ဒီကနေ့ ကျွန်မ ရှင်တို့ရှေ့မှာ အလုံးစုံ နှိမ့်ချပြီးတော့ ရပ်နေတဲ့အကြောင်းရင်းကတော့ ရှင်တို့ကို ကျွန်မရဲ့ ပြီးခဲ့တဲ့ ၆-နှစ်တာကာလ အတွင်း ၀န်ဆောင်မှု နဲ့ ပညာရေး နယ်ပယ်တွေမှာ သွားခဲ့တဲ့ ခရီးအကြောင်းကို မျှဝေချင်လို့ပါ ကျွန်မက လေ့ကျင့်မူ့ ပြည့်ဝတဲ့ ပညာရှင်မဟုတ်သလို ၀ါရင့် လူမှုရေးသမားလည်း မဟုတ်ပါဘူး ကျွန်မက စီးပွားရေးလုပ်ငန်းစု လောကမှာ ၂၆ နှစ် လုံးလုံး ကုမ္ပဏီတွေကို အကျိုးအမြတ် ရှာပေးဖို့ ကြိုးစားခဲ့ပါတယ် နောက်တော့ ၂၀၀၃-ခုနှစ်မှာ ကျွန်မ ပါရီကားမား ပရဟိတ အသင်းကို ကျွန်မရဲ့ မီးဖိုချောင် စားပွဲကနေ စတင်ခဲ့ပါတယ်
ပထမဆုံး ကျွန်မတို့လုပ်ဖြစ်တာက ဆင်းရဲသားရပ်ကွက်တွေကို လျှောက်သွားတာပါ သိကြမလားပဲ၊ စကားမစပ်ပြောရရင်၊ လူဦးရေ ၂-သန်း လောက်က ဘန်ဂလောက ဆင်းရဲသားရပ်ကွက် ပေါင်း ၈၀၀ မှာ နေထိုင်နေကြတာ ကျွန်မတို့ ဆင်းရဲသားရပ်ကွက် အကုန်လုံးကို မသွားနိုင်ပါဘူး ဒါပေမယ့် ကျွန်မတို့ တတ်နိုင်သလောက်တော့ ခြုံငုံမိအောင် ကြိုးစားပါတယ် ကျွန်မတို့က ဒီဆင်းရဲသားရပ်ကွက်တွေကို လျှောက်သွားပြီး ကျောင်းလုံးဝမသွားတဲ့ ကလေးတွေ ရှိတဲ့ အိမ်တွေကို ရှာတယ် ကျွန်မတို့နဲ့ မိဘတွေနဲ့ စကားပြောတယ် သူတို့ ကလေးတွေကို ကျောင်းပို့ဖို့ သူတို့ကို ယုံကြည်လာအောင် ကြိုးစားတယ် ကျွန်မတို့ ကလေးတွေနဲ့ ကစားတယ် အိမ်ကိုပြန်လာတော့ တကယ့်ကို ပင်ပန်းပြီး အားကုန်နေကြပြီ၊ ဒါပေမယ့် ပုံရိပ်လေးတွေနဲ့ပေါ့ ၀င်းပတဲ့ မျက်နှာလေးတွေ၊ ကြည်လင်တဲ့ မျက်လုံးလေးတွေ မြင်ယောင်ပြီး အိပ်ပျော်သွားရတယ်
ကျွန်မတို့အားလုံး စလုပ်ဖို့ စိတ်လှုပ်ရှားနေကြတယ် ဒါပေမယ့် အဲဒီမှာ အရေအတွက်က ကျွန်မတို့ကို ထိုးနှက်လာတယ် ကလေးပေါင်း သန်း-၂၀၀ ဟာ ၄-နှစ်ကနေ ၁၄-နှစ် ကြားထဲက ကလေးတွေ ကျောင်းသွားသင့်ကြပေမယ့် မသွားကြဘူး ကလေးပေါင်း သန်း-၁၀၀ ကတော့ ကျောင်းသွားကြပေမယ့် စာမဖတ်တတ်ကြသလို ၁၂၅-သန်းက အခြေခံ သင်္ချာကို မတွက်တတ်ကြဘူး ကျွန်မတို့လည်း ကြားမိတယ်၊ အိန္ဒိယ ရူပီးငွေ သန်း-၂၅၀ ကို အစိုးရ ကျောင်းစရိတ်အတွက် သုံးစွဲဖို့ ရည်ရွယ်ထားပေမယ့် အဲဒီငွေရဲ့ ၉၀ ရာနှုန်းက ဆရာတွေရဲ့ လစာအတွက် နဲ့ စီမံဆောင်ရွက်ပေးသူတွေရဲ့ လစာအတွက် သုံးတယ်တဲ့ ဒါပေမယ့်လည်း အိန္ဒိယက အတန်းပျက်ကွက်တဲ့ ကျောင်းဆရာအရေအတွက် အမြင့်ဆုံးပဲတဲ့ ကမ္ဘာမှာ နော် ဆရာ ၄-ယောက်မှာ ၁-ယောက်က စာသင်နှစ် တစ်နှစ်လုံး ကျောင်းမသွားဘူးတဲ့
ဒီ ကိန်းဂဏန်းတွေက စိတ်ကို လုံးဝ အံ့သြတုန်လှုပ်သွားစေတယ် စိတ်ကို လွှမ်းမိုးထားတယ်၊ ဒီကြားထဲ ကျွန်မတို့ကို အမြဲတမ်းမေးကြတယ် "ရှင်တို့ ဘယ်တော့ စမှာလဲ၊ ကျောင်းဘယ်လောက်များများနဲ့ စမှာလဲ ကလေးတွေ ဘယ်လောက်များများ ရမှာလဲ အရေအတွက်ကို ဘယ်လို ချိန်ဆတိုင်းတာမလဲ ကျောင်းတွေကို ဘယ်လို ထပ်ပွားမလဲ" ပေါ့ မကြောက်မိဖို့၊ မလန့်မိဖို့ အရမ်းကို ခက်ခဲပါတယ် ဒါပေမယ့် ကျွန်မတို့ကတော့ ခေါင်းမာခဲ့ကြတယ် ပြောလိုက်တယ် "ကျွန်မတို့က အရေအတွက် အတွက် လုပ်နေတာမဟုတ်ဘူး" ပေါ့ ကျွန်မတို့ တစ်ကြိမ်မှာ ကလေးတစ်ယောက်ပဲ ခေါ်ချင်တယ် ကလေးကို ကျောင်းကို တိုက်ရိုက်ခေါ်သွားမယ် ကောလိပ်ပို့မယ် ပိုကောင်းတဲ့ ဘ၀နေထိုင်ရေးအတွက် တန်ဖိုးမြင့်မားတဲ့ အလုပ်အကိုင်အတွက် သူတို့ကို ပြင်ဆင်ခိုင်းမယ်
ဒီလိုနဲ့ ကျွန်မတို့ ပါရီကားမား ကို စခဲ့ကြတယ် ပထမဆုံး ပါရီကားမား ကျောင်းကို ဆင်းရဲသားရပ်ကွက်တစ်ခုမှာ စတယ် အဲဒီရပ်ကွက်မှာ လူဦးရေ ၇-သောင်းလောက်က ဆင်းရဲမွဲတေမှု သတ်မှတ်လိုင်းအောက်မှာ နေ, နေကြတယ် ကျွန်မတို့ စခဲ့တဲ့ ပထမဆုံး ကျောင်းက ဆင်းရဲသားရပ်ကွက်တွေထဲက အဆောက်အဦတစ်ခုရဲ့ ခေါင်မိုးထပ်ပေါ်မှာ ၂-ထပ် အဆောက်အဦ ဆင်းရဲသားရပ်ကွက်တွေထဲက တစ်ခုတည်းသော ၂-ထပ်အဆောက်အဦပါ အဲဒီခေါင်မိုးထပ်မှာ မျက်နှာကျက်မရှိဘူး၊ သွပ်ပြားချပ်လေးတစ်ဝက်ပဲရှိတယ် အဲဒါဟာ ကျွန်မတို့ရဲ့ ပထမဆုံးကျောင်းပါ၊ ကလေး ၁၆၅ ယောက်နဲ့ အိန္ဒိယ စာသင်နှစ်က ဇွန်လမှာ စတယ် ဇွန်လဆိုတော့ မိုးရွာတယ်၊ ခဏခဏပဲ ကျွန်မတို့ အားလုံး သွပ်အမိုးအောက်မှာ တိုးဝှေ့ပူးကပ်ပြီး မိုးတိတ်အောင် စောင့်ခဲ့ကြရတယ် ဘုရားရေ၊ အဲဒါဟာ ပေါင်းစည်းချည်နှောင်စေတဲ့ အပြုအမူတစ်ခုလိုဖြစ်သွားတယ် ကျွန်မတို့အားလုံး အဲဒီအမိုးအောက်မှာ ရှိခဲ့ဖူးတဲ့သူတွေအားလုံး ဒီနေ့ ဒီပွဲမှာ အတူရှိနေကြပါသေးတယ် နောက်တော့ ဒုတိယ ကျောင်း၊ တတိယကျောင်း၊ စတုတ္ထကျောင်း ပြီးတော့ အငယ်တန်းကောလိပ်တွေ ဖြစ်လာတယ် ၆-နှစ်တာကနေ အခုထိ ကျွန်မတို့မှာ ကျောင်း ၄-ကျောင်း၊ အငယ်တန်း ကောလိပ် တစ်ခုနဲ့ ကလေးပေါင်း ၁၁၀၀ က ဆင်းရဲသားရပ်ကွက်ပေါင်း ၂၈-ခုကနေလာကြပြီး မိဘမဲ့ဂေဟာ ၄-ခုလည်း ရှိနေပါပြီ (လက်ခုပ်သံများ)
ကျွန်မတို့ရဲ့ အိပ်မက်က ရိုးရှင်းပါတယ် ဒီကလေးတွေတစ်ဦးချင်းဆီကို ကျောင်းပို့မယ်၊ သူတို့ကို ပြင်ဆင်ခိုင်းမယ် ရပ်တည်ရှင်သန်တတ်အောင် နဲ့ ပညာတတ်အောင် ဒါပေမယ့် ငြိမ်းငြိမ်းချမ်းချမ်း နေတတ်အောင်ပေါ့ ဒီ ပဋိပက္ခတွေ ဖိစီးနေတဲ့ ပရမ်းပတာနဲ့ ဂလိုဘယ်လိုက်ဇေရှင်းထွန်းကား နေတဲ့ လောကကြီးမှာ ရောင့်ရဲ့မှုတွေနဲ့ နေတတ်အောင်ပေါ့ အခု ကမ္ဘာဆိုတာနဲ့ အင်္ဂလိပ်စကား သုံးကိုသုံးရတော့တာပါ အဲ့တော့ ကျွန်မတို့ရဲ့ကျောင်းအားလုံးဟာ အင်္ဂလိပ်စကားကို ကြားခံသုံးပြီး သင်ကြားပေးတဲ့ ကျောင်းတွေပါ ဒါပေမယ့် သူတို့ သိကြတယ်၊ အဲဒီမှာ ဒီလို ယုံမှတ်မှုရှိနေကြတယ် ဆင်းရဲသားရပ်ကွက်က ကလေးတွေဟာ အင်္ဂလိပ်စကား ကောင်းကောင်း မပြောတတ်ကြဘူးပေါ့ သူတို့မိသားစုထဲမှာလည်း တစ်ယောက်မှ အင်္ဂလိပ်စကား မပြောကြဘူး သူတို့ မျိုးရိုးထဲမှာလည်း တစ်ယောက်မှ အင်္ဂလိပ်စကား မပြောကြဘူး ပေါ့ ဒါပေမယ့် အဲဒါဟာ ဘယ်လောက်တောင် မှားယွင်းလိုက်သလဲ
မိန်းကလေးး ကျွန်မက စွန့်စားခန်းပါတဲ့ စာအုပ်တွေ ကြိုက်တယ်၊ ကျွန်မအကြိုက်ဆုံးကတော့ အဲလ်ဖရဒ် ဟစ်ခ်ျခေါ့ခ် ရယ်၊ [နောက်တစ်ယောက်နာမည်က ပြတ်ပြတ်သားသားမကြားရ] ဟားဒီဘွိုင်းစ် ရယ် အဲဒီ သုံးယောက်လုံးက တူတယ်၊ သူတို့က တူတယ်ဆိုပေမယ့် မတူတဲ့ အခြေအနေ နောက်ခံတွေနဲ့ တစ်ယောက်က မှော်ဆန်တယ်၊ တစ်ခြား ၂-ယောက်က စုံစမ်းထောက်လှမ်းတဲ့ ဟာမျိုး ကျွန်မက အဲဒီစာအုပ်တွေကို ကြိုက်တယ်၊ ဘာဖြစ်လို့လဲဆိုတော့ သူတို့မှာ ထူးခြားတာတွေ ရှိနေတယ် အဲဒီစာအုပ်တွေမှာ သုံးတဲ့ ဝေါဟာရတွေ စာရေးတဲ့ စတိုင်နဲ့ ဟန်တွေပေါ့ ကျွန်မဆိုလိုတာက စာအုပ်တစ်အုပ် ကောက်ကိုင်မိရင် တစ်အုပ်လုံးမပြီးသေးရင် လက်က မချနိုင်ဘူး ကျွန်မအတွက် ၄-နာရီခွဲလောက် ကြာမယ်ဆိုရင်တောင် ဒါမှမဟုတ် ၃-နာရီခွဲ လောက်မှ စာအုပ်ပြီးမယ်ဆိုရင်လည်း ကျွန်မ ဖတ်တာပဲ
ကောင်လေးး ကျွန်တော် ရှာဖွေစူးစမ်းမှု ကောင်းကောင်းလုပ်တယ်၊ အချက်အလက်တွေရလာတယ် ကမ္ဘာ့ အမြန်ဆုံးကားတွေ အကြောင်း ကျွန်တော်က ဒူကာတီ ZZ143 ကိုကြိုက်တယ် အဲဒါက အမြန်ဆုံးကိုး (အခုတော့ 1098S ကအမြန်ဆုံး) ကမ္ဘာ့ အမြန်ဆုံး မော်တော်ဆိုင်ကယ် ကျွန်တော် ပါလ်စာ 220 DTSI ကိုကြိုက်တယ် အဲဒါက အိန္ဒိယမှာ အမြန်ဆုံး မော်တော်ဆိုင်ကယ်ပဲ
ရှင်တို့တွေ့တဲ့ မိန်းကလေးက သူ့အဖေက လမ်းဘေးမှာ ပန်းရောင်းတယ် ဒီကောင်လေးကတော့ ကျောင်းလာတက်နေတာ ၅ နှစ် ရှိပြီ ဒါပေမယ့် အဲဒါဟာ မထူးဆန်းဘူးလား၊ ကမ္ဘာပေါ်မှာ ရှိသမျှ ကောင်လေးတွေ မြန်တဲ့ ဆိုင်ကယ်ကို ကြိုက်ကြတယ်ဆိုတာ သူ တစ်စီးမှ မမြင်ဖူးဘူး၊ တစ်စီးမှလည်း မစီးဖူးဘူး၊ ဟုတ်တာပဲလေ ဒါပေမယ့် သူက ဂူဂဲလ် ကနေ စူးစမ်းမှု တော်တော်များများ လုပ်ထားတယ် သိကြမလားပဲ၊ ကျွန်မတို့ အင်္ဂလိပ်စာကြားခံ ကျောင်းတွေကို စခဲ့တုန်းက ကျွန်မတို့ ဆုံးဖြတ်ခဲ့ကြတယ် အကောင်းဆုံး သင်ရိုးညွှန်းတမ်းကို ယူသုံးဖို့ပေါ့ အိန္ဒိယ အလယ်တန်းနှင့်အထက်တန်းပညာရေး လက်မှတ် သင်ရိုးညွှန်းတမ်းလေ အဲဒီမှာ တခါ လူတွေက ကျွန်မကို ရယ်ကြတယ် ပြောကြတယ် "ကျွန်မများ ရူးနေလားတဲ့ ဒီကျောင်းသားတွေအတွက် ဒီလောက် ခက်ခဲတဲ့ သင်ရိုးညွှန်းတမ်းကို ရွေးရသလားတဲ့ သူတို့ ဘယ်တော့မှ နိုင်နိုင်နင်းနင်းရှိမှာ မဟုတ်ဘူး" တဲ့ ကျွန်မတို့ကလေးတွေက ကောင်းကောင်း နိုင်နင်းတဲ့အပြင် သူတို့တွေက အဲဒီမှာ ထူးတောင်ထူးချွန်နေကြတယ် ရှင်တို့ လာပြီးကြည့်သင့်တယ် ကျွန်မတို့ ကလေးတွေ ဘယ်လောက် ကောင်းကောင်း လုပ်နိုင်တယ်ဆိုတာ မြင်ရအောင်ပေါ့
အဲဒီမှာ ဒီလို ယုံမှတ်မှုလည်း ရှိနေသေးတယ် ဆင်းရဲသားရပ်ကွက်က မိဘတွေဟာ သူတို့ ကလေးတွေ ကျောင်းသွားတာကို စိတ်မ၀င်စားဘူးတဲ့ သူတို့တွေက ကလေးတွေကို အလုပ်ထဲပဲ ထည့်လိုက်မှာတဲ့ ဒါဟာ လုံးဝ ပေါက်တတ်ကရတွေပါ တစ်ကမ္ဘာလုံးမှာ ရှိကြတဲ့ မိဘတိုင်းက သူတို့ကလေးတွေကို သူတို့ထက်ပိုကောင်းတဲ့ ဘ၀မျိုး ရစေချင်ကြပါတယ် ဒါပေမယ့် ပြောင်းလဲမှု လုပ်ဖို့ ဖြစ်နိုင်တယ်ဆိုတာကိုတော့ သူတို့ ယုံကြည်ဖို့လိုတယ်
ရှက်ခလာဘို့စ်း ကျွန်မတို့မှာ တက်ရောက်သူ ၈၀ ရာနှုန်းရှိတယ် ကျွန်မတို့ရဲ့ မိဘ-ဆရာ ဆွေးနွေးပွဲအားလုံးအတွက်ပေါ့ တခါတလေ အဲဒါက ၁၀၀ ရာနှုန်းတောင် ဖြစ်သွားတယ် အခွင့်ထူးခံကျောင်းတွေထက်တောင် အရမ်းများနေပါတယ် အဖေတွေလည်း စပြီး ဆွေးနွေးပွဲတက်လာနေကြပြီ တကယ် စိတ်ဝင်စားစရာကောင်းတယ်၊ ကျွန်မတို့ကျောင်းကို စခဲ့တုန်းက မိဘတွေက တက်ရောက်သူ စာရင်းမှာ လက်ဗွေရာပေးကြတာ အခု သူတို့က သူတို့ရဲ့ လက်မှတ်ကို စပြီး ရေးနေကြပြီ ကလေးတွေက သူတို့ကို သင်ပေးတာလေ ကလေးတွေ ဘယ်လောက်သင်တတ်တယ်ဆိုတာ အံ့သြစရာပါ
ကျွန်မတို့ ပြီးခဲ့တဲ့ လအနည်းငယ်က အမှန်တော့ မနှစ်က နှစ်ကုန်ပိုင်းမှာ အမေတစ်ချို့က ကျွန်မတို့ဆီကို လာပြီး ပြောကြတယ် "ကျွန်မတို့ ရေးတတ်ဖတ်တတ်အောင် သင်ချင်တယ် ရှင် ကျွန်မတို့ကို သင်ပေးနိုင်မလား" တဲ့၊ အဲဒါနဲ့ ကျွန်မတို့ ကျောင်းပြီးချိန်မှာ ကျွန်မတို့ မိဘတွေအတွက်၊ ကျွန်မတို့ အမေတွေအတွက် စသင်ပေးခဲ့တယ် ကျွန်မတို့မှာ အမေ ၂၅ ယောက် ပုံမှန်ပဲ ကျောင်းပြီးချိန်မှာ စာဖတ်ဖို့လာတယ် ကျွန်မတို့က ဒီ အစီအစဉ်လေးကို ဆက်လုပ်ချင်တယ် ပြီးတော့ ကျွန်မတို့ရဲ့ တစ်ခြားကျောင်းတွေအထိပါ ချဲ့ချင်တယ်
ကျွန်မတို့အဖေတွေရဲ့ ၉၈ ရာနှုန်းက အရက်သမားတွေပါ အဲဒီတော့ မြင်ယောင်ကြည့်လို့ရတယ်၊ ဘယ်လောက်တောင် ကလေးတွေ ထိတ်လန့်သောကရောက်ရတယ် သူတို့ရဲ့ အိမ်တွေဟာလဲ ဘယ်လောက်တောင် ဆိုးဝါးပြီးမူမမှန်ဘူးလဲဆိုတာ ကျွန်မတို့က အဖေတွေကို အရက်ဖြတ်တဲ့ စမ်းသပ်ဆေးခန်းတွေကို ပို့ပေးတယ် သူတို့ ပြန်လာရင် များသောအားဖြင့် အရက်မသောက်ကြတော့ဘူး၊ ကျွန်မတို့က သူတို့အတွက် အလုပ်တစ်ခု ရှာပေးရတယ် အဲဒါမှ သူတို့ ဒုံရင်းပြန်မဆိုက်မှာ ကျွန်မတို့မှာ ချက်တတ်ပြုတ်တတ်အောင် လေ့ကျင့်ပေးထားတဲ့ အဖေ ၃-ယောက်လောက် ရှိတယ် ကျွန်မတို့က သူတို့ကို အာဟာရတို့၊ သန့်ရှင်းမှု တို့အကြောင်း သင်ပေးတယ် ကျွန်မတို့က သူတို့ကို မီးဖိုချောင်တစ်ခု လုပ်ဖို့ ၀ိုင်းကူပေးလိုက်တယ် အခု သူတို့က ကျွန်မတို့ ကလေးတွေအားလုံးအတွက် အစားအသောက်တွေ ထောက်ပံ့ပေးနေတယ် သူတို့ အရမ်းကို ကောင်းတဲ့ အလုပ်တစ်ခုကို လုပ်လိုက်ကြတာ၊ ဘာဖြစ်လို့လဲဆိုတော့ သူတို့ကလေးတွေက သူတို့ပို့ပေးတဲ့ အစားအသောက်တွေကို စားနေကြတာ ဒါပေမယ့် အရေးအကြီးဆုံးကတော့ ဒါဟာ ပထမဆုံးအနေနဲ့ သူတို့ ရိုသေလေးစားမှုကို ရလာကြတာပါပဲ သူတို့က တန်ဖိုးရှိတာတစ်ခုကို လုပ်နေကြတယ်လို့ ခံစားကြရတယ်
ကျွန်မတို့ရဲ့ သင်ကြားမှုပိုင်းကိုတာဝန်မယူတဲ့ ၀န်ထမ်းတွေရဲ့ ၉၀ ရာနှုန်းက အကုန်လုံး မိဘတွေနဲ့ သူတို့ရဲ့ ဆွေမျိုး မိသားစုတွေပါ ကျွန်မတို့ အစီအစဉ်တွေ အများကြီး စခဲ့တယ် ကလေးတွေ ကျောင်းလာအောင် သေသေချာချာ လုပ်ဖို့ပါ အကြီးပိုင်း ညီအစ်အကိုမောင်နှမတွေအတွက် သက်မွေးကျွမ်းကျင်မှု အစီအစဉ်တွေ လုပ်ပေးတယ် အဲဒါမှ အငယ်တွေ ကျောင်းသွားတာကို မတားကြမှာ
အဲဒီမှာ ဒီလို ယုံမှတ်မှုတစ်မျိုးလည်း ရှိသေးတယ်၊ ဆင်းရဲသားရပ်ကွက်က ကလေးတွေဟာ သာမန် လူတွေနဲ့ သဟဇာတဖြစ်အောင် မပေါင်းသင်းနိုင်ဘူး ပေါ့ ဒီ ကလေးမလေးကို ကြည့်လိုက်ပါဦး သူက ကလေး ၂၈-ယောက်ထဲက တစ်ယောက်ပါ အခွင့်ထူးခံကျောင်းအားလုံးကနေရွေးထားတာ ဒီနိုင်ငံက အကောင်းဆုံးကျောင်းတွေကနေ Duke တက္ကသိုလ်ရဲ့ ပင်ကိုယ်စွမ်းရည် ဖော်ထုတ်ရေး အစီအစဉ် အတွက် ရွေးချယ်ခံရပြီး IIM (အာမီဒါဘဒ်မြို့က အိန္ဒိယ စီမံခန့်ခွဲမှု တက္ကသိုလ်)ကို ပို့လိုက်တာ
မိန်းကလေးး အာမီဒါဘဒ်မြို့ Duke IMM ကျောင်းဝင်းး ကျွန်မတို့ IIM ကိုမြင်လိုက်တိုင်း အဲဒီ ကျောင်းမှာ သွားပြီး စခန်းချရတာ ကျွန်မတို့အတွက်တော့ ဂုဏ်ယူစရာပါပဲ ကျွန်မတို့ အဲဒီကိုသွားတော့ အားလုံးက အရမ်း ဖော်ရွေကြတယ် အထူးသဖြင့် ကျွန်မ သူငယ်ချင်းတွေ အများကြီး ရလာတယ် ကျွန်မရဲ့ အင်္ဂလိပ်စာလည်း အများကြီး တိုးတက်လာတယ်လို့ ခံစားရတယ် အဲဒီကိုသွားပြီး သူငယ်ချင်းတွေနဲ့ စကားပြောတာ၊ အားလုံးပါပဲ အဲဒီမှာ သူတို့ ကလေးတစ်ယောက်နဲ့ တွေ့သွားတယ် မတူညီတဲ့ စံနှုန်းအားလုံးနဲ့ မတူညီတဲ့ စိတ်အခံနဲ့၊ လုံးဝ ခြားနားတဲ့ လူမှု အသိုင်းအ၀ိုင်း က ကလေးပေါ့ ကျွန်မအကုန်လုံးနီးပါးနဲ့ ရောလို့ရတယ် သူတို့က အရမ်းကို ခင်စရာကောင်းတယ် ကျွန်မ အဲဒီမှာ သူငယ်ချင်းကောင်းတွေ အများကြီး ရခဲ့တယ် ဒေလီက သူငယ်ချင်းတွေ၊ ဘုံဘေ က သူငယ်ချင်းတွေ ပေါ့ အခုထိလည်း ကျွန်မတို့ Facebook ကနေ အဆက်အသွယ် လုပ်နေကြတယ်
ဒီ အာမီဒါဘဒ် ခရီး ပြီးသွားတော့ ကျွန်မ လုံးဝ မတူညီတဲ့ လူစုံအားလုံးနဲ့ ပေါင်းသင်းတတ်တဲ့သွားတယ် အရင်တုန်းက ကျွန်မက ဒီလိုမျိုးမဟုတ်ဘူးလို့ ခံစားမိတယ်လေ ကျွန်မ အရင်က လူမရောဘူး၊ ဒါမှမဟုတ်ရင်လည်း လူတစ်ယောက်ကို အဲလောက်မြန်မြန် စကား စမပြောဘူး ကျွန်မရဲ့ အင်္ဂလိပ်လေသံက အများကြီး တိုးတက်သွားတယ် ကျွန်မ ဘောလုံးကန်တာ၊ ဘော်လီဘော ပုတ်တာ လေ၀ဲ ပန်းကန်ပြားပစ်တာနဲ့ ကစားနည်း အများကြီး သင်ခဲ့တယ် ကျွန်မ ဘန်ဂလောကိုတောင် မသွားချင်ဘူး၊ ဒီမှာပဲ နေချင်တယ် အစားအသောက်တွေကလည်း အရမ်းလှတယ် ကျွန်မ ကြိုက်တယ်၊ အရမ်းကို လှတယ် ကျွန်မက အစားစားရတာ ကြိုက်လို့ လာပြီးများ မေးရင် "ဟုတ်ကဲ့၊ ဘာများ စားချင်ပါသလဲ" ဆိုတာလေ၊ ကြားရတာ ကောင်းလိုက်တာရှင်
(ရယ်မောသံများ) (လက်ခုပ်သံများ)
ဒီမိန်းကလေးက အိမ်ဖော်အနေနဲ့ လုပ်နေတာ သူ ကျောင်းကို မလာခင်တုန်းကပေါ့ ဒီကနေ့မှာတော့ သူက ဦးဏှောက်နဲ့ အာရုံကြော ပါရဂူ ဖြစ်ချင်တယ်
ကျွန်မတို့ ကလေးတွေဟာ အားကစားမှာလည်း ထွန်းထွန်းပေါက်ပေါက်ကို လုပ်နိုင်ကြတယ် သူတို့ဟာ တကယ့်ကို ထူးချွန်ကြတယ် အဲဒီမှာ ကျောင်းအချင်းချင်း အားကစား ပြိုင်ပွဲတွေ နှစ်တိုင်း ကျင်းပတယ် ဘန်ဂလောမှာပေါ့၊ ကလေးပေါင်း ၅-ထောင် လောက် ၀င်ပြိုင်ကြတယ် ဒီမြို့က အကောင်းဆုံးကျောင်း ၁၄၀ ကနေပေါ့ ကျွန်မတို့က ၃-နှစ်ဆက်တိုက် အကောင်းဆုံးကျောင်းဆု ရတယ် ကျွန်မတို့ကလေးတွေက အိမ်ပြန်လာရင် ဆုတံဆိပ်တွေ အိတ်အပြည့်နဲ့၊ အားကျတဲ့လူတွေ၊ သူငယ်ချင်းတွေ အများကြီးနဲ့ပေါ့ မနှစ်တုန်းက ကလေး ၂-ယောက်လောက်က လူကုံထံကျောင်းတွေကနော်၊ လာပြီးတော့ ကျွန်မတို့ကျောင်းမှာ ၀င်ခွင့်ရဖို့ မေးကြတယ် ကျွန်မတို့မှာလည်း ကိုယ်ပိုင် အကောင်းဆုံး အသင်း ရှိပါတယ်
ဘာလို့ ဒါတွေ ဖြစ်ပေါ်လာတာလဲ၊ ဘာလို့ ဒီလို ယုံကြည်မှုတွေ ရှိနေရတာလဲ အထိအတွေ့များလို့လား၊ ကျွန်မတို့မှာ ပါမောက္ခတွေ ရှိတယ် MIT တို့၊ ဘာခယ်လေ တို့၊ စတန်းဖော့ဒ် တို့ အိန္ဒိယသိပ္ပံတက္ကသိုလ်တို့ကနေ ကျွန်မတို့ကလေးတွေကို သိပ္ပံ ဖော်မျူလာတွေ လက်တွေ့စမ်းသပ်မှုတွေ အများကြီး လာသင်ပေးတယ်၊ စာသင်ခန်းတစ်ခုဖြစ်သင့်တာထက်ကို အများကြီး ကျော်လွန်နေပါတယ် အနုပညာ၊ ဂီတ ဆိုတာတွေက ကုထုံးအနေနဲ့ရော၊ ထုတ်ဖော်ပြသတဲ့ ကြားခံနယ်အနေနဲ့ပါ ယူလို့ရပါတယ် ကျွန်မတို့ကလည်း ယုံကြည်တယ် ဘာတွေပါဝင်နေလည်းဆိုတာက ပိုအရေးကြီးတယ် ဆိုတာကိုပေါ့ အဲဒါဟာ အခြေခံ အဆောက်အဦတွေကို ပြောတာလည်း မဟုတ်ဘူး အိမ်သာတွေ၊ စာကြည့်တိုက်တွေကို ပြောတာလည်း မဟုတ်ဘူး ဒီကျောင်းမှာ ဘာတွေ အမှန်တကယ် ဖြစ်နေတယ်ဆိုတာကမှ ပိုအရေးကြီးတာပါ သင်ယူလေ့လာဖို့ ပတ်ဝန်းကျင်တစ်ခု ဖန်တီးပေးတာ စူးစမ်းမေးမြန်းဖို့၊ ရှာဖွေဖော်ထုတ်ဖို့တွေအတွက် ပတ်ဝန်းကျင်တစ်ခု ဖန်တီးပေးတာကမှ စစ်မှန်တဲ့ ပညာရေးလို့ ဆိုရမှာပါ
ကျွန်မတို့ ပါရီကားမား ကို စခဲ့တုန်းက ကျွန်မတို့ ဘယ်လားရာကို ဦးတည်သွားမယ်ဆိုတာ မသိသေးပါဘူး ကျွန်မတို့က စီးပွားရေး စီမံကိန်းလေး ဆွဲပေးဖို့ မက်-ကင်ဆီကို မငှားခဲ့ပါဘူး ဒါပေမယ့် ကျွန်မတို့ သေသေချာချာ သိနေတာကတော့ ကျွန်မတို့ ဒီကနေ့ လုပ်ချင်နေတာက တစ်ကြိမ်မှာ ကလေးတစ်ယောက်ခေါ်ဖို့ပါပဲ အရေအတွက် ကြောင့်နဲ့တော့ ထစ်ငေါ့မနေချင်ပါဘူး ပြီးရင် တကယ်လည်း ဒီကလေးက ဘ၀ စက်ဝိုင်းမှာ ပြီးပြည့်စုံသွားတာကို မြင်ချင်တယ် သူရဲ့ အလားအလာအားလုံးကို ဖြည်လွှတ်ပေးရင်းနဲ့ပေါ့ ကျွန်မတို့က အရေအတွက်ပမာဏကို အယုံအကြည် မရှိပါဘူး ကျွန်မတို့က အရည်အချင်းကိုပဲ ယုံကြည်နေလို့ပါ ပမာဏတွေ ကိန်းဂဏန်းတွေက အလိုလို ဖြစ်လာမှာပါ ကျွန်မတို့နောက်မှာ မားမားရပ်နေတဲ့ အဖွဲ့အစည်းတွေ ရှိနေပါပြီ အခု ကျွန်မတို့က ကျောင်းတွေကို ပိုပြီး ဖွင့်နိုင်တော့မှာပါ ဒါပေမယ့် ကျွန်မတို့က တစ်ကြိမ်မှာ ကလေးတစ်ယောက်သာ ဆိုတဲ့ အိုင်ဒီယာနဲ့စခဲ့ပါတယ်
ဒါက ၅-နှစ်သားလေး ပါရုရှရမ် ပါ သူက လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ဘတ်စ်ကားမှတ်တိုင်မှာ တောင်းစားနေတာ အဲဒီက ကောက်ယူလာပြီး အခု မိဘမဲ့ ဂေဟာမှာပါ သူက ပြီးခဲ့တဲ့ ၄-လခွဲလုံးလုံး ကျောင်းလာတက်နေတာ သူက အခု မူလတန်းမှာပါ သူက အင်္ဂလိပ်စကား ဘယ်လိုပြောရတယ်ဆိုတာ သင်နေပါတယ် ကျွန်မတို့မှာ ကလေးတွေ အင်္ဂလိပ်စကားပြောနိုင်စေတဲ့ မိုဒယ်လ်တစ်ခုရှိပါတယ် အဲဒါနဲ့ အင်္ဂလိပ်စကားကို ၃-လ အတွင်းမှာ နားလည်ပါတယ် သူက ပုံပြင်တွေကို အင်္ဂလိပ်လို ပြောပြနိုင်ပါတယ် ရေဆာနေတဲ့ ကျီးကန်းတို့၊ မိချောင်းတို့ သစ်ကုလားအုတ်တို့ ပေါ့ သူဘာလုပ်ရတာကြိုက်လဲလို့ သူ့ကိုမေးရင် သူက ပြောလိမ့်မယ် "ကျွန်တော် အိပ်ရတာကြိုက်တယ် စားရတာကြိုက်တယ်၊ ကစားရတာကြိုက်တယ်" လို့ သူဘာလုပ်ချင်လဲလို့ သူ့ကိုမေးရင်တော့ သူက "ကျွန်တော် မြင်းလုပ်ချင်တယ်" လို့ ပြောလိမ့်မယ် အခု "မြင်းလုပ်ချင်တယ်" က မြင်းစီးချင်တယ် ဖြစ်သွားပါပြီ ပါရုရှရမ် က ကျွန်မ ရုံးခန်းကို နေ့တိုင်းလာတယ် သူက ဗိုက်လာပွတ်တာ အဲဒါက ကံကောင်းခြင်းတွေ ပေးတယ်လို့ သူက ယုံကြည်နေတာကိုး
ကျွန်မ ပါရီကားမားကို စခဲ့တုန်းက ကျွန်မ မာန်မာနအပြည့်နဲ့ စခဲ့တာ ကမ္ဘာကြီးကို အသွင်ပြောင်းမယ်ပေါ့ ဒါပေမယ့် ဒီကနေ့မှာတော့ ကျွန်မဟာ အသွင်အပြောင်းခံလိုက်ရပါတယ် ကျွန်မကို ကျွန်မရဲ့ ကလေးတွေက ပြောင်းလဲပေးလိုက်တာပါ ကျွန်မ သူတို့ဆီက အများကြီး သင်ယူနိုင်ခဲ့ပါတယ် မေတ္တာ၊ ဂရုဏာ၊ စီတ်ကူးပုံဖော်ခြင်း ပြီးတော့ ဆန်းသစ်ဖန်တီးတာ ပါရုရှရမ် ဟာ ပါရိခါမာ အနေနဲ့ ရိုးရှင်းတဲ့ စတင်မှုပါ၊ ဒါပေမယ့် အဝေးကြီး ဆက်သွားရဦးမှာပါ ကျွန်မ ရှင်တို့ကို ကတိပေးတယ်၊ ပါရုရှရမ် ဟာ ဒီနေ့ ကနေ နှစ်အနည်းငယ်ကြာရင် TED အစည်းအဝေးမှာ စကားလာပြောမယ်ဆိုတာပါ ကျေးဇူးတင်ပါတယ်ရှင် (လက်ခုပ်သံများ)
You can share this video by copying this HTML to your clipboard and pasting into your blog or web page. This video will play with subtitles.
You either have JavaScript turned off or have an old version of the Adobe Flash Player. To view this rating widget you
need to get the latest Flash player.
If your browser allows only "trusted sites" to execute Javascript, you should add the "googleapis.com" domain to your whitelist to allow our Flash detection to work properly.
Got an idea, question, or debate inspired by this talk? Start a TED Conversation.
ဆင်းရဲသားများကို ပညာသင်ကြားပေးခြင်းသည် အရေအတွက်ကို ဦးစားပေးရခြင်းထက် ပိုမိုကြောင်း ရှက်ခလာဘို့စ် က ပြောကြားလိုက်ပါသည်။ သူမက သူမ၏ တီထွင်ဆန်းသစ်ထားသော ပါရီကားမား ပရဟိတအသင်းဇာတ်လမ်းအကြောင်း ပြောပြပါသည်။ ဤအဖွဲ့သည် တုန်လှုပ်စရာ စာရင်းအင်းများကို ကြည့်၍ ကလေးတိုင်းကို တစ်ဦးချင်းစီ ဂရုထားပေးနိုင်ရန် အာရုံစိုက်ကာ အိန္ဒိယ၏ ဆင်းရဲသားရပ်ကွက်များသို့ မျှော်လင့်ချက်များကို ဆောင်ကျဉ်းပေးနေပါသည်။
Shukla Bose is the founder and head of the Parikrma Humanity Foundation, a nonprofit that runs four extraordinary schools for poor children. Full bio »
Translated into Burmese by Maung Maung
Reviewed by Paing Hein Htet
Comments? Please email the translators above.
09:32 Posted: Jan 2010
Views 753,952 | Comments 247
12:29 Posted: May 2009
Views 435,567 | Comments 306
Just follow the guidelines outlined under our Creative Commons license.
This comment will be attributed to . Not ? Sign Out.