သူတို့က ဟန်ဆောင်နေကြတာ ဒါပေမယ့် ခုတော့ ခင်ဗျားကို လွှတ်ချလိုက်ကြပြီ ဒီတော့ ဘယ်နေရာဆင်းမလဲလို့ ကြည့်ရတော့တာပေါ့ ကိုယ့်ကိုယ်ကို အဆင်သင့်ဖြစ်နေအောင် ပြင်ထားရတယ် နီးလာပြီဆိုတာနဲ့ ကျောပိုးအိတ်ကြီးကို လျှောချတဲ့ ကြိုးနဲ့ ခင်ဗျားရဲ့အောက်ဘက်ကို လျှောချထားတယ် ဒါမှ ခင်ဗျားဆင်းတဲ့အခါ အိတ်က ခင်ဗျားပေါ် ပိမနေမှာ ပြီးရင် လေထီးဆင်းရင် လှိမ့်ချဖို့ ပြင်ထားရတယ် အခု ကြည်းတပ်က ခင်ဗျားကို သင်ပေးထားတယ် ဆောင်ရွက်ချက် ၅ ချက် လုပ်ဖို့ပေါ့... ခြေဖ၀ါးက ခြေချောင်းလေးတွေရယ်၊ ပေါင်ရင်းနဲ့ ပေါင်တွင်းနေရာရယ်၊ တင်ပါးနဲ့ ရင်အုပ်ကြွက်သား ဒီလို ခန့်ခန့်လေးနဲ့ ဆင်းလာမယ်၊ လှည့်မယ်၊ လှိမ့်မယ် ဒါဆို ဘာမှ ထိခိုက်နာကြင်စရာ မရှိပါဘူး နှစ်ပေါင်း ၃၀ ကျော် လေထီးခုန်လာခဲ့တာ၊ ကျွန်တော် တစ်ခါမှ ဒီလို မဆင်းနိုင်ခဲ့ဘူး (ရယ်သံများ) ကျွန်တော်အမြဲတမ်း ဆင်းလာတဲ့ပုံစံကတော့ သုံးထပ်တိုက်ပေါ်ကနေ ပစ်ချလိုက်တဲ့ ဖရဲသီးလိုပါပဲ
မြေကြီးပေါ်ကျပြီဆိုတာနဲ့ ပထမဆုံးလုပ်တာက ကျွန်တော့်အတွက် လိုအပ်နေတာတွေများ ကျိုးပဲ့ကုန်ပြီလားဆိုပြီး ကြည့်ရတာပါ ပြီးရင် ကျွန်တော် ခေါင်းခါမယ် ပြီးရင် မေးနေကျ မဆုံးနိုင်တဲ့ မေးခွန်းကို မေးမယ် "ငါ ဘာလို့များ ဘဏ်လုပ်ငန်းထဲ မ၀င်ခဲ့မိတာပါလိမ့်" ပေါ့ (ရယ်သံများ) ပြီးရင် ကျွန်တော် ဘေးပတ်လည်ကို လျှောက်ကြည့်မယ် တခြား လေထီးခုန်တပ်သား တယောက်ယောက်ကိုတွေ့မယ် လူငယ်ယောက်ျားလေး ဒါမှမဟုတ် မိန်းကလေးတစ်ယောက်ပေါ့ သူတို့က M-4 ကာဘိုင်သေနတ်ကို ဆွဲထုတ်ကြမယ် သူတို့ရဲ့ ပစ္စည်းပစ္စယတွေကို သိမ်းနေမယ် သူတို့ လုပ်စရာရှိတာမှန်သမျှလုပ်နေကြမယ် ကျွန်တော်တို့ သင်ထားသမျှကိုပေါ့ အဲဒီမှာ ကျွန်တော် နားလည်လိုက်မိတယ် သူတို့ စစ်တိုက်ဖို့ သွားရမယ်ဆိုရင်လည်း ကျွန်တော်တို့သင်ထားသမျှကို သူတို့လုပ်ကြမှာပဲ၊ ခေါင်းဆောင်တွေပြောတာကို လိုက်နာကြမှာ အဲဒီမှာ ကျွန်တော် ထပ်နားလည်မိတာက သူတို့ တိုက်ပွဲက ပြန်လာနိုင်ခဲ့ရင်လည်း အဲဒါဟာ ကျွန်တော်တို့က သူတို့ကို ကောင်းကောင်း ဦးဆောင်ခဲ့လို့ပါပဲ ကျွန်တော်လုပ်ခဲ့တာတွေရဲ့ အရေးပါပုံကို ကျွန်တော် ပြန်ပြီး စဉ်းစားမိတယ်
အဲဒီ အင်္ဂါနေ့မနက်မှာ လေထီးခုန်ခဲ့တယ် ဒါဟာ တခြားတော့မဟုတ်ပါဘူး ၂၀၀၁-ခုနှစ် စက်တင်ဘာလ ၁၁-ရက်နေ့ကပါ ကျွန်တော်တို့ လေယာဉ်ကွင်းထဲက စထွက်ခဲ့တုန်းက အမေရိက ဟာ ငြိမ်းချမ်းနေခဲ့ပါတယ် ကျွန်တော်တို့ သတ်မှတ်နေရာရောက်လို့ ဆင်းတဲ့အခါမှာတော့ အရာအားလုံးက ပြောင်းလဲကုန်ပါပြီ ကျွန်တော်တို့တွေးထင်ခဲ့ဖူးတဲ့ စစ်တိုက်ဖို့သွားရတဲ့ အဲဒီလူငယ်စစ်သားတွေရဲ့ ဖြစ်လာနိုင်ခြေတွေဟာ သီအိုရီဆန်ဆန်ကနေ အခုတော့ တကယ့်ကို လက်တွေ့ဖြစ်လာပြီး... ခေါင်းဆောင်မှုဟာလည်း အရေးပါခဲ့ပုံရပါတယ် ဒါပေမယ့် အရာအားလုံးပြောင်းကုန်ပါပြီ အဲဒီတုန်းက ကျွန်တော်က ၄၆-နှစ်အရွယ် ဗိုလ်မှူးချုပ် ကျွန်တော် အောင်မြင်ခဲ့တယ်လို့ ဆိုရပါမယ် ဒါပေမယ့် ကိစ္စတွေက တော်တော်လေး ပြောင်းလဲကုန်တဲ့အတွက် သိသာတဲ့ ပြောင်းလဲမှုတွေ ကျွန်တော် လုပ်ရလိမ့်မယ်ဆိုတာ... အဲဒီမနက်မှာ ကျွန်တော် မသိခဲ့ပါဘူး
ကျွန်တော်က သမားရိုးကျ ခေါင်းဆောင်မှုပုံပြင်တွေနဲ့ ကြီးပြင်းလာခဲ့တာပါ ဂတ်တီစဘတ်တိုက်ပွဲက ရောဘတ် အီး လီ တို့၊ ဂျွန် ဘူးဖော့ဒ်တို့ ပြီးတော့ ကျွန်တော်က စံနမူနာယူထိုက်တဲ့ ခေါင်းဆောင်နဲ့ ကြီးပြင်းလာခဲ့တာပါ ဒါက ဗီယက်နမ်စစ်ပွဲတုန်းက ကျွန်တော့်အဖေပါ ပြီးတော့ ကျွန်တော်ယုံကြည်ခဲ့တာက စစ်သားဆိုတာ ကြံ့ခိုင်တယ်၊ ပါးနပ်တယ် ရဲရင့်ပြီး သစ္စာရှိတယ်ပေါ့... သူတို့ဟာ ညာမပြောဘူး၊ မလိမ်ဘူး၊ မခိုးဘူး သူတို့ရဲဘော်ရဲဘက်တွေကို ဘယ်တော့မှ မစွန့်ပစ်ဘူး တကယ့် ခေါင်းဆောင်တွေဆိုတာလည်း ဒီလိုပဲလို့ ကျွန်တော် ယုံကြည်နေတုန်းပါပဲ ဒါပေမယ့် ကျွန်တော့် ပထမ စစ်သက် ၂၅ နှစ်အတွင်းမှာ ဆန့်ကျင်ဘက် အတွေ့အကြုံတွေ အများကြီးနဲ့ ကျွန်တော်ကြုံခဲ့ရတယ်
ကျွန်တော်ရဲ့ ပထမဆုံးသော တပ်ရင်းမှူးဆိုရင် ကျွန်တော်သူ့ တပ်ရင်းထဲမှာ ၁၈-လလောက်လုပ်ခဲ့တယ် ဗိုလ်မက်ခရစ်စတယ်နဲ့ သူပြောဖြစ်ခဲ့တဲ့ စကားဆိုလို့ ၂၅-မိုင် လမ်းလျှောက်ချီတက်ပွဲရဲ့ ၁၈-မိုင် လောက်မှာ သူ စက္ကန့် ၄၀ လောက် ကျွန်တော့်ကို ပယ်ပယ်နယ်နယ်ဆဲသွားတာလေးတစ်ခုပါပဲ ဒါဟာ တကယ့် အပြန်အလှန်ဆက်ဆံရေးလားဆိုတာတောင် သိပ်မသေချာပါဘူး ဒါပေမယ့် နောက်၂-နှစ်လောက်ကြာတော့ ကျွန်တော် တပ်ခွဲမှုးဖြစ်လာတဲ့အခါ ကျွန်တော် ဗဟိုအမျိုးသားလေ့ကျင့်ရေးဌာနကို သွားပြီး စစ်ဆင်ရေးတစ်ခုလုပ်တယ် ကျွန်တော့်တပ်ဖွဲ့က အာရုဏ်ဦးထိုးစစ် ဆင်တယ်... သိတဲ့အတိုင်းပဲ စံပြ အာရုဏ်ဦးထိုးစစ်ဆိုတာ ခင်ဗျားတို့ တစ်ညလုံးပြင်ဆင်ရတယ်၊ စစ်စချီတဲ့နေရာကို သွားရတယ် ကျွန်တော့်မှာ သံချပ်ကာယန္တရားအဖွဲ့ ပါတယ် ကျွန်တော်တို့ ရှေ့ကိုချီတက်နေတုန်းမှာပဲ တစ်ဖွဲ့လုံးအပြုတ်တိုက်ခံရတယ် ချက်ချင်းကို ပြုတ်သွားတယ်လို့တောင် ဆိုချင်တယ် ဒီလိုလုပ်ဖို့ ရန်သူက ချွေးတစ်စက်တောင် မစို့လိုက်ရဘူး တိုက်ပွဲလည်းပြီးရော သူတို့က ရွေ့လျားနိုင်တဲ့ရုပ်ရှင်ပြခန်းယူလာပြီး သူတို့ပြောပြောနေတဲ့ "တိုက်ပွဲပြီးသုံးသပ်ချက်" ဆိုတာကို လုပ်ကြတယ် ခင်ဗျားတို့ လုပ်တာ ဘာမှားသွားလဲဆိုတာကို သင်ပေးဖို့ပါ သူများကိုအရှက်ရအောင်လုပ်ပေးရတဲ့ ခေါင်းဆောင်မှုပုံစံတစ်မျိုးပါပဲ သူတို့က ပိတ်ကားအကြီးကြီးဆင်လိုက်တယ်၊ ပြီးရင် ခင်ဗျားကို အကုန်လုံးပြန်ပြတယ် "မင်းဒါမလုပ်ခဲ့ဘူး၊ မင်းဒီဟာမလုပ်ခဲ့ဘူး၊ စသဖြင့်ပေါ့" ကျွန်တော်စိတ်ဓါတ်ကျပြီး လှမ်းထွက်လာတယ် ကားဘီးရာထဲက အကြိတ်ခံထားရတဲ့ မြွေရဲ့ဝမ်းဗိုက်လိုပဲ (စိတ်ဓါတ်ကိုချုံးချုံးကျလာတယ်) ဒါနဲ့ ကျွန်တော့တပ်ရင်းမှူးကိုတွေ့တော့ ကျွန်တော် သူ့ကို စိတ်ပျက်အောင်လုပ်ထားမိတာနဲ့ တောင်းပန်ဖို့ သွားတာပေါ့ အဲဒီမှာ သူကပြောတယ် "စတန်လီ၊ မင်းလုပ်တာတော်တော်ကောင်းတယ်လို့ ငါထင်တယ်ကွ" ဒီစကားလေး တစ်ခွန်းထဲနဲ့ သူကျွန်တော့်ကိုပြန်ဆွဲတင်တယ်၊ ကျွန်တော့်ကို စိတ်ဓါတ်ရေးရာ ပြန်ထူထောင်ပေးတယ် ခေါင်းဆောင်ဆိုတာ ကျွန်တော်တို့ကို ကျရှူံးခွင့်ပေးတယ်ဆိုတာကို သင်ပေးခဲ့တယ် ဒါပေမယ့် တကယ်ကျရှူံးသွားတဲ့လူတော့ဖြစ်ခွင့်မပေးပါဘူး
၉လပိုင်း ၁၁နေ့ကိစ္စလည်းဖြစ်လာရော ၄၆-နှစ်ရှိတဲ့ ဗိုလ်မှူးချုပ် မက်ခရစ်စတယ်လ်ဟာ ကမ္ဘာသစ်ကြီးတစ်ခုကို မြင်လိုက်ရတယ် ပထမဆုံးကတော့ ထင်ရှားသိသာတဲ့၊ ခင်ဗျား ရင်းနှီးကျွမ်းဝင်နေတဲ့ အရာတွေ ဖြစ်တဲ့ ပတ်ဝန်းကျင်က ပြောင်းသွားတယ် အမြန်နှုန်း နဲ့ စစ်ဆေးရေးအလုပ်တွေ အရာအားလုံးရဲ့ သိရှိတုန့်ပြန်နိုင်မှုတွေက အရမ်းကို မြန်လွန်းနေတယ် တစ်ခါတစ်ခါ ဆင့်ကဲပြောင်းလဲချက်တွေက လူတွေ အမှန်တကယ် တုံ့ပြန်နိုင်ဖို့ ရရှိထားတဲ့အချိန်ထက် ပိုပြီးမြန်နေတယ် ကျွန်တော်တို့ လုပ်ရတဲ့အရာအားလုံးအတွက် စပ်ဆက်စဉ်းစားလုပ်ကိုင်ရမယ့် အခြေအနေတွေက မတူဘူးဖြစ်နေတယ် ပိုပြီးအရေးကြီးတာကတော့ ကျွန်တော်ဦးဆောင်ရတဲ့ အဖွဲ့က နိုင်ငံ ၂၀ ကျော်လောက်မှာ ပြန့်နေတာ အရေးပါတဲ့ ခေါင်းဆောင်တွေအားလုံးနဲ့ အခန်းလေးတစ်ခန်းထဲမှာ ဆုံးဖြတ်ချက်တစ်ခု အတူတူ ချဖို့ သူတို့မျက်လုံးကိုစိုက်ကြည့်၊ သူတို့ယုံကြည်မှုကို တည်ဆောက်ပေးပြီး သူတို့ဆီက ယုံကြည်ကိုးစားမှုကို အဲဒီလိုယူရမယ့်အစား အခု ကျွန်တော်က ပျံ့ကျဲနေတဲ့ တပ်ဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ရတာဆိုတော့ ကျွန်တော် တခြားနည်းပညာတွေကို သုံးလာရတယ် ကျွန်တော် ဗီဒီယို အစည်းအဝေးတွေ သုံးရတယ်၊ အင်တာနက်ကနေ စာရိုက်စကားပြောရတယ် အီးမေးလ်တွေသုံးရတယ်၊ ဖုန်းတွေခေါ်ရတယ် ကျွန်တော်သုံးတတ်တာမှန်သမျှ အကုန်သုံးခဲ့ရတယ် သာမန် ဆက်သွယ်နိုင်ဖို့တင်မကဘူး ခေါင်းဆောင်မှုအတွက်ရောပဲ ၂၂-နှစ်အရွယ်လောက်လူငယ်လေးက တစ်ယောက်တည်း လုပ်နေပြီး ကျွန်တော်နဲ့ မိုင်ပေါင်းထောင်ချီ အကွာကနေ သူ့ကိုယ်သူယုံကြည်မှုအပြည့်နဲ့ ကျွန်တော့်ဆီ လှမ်းဆက်သွယ်ရတယ် ကျွန်တော်ကလည်း သူတို့ကို ယုံကြည်ကိုးစားရသလို၊ သူတို့ကလည်း အပြန်အလှန်ပါပဲ ကျွန်တော်က သူတို့ရဲ့ ယုံကြည်သက်ဝင်မှုကိုလည်း တည်ဆောက်ပေးရတယ် ဒါဟာ ခေါင်းဆောင်မှု ပုံစံသစ်တစ်မျိုးပါပဲ ကျွန်တော့်အတွက်ပြောရရင်ပေါ့
ကျွန်တော်တို့ စစ်ဆင်ရေးတစ်ခုလုပ်တုန်းကဆို နေရာအများကြီးကနေ ပူးပေါင်းဆောင်ရွက်ခဲ့ရတယ် အခွင့်အရေးတစ်ခုခု ဘွားခနဲပေါ်လာရင်... လူအားလုံးအတူတကွရှိနေအောင်လုပ်ဖို့ အချိန်မရှိဘူး ဒါကြောင့် ရှုပ်ထွေးပြီး တန်ဖိုးရှိတဲ့ စစ်ရေးသတင်းတွေကိုပဲ ကျွန်တော်တို့ စုရတယ် တစ်ခုခုလုပ်ဖို့ စွမ်းရည်တွေကို အဆင်သင့်ပြင်ထားရတယ် အရမ်းမှားယွင်းထိခိုက်လွယ်တယ်၊ အထက်အရာရှိအဆင့်ဆင့်ကို သတင်းပြန်ပို့ပြီး ဒါဟာ လုံးဝလုပ်သင့်တဲ့ကိစ္စပါဆိုတာ ယုံကြည်လာအောင်ပြောရတယ် ဒါတွေအားလုံးကို အီလက်ထရောနစ် စနစ်တွေ ကြားခံပြီး လုပ်နေရတာ ကျွန်တော်တို့ ကျရှူံးခဲ့တယ် မစ်ရှင်က အလုပ်မဖြစ်ခဲ့ဘူး အဲဒီတော့ အခု ကျွန်တော်တို့လုပ်ခဲ့ရတာက ကျွန်တော် လှမ်းပြီးတော့ အဲဒီအဖွဲ့ရဲ့ ယုံကြည်ကိုးစားမှုကို ပြန်တည်ဆောက်ဖို့ကြိုးစားခဲ့ရတယ် သူတို့ရဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုကို ပြန်တည်ဆောက်ပေးရတယ်... ကျွန်တော်နဲ့သူတို့ကြား၊ သူတို့နဲ့ ကျွန်တော့်ကြားမှာ ပြီးတော့ ကျွန်တော်တို့ အထက်အရာရှိတွေနဲ့ ကျွန်တော်တို့ကြားမှာ အဖွဲ့တစ်ခုအနေနဲ့.. အချင်းချင်း အနီးကပ်မရှိပဲ အပြန်အလှန်ယုံကြည်လာအောင် လုပ်ဖို့ဆိုတာ လိုအပ်ချက်အသစ် လုံးလုံးဖြစ်နေတယ်
ပြီးတော့ လူတွေကလည်းပြောင်းလဲကုန်ပြီ ခင်ဗျားတို့ကတော့ ထင်မယ်၊ ကျွန်တော် ဦးဆောင်တဲ့ အဖွဲ့ဟာ သံမဏိရောင်မျက်လုံးတွေ ကျွဲခုံးထနေတဲ့ လက်သီးဆုပ်ကြီးတွေနဲ့ ကွန်မန်ဒိုတွေက ထူးပေ့ဆန်းပေ့ဆိုတဲ့ လက်နက်ကြီးတွေ ကိုင်ထားမယ်လို့ ထင်ကောင်းထင်နေကြမယ် တကယ့်အမှန်မှာတော့ ကျွန်တော် ဦးဆောင်ခဲ့ရတဲ့ အဖွဲ့အများစုက ခင်ဗျားတို့တွေနဲ့ တစ်ပုံစံတည်းပါပဲ ယောင်္ကျားတွေ၊ မိန်းမတွေ၊ လူငယ်တွေ၊ လူကြီးတွေ... စစ်တပ်ထဲကတင်မဟုတ်ဘူး၊ တခြားအဖွဲ့အစည်းတွေကရောပဲ ကျွန်တော်တို့ဆီိ တာဝန်ချလိုက်တဲ့ ဒီလူအများစုဆိုရင် သိပ်တောင်ရင်းနှီးတာမဟုတ်ဘူး ဒါကြောင့် အမိန့်တွေပေးနေရမယ့်အစား ခင်ဗျားတို့ဟာ အခု အများသဘောတူညီမှုကို တည်ဆောက်နေတာ ခင်ဗျားတို့ဟာ တူညီတဲ့ရည်ရွယ်ချက်အသိ ရှိလာအောင် တည်ဆောက်နေကြတာ အကြီးမားဆုံး ပြောင်းလဲမှုကတော့ မျိုးဆက်မတူညီတာကို နားလည်ပေးရတာပဲ ဖြစ်မယ် အသက်အရွယ်တွေက အများကြီးကွာဟသွားတယ် ကျွန်တော် ရိန်းဂျားတပ်စုတစ်စုနဲ့ အတူသွားနေတယ် အာဖဂန်နစ်စတန် စစ်ဆင်ရးတစ်ခုမှာတုန်းက အဲဒီစစ်ဆင်ရေးမှာ တပ်စုထဲက တပ်ကြပ်ကြီးတစ်ယောက်က သူ့လက် တစ်ဝက်လောက် ဆုံးရှူံးသွားတယ် တာလီဘန်လုပ် လက်ပစ်ဗုံးတစ်လုံးကို ရန်သူဘက်ကိုပြန်ကောက်အပစ်လိုက်မှာ ဖြစ်သွားတာ သူ့ခြေလျင်တိုက်ခိုက်ရေးအဖွဲ့ထဲကို လက်ပစ်ဗုံးက ကျလာလို့ ကျွန်တော်တို့ စစ်ဆင်ရေးအကြောင်း ပြောဖြစ်ကြတယ် စကားပြောပြီးတာနဲ့ ဒီလိုတပ်ဖွဲ့တွေကို ကျွန်တော် လုပ်နေကျအတိုင်း ကိစ္စတစ်ခု လုပ်လိုက်တယ် "မင်း ၉လပိုင်း ၁၁ရက်နေ့တုန်းက ဘယ်မှာရောက်နေလဲ" လို့ ကျွန်တော်ကမေးတယ် အနောက်မှာရှိတဲ့ လူငယ် ရိန်းဂျားတစ်ယောက်က.. ဆံပင်ဖရိုဖရဲနဲ့၊ မျက်နှာကနီပြီး လေတိုက်ခံထားရတယ် အေးစက်တဲ့ အာဖဂန်လေထုအောက်မှာ တိုက်ပွဲဝင်ထားရတဲ့ပုံ သူက "ကျွန်တော် အဲဒီတုန်းက ၆-တန်းမှာပါ" လို့ ပြောတယ် အဲဒါက ကျွန်တော့်ကို ပြန်သတိပေးလိုက်တယ် ကျွန်တော်တို့က တပ်ဖွဲ့တစ်ဖွဲ့ကို ဦးဆောင်နေတာ အဲဒီအဖွဲ့မှာ တူညီတဲ့ ရည်ရွယ်ချက် အသိရှိရမယ် တူညီတဲ့ သတိတရား ရှိရမယ် ဒါပေမယ့် မတူညီတဲ့ အတွေ့အကြုံတွေတော့ ရှိကြမှာပဲ ကိစ္စအတော်များများမှာတော့ အဲဒါကိုပဲ မတူညီတဲ့ ဝေါဟာရနဲ့ လုံးဝဥသုံ ကွဲပြားခြားနားတဲ့ ကျွမ်းကျင်မှုအစုလို့ ဒီဂျစ်တယ် မီဒီယာ အသုံးအနှုံးနဲ့ ပြောရပါမယ် ကျွန်တော်နဲ့ တခြားသော အထက်ခေါင်းဆောင်များမှာ ရှိနေတဲ့ တတ်ကျွမ်းမှုတွေနဲ့ ကွဲပြားပါတယ် ဒါပေမယ့် ကျွန်တော်တို့အားလုံးမှာ တူညီတဲ့အသိသဘောလေးရှိဖို့ပဲလိုတယ်
ဒီအသိလေးကလည်း တစ်စုံတစ်ခုကို ပြန်ထုတ်ပေးတယ် အဲဒါကို ကျွန်တော်က တတ်ကျွမ်းမှုတွေ ပြန်နေရာချတာလို့ ခေါ်မယ် ဘာလို့လဲဆိုတော့ ကျွန်တော်တို့ အောက်ခြေပိုင်းမှာ ပြောင်းလဲမှုတွေ အများကြီး ရှိနေတယ် နည်းပညာ၊ နည်းဗျူဟာ စတာတွေပေါ့ ရုတ်ချည်းဆိုသလိုပဲ ကျွန်တော်တို့ လုပ်ကိုင်ရင်းကြီးပြင်းလာတဲ့ အရာတွေဟာ ဒီအဖွဲ့က လုပ်နေတဲ့ အရာတွေ လုံးလုံး မဟုတ်တော့ဘူး ဒါဆိုရင် ခေါင်းဆောင်တစ်ယောက်ဟာ ဘယ်လိုနည်းနဲ့ ဆက်လက် ယုံကြည်စိတ်ချခံရအောင်၊ တရားဝင်ခေါင်းဆောင်ဆက်ဖြစ်နေအောင် လုပ်မလဲ သူတို့ မလုပ်ဖူးဘူးလေ ခင်ဗျားဦးဆောင်နေရတဲ့လူတွေ လုပ်တတ်တဲ့ဟာတွေကို ဒါဟာ ခေါင်းဆောင်မှုဆိုင်ရာ စိန်ခေါ်ချက် အသစ်စက်စက်ပဲ အဲဒါက ကျွန်တော့်ကို ပိုပြီးပွင့်ပွင့်လင်းလင်းနေလာအောင် တွန်းအားပေးတယ် ပိုပြီးနားထောင်လိုစိတ်ရှိလာအောင် အောက်ခြေကနေ ပြန်ညွန်ကြားလမ်းပြပေးတာမျိုး ပိုလိုလားလာအောင် တွန်းအားပေးတယ် ဒါပေမယ့် ထပ်ပြောရရင် ခင်ဗျားတို့အားလုံးက တစ်ခန်းထဲမှာ အတူတူရှိနေတာမဟုတ်ဘူးလေ နောက်တစ်ခုက ခင်ဗျားနဲ့ ခင်ဗျားတို့ရဲ့ ခေါင်းဆောင်တွေအပေါ်မှာ အကျိုးသက်ရောက်မှုတွေရှိနေတယ် အကျိုးသက်ရောက်မှုက တစ်စစနဲ့ ပွားလာမှာ ခင်ဗျားတို့ ဘတ္တရီကို သုံးပြီးတိုင်း ပြန်မချိန်ဘူး၊ ပြန်အားမသွင်းဘူးဆိုရင်ပေါ့
အီရက်မှာတုန်းက တစ်ညမှာ ကျွန်တော် ဖန်သားပြင်တစ်ခုရှေ့မှာရပ်ပြီး ကျွန်တော့်ရဲ့ အထက်အရာရှိ တစ်ယောက်နဲ့ ကျွန်တော်တို့ရဲ့ တပ်ဖွဲ့တစ်ဖွဲ့ တိုက်ပွဲဆင်နေတာကို ကြည့်တယ် သူ့သားက ကျွန်တော်တို့ တပ်ဖွဲ့ထဲမှာဆိုတာ ကျွန်တော် မှတ်မိတယ် ဒါနဲ့ ကျွန်တော်က "ဂျွန်၊ ခင်ဗျားသား ဘယ်မှာလဲ၊ နေကောင်းလား" လို့ မေးလိုက်တယ် သူက "သူနေကောင်းပါတယ်။ မေးတဲ့အတွက်ကျေးဇူးပဲ" လို့ပြောတယ် ကျွန်တော်က "သူအခုဘယ်မှာလဲ" လို့ ထပ်မေးတယ် သူက ဖန်သားပြင်ကို လက်ညှိုးထိုးပြီး "သူ အဲဒီတိုက်ပွဲထဲမှာပါ" လို့ပြောတယ် စဉ်းစားကြည့်ပါ၊ ခင်ဗျားတို့ရဲ့ ညီအစ်ကို၊ အဖေ သမီး၊ သား၊ ဇနီး တွေ မျက်မှောက် တိုက်ပွဲဝင်နေတာကို ကြည့်နေရတယ် အဲဒီအတွက်လည်း ခင်ဗျား ဘာမှ မလုပ်ပေးနိုင်ဘူး အဲဒါကို သိနေရတာ ကာလကြာလာတယ်လို့ တွေးကြည့်ပါ ဒါဟာခေါင်းဆောင်တွေအပေါ် တစစ ပိလာနေတဲ့ ဖိအားအသစ်ပါပဲ
ဒါကြောင့် ခင်ဗျားတို့က အချင်းချင်း စောင့်ကြည့်ပြီး ဂရုစိုက်ကြရမယ် ကျွန်တော်က ရင်းနှီးပတ်သက်မှုအကြောင်းကို အများဆုံး နားလည်ခဲ့တယ်ဆိုတာ သေချာတယ် ဒါဟာ ကြွက်သားအရွတ်လိုပဲလို့ ကျွန်တော်နားလည်တယ် အဲဒါက တပ်ဖွဲ့ကို ထိန်းထားပေးတာ ကျွန်တော်ရဲ့ စစ်မှုထမ်းကာလ အတော်များများကို ရိန်းဂျားတပ်ရင်းမှာ ကုန်လွန်ကြီးပြင်းခဲ့တာပါ မနက်တိုင်း ရိန်းဂျားတပ်ရင်းမှာ ၂၀၀၀ မက ရှိတဲ့ ရိန်းဂျားတိုင်းဟာ ၀ါကျ ၆-ကြောင်းပါတဲ့ ရိန်းဂျားသစ္စာကို ဆိုကြတယ် အဲဒီထဲက တစ်ကြောင်းကို ခင်ဗျားတို့ သိချင်သိမယ်၊ ဘာပြောထားလဲဆိုတော့ "ရန်သူလက်ထဲကို ကျရောက်မယ့် လဲကျသွားတဲ့ ရဲဘော်တစ်ယောက်ကို ငါဘယ်တော့မှ မစွန့်ပါ" တဲ့ ဒါ စိတ်မပါပဲရွတ်နေတဲ့ မန္တာန်မဟုတ်ပါဘူး ဒါ ကဗျာတစ်ပုဒ်လည်းမဟုတ်ဘူး ဒါ ကတိတစ်ခုပဲ ရိန်းဂျား တိုင်းက တခြား ရိန်းဂျားတွေကို ကတိပေးနေတာ ဘာပဲဖြစ်နေဖြစ်နေ၊ ဘယ်လောက်ပဲ ငါ ပေးဆပ်ရပါစေ မင်းငါ့ကို လိုအပ်နေရင် ငါလာခဲ့မယ် ရိန်းဂျားတိုင်းဟာ ဒီတူညီတဲ့ ကတိကို တခြား ရိန်းဂျားတိုင်းဆီကနေ ရကြတယ် တွေးကြည့်ကြစမ်းပါ၊ ဒါဟာ သာမန်ထက်လွန်ကဲတဲ့ စွမ်းအားရှိပါတယ် ဒါဟာ လက်ထပ်မင်္ဂလာ သစ္စာဆိုတာထက်တောင် ပိုပြီး စွမ်းအားကြီးပါတယ် သူတို့ဟာ အဲဒီအတိုင်း ရှင်သန်သွားကြတယ်၊ ဒီရှင်သန်မှုကပဲ ဒီသစ္စာတရားကို ထူးခြားတဲ့စွမ်းအား ပြန်ပေးတယ် သူတို့ကို ပေါင်းစည်းပေးထားတဲ့ ဒီအဖွဲ့အစည်းပုံစံ ဆက်ဆံရေးဟာ အံ့သြစရာကောင်းလှပါတယ်
ပြီးတော့ လူအချင်းချင်း ရင်းနှီးပတ်သက်မှုက ပိုလို့တောင်အရေးကြီးတယ်ဆိုတာ ကျွန်တော်သိခဲ့ရတယ် ၂၀၀ရ-ခုနှစ် အာဖဂန်နစ်စတန်မှာတုန်းက ကျွန်တော်တို့ ခက်ခဲတဲ့ စစ်ဆင်ရေးတစ်ခုမှာ ကျွန်တော့် မိတ်ဆွေဟောင်းတစ်ယောက် ကျွန်တော် နှစ်ပေါင်းများစွာ သူနဲ့ အတူလက်တွဲခဲ့တယ် ကျွန်တော့်စစ်မှုထမ်းကာလ နေရာတော်တော်များများပဲ... ကျွန်တော်က သူ့ကလေးတွေထဲကတစ်ယောက်ရဲ့ ခေါင်းကိုင် ဖခင်လည်းဖြစ်တယ် သူက စာအိတ်ကလေးနဲ့ ကျွန်တော့်ဆီ စာလေးတစ်စောင်ပို့လိုက်တယ် အထဲမှာ ရှာမန် ကနေ ဂရန့်ဆီ ပြောထားတဲ့ စာလေးတစ်ကြောင်းပါတယ် ပြောထားတာက "ငါအကြပ်အတည်းဆိုက်နေတဲ့အခါမှာ မင်းသာ ရှင်နေဦးမယ်ဆိုရင် မင်းလာဖြစ်အောင်လာမယ်ဆိုတာ ငါသိနေတယ်" တဲ့ ဒီလို ရင်းနှီးပတ်သက်မှုဟာ၊ ကျွန်တော့်အတွက်တော့ စစ်မှုထမ်းကာလ နေရာအတော်များများမှာ အရေးပါလာခဲ့တာချည်းပါပဲ
ဒါကို ပေးရမယ်ဆိုတာကိုလည်း ကျွန်တော်နားလည်ခဲ့တယ် ဒီလို ပတ်ဝန်းကျင်မျိုးမှာပေါ့ ခက်ခဲကြမ်းတမ်းတယ်လေ ဒါဟာ ကျွန်တော် လျှောက်လှမ်းခဲ့ရတဲ့ခရီးပါပဲ ပြီးဆုံးမသွားဖို့လည်း ကျွန်တော် မျှော်လင့်ပါတယ် ကျွန်တော် ယုံကြည်မိလာတာကတော့ ခေါင်းဆောင်တွေဟာ မကောင်းပါဘူး၊ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ မှန်ကန်ကြလို့ပါ သူတို့က ကောင်းတယ်ဆိုရင်တော့ သူတို့ဟာ လေ့လာလိုစိတ်ရှိလို့၊ ယုံကြည်စိတ်ရှိလို့ပါ ဒါဟာ လွယ်ကူတဲ့ ကိစ္စတော့ မဟုတ်ပါဘူး ဟို လျှပ်စစ်ကြွက်သားပုံဖော်စက်လို တော့ ဘယ်ဟုတ်မလဲဗျာ တစ်လကို ၁၅ မိနစ်လောက်လုပ်လိုက်တာနဲ့ ခင်ဗျား ဗိုက်ကြွက်သားအဖုအထစ်တွေ ရလာသလိုပေါ့ (ရယ်သံများ) အမြဲတမ်းတော့ တရားမျှတ မနေပါဘူး ခင်ဗျားအတိုက်ချခံရနိုင်တယ် နာကြင်မယ် အမာရွတ်တွေကျန်နိုင်တယ် ဒါပေမယ့် ခင်ဗျားသာ ခေါင်းဆောင်တစ်ယောက်ဆိုရင် ခင်ဗျားကို မှီခိုနေကြသူတွေက ခင်ဗျားကို ကူညီကြလိမ့်မယ် ခင်ဗျားသာ ခေါင်းဆောင်တစ်ယောက်ဆိုရင် ခင်ဗျားကို အားကိုးတဲ့သူတွေက ခင်ဗျား စိတ်ဓါတ်ကြံ့ခိုင်နေဖို့ကို လိုလားကြမှာပါ
You can share this video by copying this HTML to your clipboard and pasting into your blog or web page. This video will play with subtitles.
You either have JavaScript turned off or have an old version of the Adobe Flash Player. To view this rating widget you
need to get the latest Flash player.
If your browser allows only "trusted sites" to execute Javascript, you should add the "googleapis.com" domain to your whitelist to allow our Flash detection to work properly.
Got an idea, question, or debate inspired by this talk? Start a TED Conversation.
ကြယ်လေးပွင့်အဆင့်ရှိ ဗိုလ်ချုပ်ကြီး စတန်လီ မက်ခရစ်စတယ်လ် က သူစစ်တပ်ထဲအမှုထမ်းခဲ့စဉ် ဆယ်စုနှစ်များအတွင်း နားလည်သိရှိလာခဲ့သော ခေါင်းဆောင်မှု အကြောင်းများကို မျှဝေထားခြင်းဖြစ်ပါသည်။ အရွယ်ပေါင်းစုံနှင့် တတ်ကျွမ်းမှုမျိုးစုံရှိကြသော လူအများကြားတွင် တူညီသောရည်ရွယ်ချက်အသိ ထားရှိလာအောင် မည်သို့ တည်ဆောက်ပေးရပါမည်နည်း? နားစိုက်ထောင်ခြင်း၊ နားလည်အောင် သင်ယူလေ့လာခြင်း နှင့် ကျရှူံးနိုင်ခြေကို ထောက်ပြပြောဆိုခြင်းတို့မှတပါး အခြားမရှိနိုင်ပေ။
General Stanley McChrystal is the former commander of U.S. and International forces in Afghanistan. A four-star general, he is credited for creating a revolution in warfare that fuses intelligence and operations. Full bio »
Translated into Burmese by Maung Maung
Reviewed by Thet Soe
Comments? Please email the translators above.
23:43 Posted: Jun 2007
Views 493,343 | Comments 258
Just follow the guidelines outlined under our Creative Commons license.
This comment will be attributed to . Not ? Sign Out.