New talks are released daily. Be the first to know!
You either have JavaScript turned off or have an old version of the Adobe Flash Player. To view this video you
need to get the latest Flash player.
If you are on a mobile device, you may be able to download the video to play.
If your browser allows only "trusted sites" to execute Javascript, you should add the "googleapis.com" domain to your whitelist to allow our Flash detection to work properly.
TED Conversations
Got an idea, question, or debate inspired by this talk? Start a TED Conversation, or join one of these:
-
How does one decide to chase a dream?
Started by Michael South 3 Comments -
What is the best advice you received in your life?
Started by Vlad Fiscutean 73 Comments -
If you could teach the world 1 valuable thing you learned, what would it be and why?
Started by Mike L 307 Comments -
What is the best advice you've ever received?
Started by Tarek Seif el nasr 14 Comments -
What advice would you give for someone's first week in their new job?
Started by Tarek Seif el nasr 10 Comments
Interactive Transcript
Click on any phrase to play the video from that point.
ကျွန်တော် အထက်တန်းကျောင်းသူကျောင်းသားတွေအတွက် ၂နာရီ လောက်ဟောပြောတာကို အခု ၃ မိနစ်တည်းနဲ့ပဲ တင်ပြမှာပါ။ ကျွန်တော် TED ကို တစ်နေ့လေယာဉ်နဲ့အလာမှာ ဒါစတင်ခဲ့ပါတယ် လွန်ခဲ့တဲ့ ၇နှစ်ကပါ။ ကျွန်တော့်ရဲ့ ဘေးထိုင်ခုံမှာ ဆယ်ကျော်သက် အထက်တန်းကျောင်းသူတစ်ယောက် ထိုင်ပါလာပါတယ်။ ဆင်းရဲတဲ့မိသားစုမှ ဆင်းသက်လာခဲ့သူပါ။ သူမဟာ သူမဘဝအတွက် တခုခုလုပ်ချင်လို့ မေးခွန်းရှင်းရှင်းလေးတစ်ခု ကျွန်တော့်ကိုမေးခဲ့တယ်။ သူမမေးတာက "အောင်မြင်မှုဆီကို ဘယ်လိုသွားနိုင်မလဲ?" ကျွန်တော် တကယ့်ကို စိတ်မကောင်းဖြစ်သွားတယ်။ သူမအတွက် အဖြေကောင်းကို ကျွန်တော်မပေးနိုင်ခဲ့ဘူး။ ဒါနဲ့ကျွန်တော် လေယာဉ်ပေါ်ကဆင်းပြီး TED ကိုလာခဲ့တယ်။ ပြီးတော့ "အင်း၊ ဒီအခန်းထဲမှာ အောင်မြင်တဲ့လူတွေနဲ့ ပြည့်နေပါကလား။ ဒါဆိုရင် သူတို့အောင်မြင်]ရေးကို ကူပေးခဲ့တာကို သူတို့ကိုပဲ မေးပြီး လူငယ်တွေကို လက်ဆင့်ကမ်းလိုက်ရင် မကောင်းဘူးလား? အခု ၇နှစ် နဲ့ အင်တာဗျူး ၅၀၀ ပြီးတဲ့ အချိန်မှာတော့ ကျွန်တော်ဟာ ဘာလုပ်ရင် အောင်မြင်မှု့ ကို သေချာပေါက် ရရှိမယ်ဆိုတာ နဲ့ TED ဝိုင်းတော်သားများရဲ့ ခံယူချက်များ ကိုတင်ပြမှာပါ။ ပထမဆုံး အချက်ကတော့ ဝါသနာပဲ။ Freeman Thomas ကပြောတယ် "ကျွန်တော်ကတော့ ဝါသနာပါ မှ စိတ်ပါတယ်။" TED ဝိုင်းတော်သားများက ငွေအတွက် အလုပ်လုပ်တာ မဟုတ်ပါဘူး။ Carol Coletta ကပြောတယ် "ကျွန်မလုပ်တာကို လုပ်ပေးဖို့ ကျမတစ်ယောက်ယောက်ကို ပိုက်ဆံပေးရပါမယ်။" စိတ်ဝင်စားစရာ ကောင်းတာကတော့ ဝါသနာပါလို့ တစ်ခုခုကို အမြတ်တနိုးလုပ်ပေးရင် ပိုက်ဆံရမှာပဲ။ ကြိုးစားလုပ်ပါ! Rupert Murdoch က ကျွန်တော့်ကိုပြောဖူးတယ် "အလုပ်ကို ပင်ပင်ပမ်းပမ်း လုပ်ရတယ်၊ လွယ်လွယ်ရတာ ဘာမှမရှိနိုင်ပါဘူး။ ဒါပေမဲ့ အရမ်းပျော်စရာကောင်းတယ်။ ပျော်စရာကောင်းတယ်တဲ့? Rupert? ဟုတ်ပါ့ဗျာ။ TED ဝိုင်းတော်သားတွေ အလုပ်လုပ်ရတာကို ပျော်ကြတယ်။ အလုပ်ကို ကြိုးစားလုပ်ကြတယ်။ ကျွန်တော်နားလည်လိုက်တာက သူတို့ဟာ အလုပ်စွဲနေကြသူတွေ မဟုတ်ပဲ အလုပ်ကို ပျော်စရာ လုပ်ပစ်လိုက်ကြသူတွေဖြစ်ကြပါတယ်။ ကောင်းပါပြီ! Alex Garden ကပြောပါတယ် "အောင်မြင်ချင်ရင် တစ်ခုခုကို စူးစူးစိုက်စိုက်လေ့လာပါ၊ ပြီးတော့ အဲဒါကို အရမ်းကောင်းအောင် လုပ်ပြပါ။ ဥုံဖွဆိုပြီး ဆိုရုံနဲ့ ရတာမရှိပါဘူး၊ လေ့ကျင့်၊ လေ့ကျင့်၊ လေ့ကျင့်ပါ။ နောက်ပြီးတော့ အာရုံစွဲမြဲမှု! Norman Jewison က ကျွန်တော့်ကိုပြောဖူးတယ်၊ "ကျွန်တော်ကတော့ အလုပ်တစ်ခုမှာ အာရုံစိုက်လုပ်ဖို့ အရေးအကြီးဆုံး လို့ထင်ပါတယ်။" တွန်းပေးပါ! David Gallo ပြောတာကတော့ "ကိုယ့်ကိုယ်ကို တွန်းပေးပါ။" ကိုယ်ရောစိတ်ပါ တချိန်လုံး တွန်းပေးဖို့လိုတယ်ဗျ။" ရှက်ကြောက်စိတ် နှင့် ကိုယ့်ကိုယ်ကို မယုံကြည်မှုတို့ကို လုံးဝဖယ်ရှားရမယ်။ Goldie Hawn ကတော့ "ကျွန်မ တချိန်လုံး ကိုယ့်ကိုယ်ကို ယုံကြည်မှု မရှိခဲ့ဘူး။" ကျွမ်းကျင်မှု နည်းသေးတယ်၊ သိပ်မတော်ဘူးလို့ထင်ခဲ့တယ်။ ကျမအောင်မြင်မယ်လို့လဲ ဘယ်တုန်းကမှ မထင်ခဲ့ပါဘူး။" တကယ်တော့ ကိုယ့်ကိုယ်ကို တချိန်လုံး တွန်းပေးရေးဟာ မလွယ်တာကို ပြောချင်ပါတယ် အဲဒါကြောင့်မို့လို့ မိခင်များဆိုတာကို တီထွင်ပေးခဲ့ရပါတယ်။ (ရယ်သံများ) Frank Gehry -- Frank Gehry ကျွန်တော့်ကိုပြောဖူး တာကတော့ "ကျွန်တော့်အမေက ကျွန်တော့်ကို တွန်းပေးလာခဲ့ပါတယ်။" အကျိုးဆောင်ရမယ်! Sherwin Nuland ကပြောပါတယ် "ဆရာဝန်တစ်ယောက် အနေနဲ့ အများအကျိုးဆောင်ပေးရတာကို ဂုဏ်ယူမိပါတယ်။" သန်းကြွယ်သူဌေးဖြစ်ချင်တယ်လို့ အခုခေတ် ကလေးတွေက ကျွန်တော့်ကိုပြောပါတယ်။ ကျွန်တော်က သူတို့ကို စကားစပုံက "ကောင်းပြီ၊ မင်းတို့ ကိုယ့်အကျိုးကို မဆောင်နိုင်ကြဘူး ဆိုတော့၊ သူများအတွက် တန်ဖိုးရှိတာ တစ်ခုခု အကျိုးဆောင်ပေးရမယ်။ လူတွေ ချမ်းသာလာကြတာ အဲဒီလိုနည်းနဲ့မို့လို့ ဖြစ်ပါတယ်။" စိတ်ကူးအကြံများ။ TED အဖွဲ့ဝင် Bill Gates ပြောတဲ့စကားအရ "ကျွန်တော် အကြံတစ်ခု ရှိခဲ့ပါတယ် ပထမဦးဆုံး micro-computer software ကုမ္ပဏီ ကို တည်ထောင်ဖို့ပါ။" အတော့်ကိုကောင်းတဲ့ အကြံတစ်ခုဘဲလို့ ကျွန်တော်ပြောချင်ပါတယ်။ ပြီးတော့ အကြံဉာဏ်ကောင်း ရှာကြံရာမှာ ဖြတ်လမ်း မရှိပါဘူး။ ရိုးရိုးလေးအချက်များကို ကြိုးပမ်းအားထုတ်သွားရန်သာ လိုတာပါ။ ပြီးတော့ ကျွန်တော်ဆီမှာ သာဓကတွေ အများကြီးကို ပေးပါတယ်။ ဇွဲနဘဲရှိရမယ်။ Joe Kraus ပြောတာကတော့ "မရမနေ ဇွဲနဲ့ လုပ်ကိုင်ခြင်းဟာ ကျွန်တော်တို့အောင်မြင်မှု့များရဲ့ အဓိက အချက်တစ်ခုပါ"။ မအောင်မြင်မှုတွေ၊ စိတ်ညစ်စရာတွေကို အံတုပြီး ဇွဲနဲ့ ကျော်ဖြတ်ရမယ်!™ အဲဒါကတော့ ရှုံ့ချမှုတွေ၊ ပယ်ချခံရမှုတွေ၊ စိတ်အနှောင့်အယှက်ပေးတဲ့လူတွေ နဲ့ စိတ်ဖိစီးမှုတွေ ပါဘဲ။ (ရယ်သံများ) ဒီတော့ကား အရေးကြီးဆုံး အဖြေက သိပ်လွယ်ပါတယ်- ဒေါ်လာ ၄၀၀၀ ပေးပြီး TED ကိုလာခဲ့။ အဲဒီလို မလုပ်နိုင်ရင် ကျွန်တော်ပြောတဲ့ အချက်ရှစ်ချက်ကိုလုပ်ပါ၊ ကျနော်ပြေတာကို ယုံပါ၊ ဒါတွေဟာ အောင်မြင်မှု့ဆီကို အရောက်ပို့ပေးကြမဲ့ အရေးကြီးဆုံး ရှစ်ချက်ပါပဲ။ တွေ့ဆုံမေးမြန်းခံခဲ့ကြတဲ့ TED ဝိုင်းတော်သားများအားလုံးကို ကျေးဇူးတင်ပါတယ်။
About The Speaker
A self-described average guy who found success doing what he loved, Richard St. John spent more than a decade researching the lessons of success -- and distilling them into 8 words, 3 minutes and one successful book.
Full bio and more links
About This Talk
လူတွေ အောင်မြင်ကြတာ ဘာကြောင့်လဲ? တော်လို့လား? ကံကောင်းလို့လား? မဟုတ်ပါဘူး။ Richard St. John ဟာ နှစ်ပေါင်းများစွာကြာ တွေ့ဆုံမေးမြန်းခဲ့တာတွေကို အကျဉ်းချုပ်ပြီး အောင်မြင်မှု ၏ လှို့ဝှက်ချက်များကို ၃ မိနစ် စလိုက်(ဒ်)ရှိုး အဖြစ် တင်ပြထားပါသည်။
Translated into Burmese (Myanmar) by Thet Soe
Comments? Please email the translators above.
What to Watch Next
Subscribe to TED
Related Themes And Tags
We want you to share our Talks!
Just follow the guidelines outlined under our Creative Commons license.

Email This



This comment will be attributed to . Not ? Sign out.